“Digital Business တခုစတင်ဖို့ ဒီ (၄)ချက်ကိုလေ့လာပါ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အွန်လိုင်းပေါ်ကနေ စီးပွားရေးလုပ်ချင်တယ်၊ Digital Product တွေထုတ်ချင်တယ် ဆိုတဲ့သူတွေအတွက် လေ့လာထားရမယ့် အကြောင်းအရာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Digital Business Model တွေကိုလေ့လာပါ။ ဘယ်လိုဝန်ဆောင်မှုကိုရောင်းမှာလဲ၊ Customers တွေရဲ့ပြဿနာကိုဘယ်လောက်ထိ ဖြေရှင်းပေးနိုင်လဲ၊ ဘယ်သူတွေကိုရောင်းမှာလဲ၊ ဘယ်လိုချယ်နယ်တွေကနေရောင်းမှာလဲစတဲ့အခြေခံအကြောင်းအရာတွေကိုလေ့လာရပါမယ်။

၂။ Digital Marketing ပညာရပ်ကိုလေ့လာပါ။ လုပ်ငန်းကြော်ငြာရာမှာ ထိရောက်စွာကြော်ငြာနိုင်ဖို့ ကြော်ငြာစာရေးနည်းတွေ၊ ဖြန့်ဝေနည်းတွေ၊ Content Marketing, Social Media Marketing, SEO တို့ကိုလေ့လာရပါမယ်။

၃။ Social Media Platforms တွေအကြောင်းလေ့လာပါ။ ပလက်ဖောင်းတခုနဲ့တခု အလုပ်လုပ်ပုံ၊ ကြော်ငြာပုံ၊ Conversion ပုံစံတွေမတူကြပါဘူး။ ဒီအတွက် ရောင်းချမယ့်ပလက်ဖောင်းတွေရဲ့ algorithms ကိုလေ့လာရပါမယ်။

၄။ Digital Literacy ကိုလေ့လာပါ။ နည်းပညာကိုအသုံးချပြီး စီးပွားရေးလုပ်ဖို့ဆိုရင် နည်းပညာပိုင်းဆိုင်ရာကဏ္ဍတွေမှာနားလည်ဖို့၊ တတ်ကျွမ်းမှုရှိဖို့ကလည်း လိုအပ်ပါတယ်။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related