အရေးကြီးတဲ့ အချက်အလက်တွေ မှတ်သား၊ စီမံနိုင်ဖို့ အထောက်အကူဖြစ်တဲ့ application, Evernote

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Evernote က user တွေ အရေးကြီးတဲ့ အချက်အလက်တွေကို မှတ်သားစီမံနိုင်ဖို့နဲ့ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ရာ အကူအညီပေးတဲ့ note မှတ်ယူလို့ရတဲ့ application တစ်ခု ဖြစ်ပါတယ်။ Evernote မှာဆိုရင်

1. Note Taking – Evernote မှာ users တွေက စာသားတွေ၊ အသံဖိုင်တွေ၊ ပုံတွေ၊ web clippings နဲ့ PDF အပါအဝင် note တွေကို format အမျိုးမျိုးနဲ့ ဖန်တီးသိမ်းဆည်းနိုင်ပါတယ်။

2. Organization – users တွေက သူတို့ရဲ့ note တွေကို notebook တွေ အဖြစ် စုစည်းနိုင်ပြီးတော့ ဒီ note တွေကို အလွယ်တကူ ပြန်လည်ရှာဖွေနိုင်ဖို့ရာအတွက် tag တွေကို အသုံးချပြီး အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်နိုင်ပါတယ်။

3. Synchronization – Evernote မှာ အသုံးပြုသူရဲ့ account နဲ့ ချိတ်ဆက်ပြီးတော့ စက်ပစ္စည်းတွေအားလုံးမှာ data တွေကို အလိုအလျောက် sync လုပ်နိုင်ပါတယ်။

4. Collaboration – Evernote မှာ user တွေက မှတ်သားထားတဲ့ note တွေကို တခြားသူတွေနဲ့ မျှဝေလို့ ရပါတယ်။

5. Platform Availability – Evernote မှာ Windows နဲ့ macOS အတွက် desktop apps အပြင် iOS နဲ့ android အတွက် mobile apps တွေလည်း ရှိကြပါတယ်။

Evernote ရဲ့ အခမဲ့ဗားရှင်းမှာတော့ note တွေကို sync လုပ်နိုင်တဲ့ devices အရေအတွက် ကန့်သတ်ချက်တွေ၊ storage space ကန့်သတ်ချက်တွေနဲ့ တချို့ features တွေကို အသုံးပြုခွင့်မပေးတာမျိုးတွေ ရှိပါတယ်။

Related