Teala ဟာ တည်တည်ငြိမ်ငြိမ်လမ်းလျှောက်နိုင်တဲ့၊ ပစ္စည်းတွေ ကိုင်နိုင် ကောက်နိုင်တဲ့၊ အရာဝတ္ထုတွေကို သိမြင်နိုင်တဲ့ စက်ရုပ်အသစ်တွေကို မကြာသေးခင်က ချပြသွားပါတယ်။ ထိုအရာတွေကို Tesla ရဲ့ CEO ဖြစ်သူ Elon Musk က သူ့ရဲ့ shareholder meeting event မှာ video တစ်ခုနဲ့ ချပြသွားတာပါ။
ထို video ထဲမှာ Tesla စက်ရုပ်တွေရဲ့ သိသိသာသာပြောင်းလဲမှုတွေကို မြင်တွေ့ရပြီး ပိုတိုးမြှင့်ထားတဲ့ မော်တာလိမ်အားထိန်းချုပ်စနစ်တွေ၊ လူတွေရဲ့ ရွေ့လျားပြုလုပ်ပုံတွေနဲ့ လေ့ကျင့်ထားတဲ့ AI တွေ၊ အရာဝတ္ထုတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်းတွေ စတာတွေကို ပြသခဲ့ပြီး အဓိကအကျဆုံးကတော့ လူပုံစံစက်ရုပ်တွေဟာ Tesla ဝန်ထမ်းတွေရဲ့ အထိန်းအကွပ်မရှိပဲ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်ပြနိုင်သွားတာပါ။
ပြသမှုတစ်ခုမှာဆို Tesla စက်ရုပ်ဟာ ထည့်စရာ အကန့်တစ်ခုမှ ပစ္စည်းတစ်ခုကို နောက်တစ်အကန့်ထဲသို့ ထည့်ပြသွားပြီး ဒါဟာ နောက်ပိုင်းမှာ အလုပ်တစ်ချို့ကို လူကဲ့သို့ ပြုလုပ်နိုင်သွားမယ်ဆိုတာ ပြသသွားတာပါ။ ဒီလိုလုပ်နိုင်ခြင်းဟာ လူက ရှေ့ကနေ တစ်ခုခုလုပ်ပြခြင်းဖြင့် စက်ရုပ်ကို AI နဲ့ လေ့ကျင့်ပေးနိုင်သွားမယ်လို့ ဆိုလိုတာပါ။
October 2022 တုန်းက Tesla ဟာ လူပုံစံစက်ရုပ်တွေကို စတင်ပြသခဲ့သေးပြီး စက်ရုပ်တွေဟာ လမ်းတောင် ဖြောင့်အောင် မလျှောက်နိုင်ခဲ့ပါဘူး။ နောက်စက်ရုပ်တစ်မျိုးလည်း ပြသခဲ့သေးပြီး မတ်တပ်ရပ်ဖို့တောင် Tesla ဝန်ထမ်းတွေရဲ့ အထိန်းအကွပ်လိုခဲ့တာပါ။
Tesla ရဲ့ တိုးတက်ပြောင်းလဲလာမှုကို တွေ့ရှိခဲ့ကြပြီးနောက် အင်တာနက်အသုံးပြုသူတွေဟာ Tesla ရဲ့ ယခုလို အရေးပါတဲ့မှတ်ကျောက်ကို ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီး တစ်ချို့ကတော့ Tesla စက်ရုပ်တွေကို လမ်းပေါ်မှာတွေ့ရင် ရိုက်နှက်ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။
Twitter CEO ဖြစ်ခဲ့တဲ့ Elon Musk ရဲ့ May 11 ရက်နေ့က Twitter CEO အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာအပြီးမှာ ယခုလိုပြသမှုကို ပြုလုပ်ခဲ့တာပါ။ Elon Musk ဟာ Twitter ရဲ့ executive chair and chief technology officer အဖြစ် ရာထူးပြောင်းလဲလိုက်ပြီး ထုတ်ကုန်တွေ softwares တွေနဲ့ system operations ပိုင်းတွေကိုပဲ အဓိက အာရုံစိုက်သွားမယ်လို့ ဆိုထားပါတယ်။
Twitter ရဲ့ CEO နေရာကို Linda Yaccarino က ပြောင်းလဲ နေရာယူသွားမှာဖြစ်ပြီး Elon Musk ဟာ Twitter ကို “X, The Everything App” အဖြစ် ပြောင်းလဲနိုင်ဖို့အတွက် Yaccarino နဲ့ အတူပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။
Reference : “Tesla updates AI-trained robot army, takes new bots for a walk” by Cointelegraph