လက်ရှိကလေးမရှိသေးတဲ့ သူတွေကို ကလေးမယူသေးဘဲ ခဏတန့်ထားဖို့ သတိပေးလိုက်တဲ့ AI Expert

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

AI expert နဲ့ Google X ရဲ့ chief business officer ဟောင်းဖြစ်သူ Mo Gawdat ဟာ မြန်မြန်ဆန်ဆန်မြင့်တက်လာတဲ့ AI ကြောင့် လက်ရှိကလေးမရှိသေးတဲ့ သူတွေကို ကလေးမယူသေးဘဲ ခဏတန့်ထားဖို့ သတိပေးလိုက်ပါတယ်။

AI ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်က အရမ်းဆိုးတာကြောင့် မိဘမဖြစ်သေးသူတွေ ကလေးမယူသင့်သေးဘူးလို့ the Diary of a CEO podcast မှာ host ဖြစ်သူ Steven Bartlett ကို ပြောခဲ့ပါတယ်။

ယခုလို နည်းပညာလုပ်ငန်းပိုင်းကျွမ်းကျင်သူတွေမှ သတိပေးတာမျိုးဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ယခုနှစ်ထဲမှာပဲ Elon Musk နဲ့ Apple co-founder Steve Wozniak တို့ကလည်း လုပ်ငန်းပိုင်းတွေနဲ့ အသုံးပြုသူတွေ နောက်ဆုံးပေါ်နည်းပညာတွေကို အမီလိုက်နိုင်ဖို့အတွက် developers တွေကို AI ထုတ်လုပ်မှု ၆ လတာ ရပ်တန့်ထားပေးဖို့ စာတမ်းကိုလည်း လက်မှတ်ဝင်ထိုးသွားကြပါသေးတယ်။

The Centre for AI Safety ကနေလည်း AI ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ မျိုးသုဉ်းပျောက်ကွယ်မှုကို လျော့ပါးလာအောင်ပြုလုပ်မှုကို pandemics တွေ၊ nuclear စစ်ပွဲတွေကဲ့သို့ တစ်ကမ္ဘာလုံးအတိုင်းအတာ ဘေးအန္တရာယ်အဖြစ် သတ်မှတ်သင့်ကြောင်းလည်း ကြေညာချက်တစ်ခု ထုတ်ထားပါသေးတယ်။

ယခုလူသိများရေပန်းစားနေတဲ့ ChatGPT ကို ထုတ်လုပ်တဲ့ OpenAI ကုမ္ပဏီရဲ့ CEO ဖြစ်သူ Sam Altman ကပါ AI ဟာ သက်ရှိဖြစ်တည်မှုတွေအတွက် ဘေးအန္တရာယ်ဖြစ်လာနိုင်ကြောင်း သတိပေးထားပါပြီ။

Gawdat ကတော့ AI ဖြစ်လာနိုင်တဲ့အခြေအနေကို Blade Runner ရုပ်ရှင်လိုမျိုး ဖြစ်လာနိုင်တယ်လို့ပါ နှိုင်းယှဉ်နေပါပြီ။ ယခုလို Economic, geopolitical, global warming, climate change, the whole idea of AI စတဲ့ မသေချာမရေရာတဲ့ အရာတွေချည်းစုနေတဲ့ ပြဿနာပေါင်းစုံဖြစ်ပေါ်နေပုံဟာ လူ့သမိုင်းတစ်လျှောက်လုံးမှာ မရှိခဲ့သေးဘူးလို့ပါပြောခဲ့ပြီး ကလေးတွေကို တကယ်ချစ်တယ်ဆိုရင် ယခုလို ရှုပ်ထွေးနေတဲ့ လောကကြီးထဲကို ခေါ်လာဦးမှာလားလို့ပါ မေးခဲ့တာပါ။

“ကျွန်တော့် လုပ်သက်တစ်လျှောက်လုံး နည်းပညာရဲ့ အကျိုးသက်ရောက်မှုတွေအပေါ် စိတ်ဝင်စားခဲ့ပြီး လူသားတွေရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဟာ ကျွန်တော်‌တို့ မျက်စိရှေ့မှောက်ကို ယခုရောက်ရှိလာပြီ” လို့ ထို podcast မှာ ပြောကြားသွားပါတယ်။

Reference: ‘Hold off from having kids if you are yet to become a parent,’ warns AI expert Mo Gawdat by EuroNews

Related