Microsoft ဟာ ဗြိတိသျှ AI ဓာတ်ခွဲခန်း DeepMind ကို ပူးတွဲတည်ထောင်သူအား သူ့ AI ဌာနခွဲရဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ Mustafa Suleyman က 2010 ခုနှစ်မှာ Demis Hassabis နဲ့ Shane Legg တို့နဲ့အတူ DeepMind ကို ပူးပေါင်းတည်ထောင်ခဲ့ပြီး ကုမ္ပဏီကို 2014 ခုနှစ်မှာ £400 သန်းနဲ့ Google မှ ဝယ်ယူခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Google ရဲ့ AI ကြိုးပမ်းအားထုတ်မှုရဲ့ အဓိကအချက်အချာဖြစ်လာပြီး အခြားယူနစ်တစ်ခုနဲ့ ပေါင်းစည်းပြီးနောက် 2023 ခုနှစ်မှာ Google Deepmind ဆိုပြီး ဖြစ်လာခဲ့ပါတယ်။
Microsoft ရဲ့အမှုဆောင်အရာရှိချုပ် Satya Nadella က 2019 ခုနှစ်တုန်းက DeepMind က ထွက်ခွာခဲ့တဲ့ ဗြိတိန် AI ရှေ့ဆောင်က US ကုမ္ပဏီရဲ့စားသုံးသူထုတ်ကုန်များနဲ့ သုတေသနကိုအာရုံစိုက်တဲ့ Microsoft AI လို့ခေါ်တဲ့ အဖွဲ့အစည်းသစ်ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်လာမယ့်အကြောင်း ဘလော့ဂ်ပို့စ်မှာ ကြေငြာခဲ့ပါတယ်။ Sulyeman’s Inflection AI startup မှ ဝန်ထမ်းအများအပြားကလည်းအဲ့ဌာနခွဲမှာ ပါဝင်မှာဖြစ်ပါတယ်။
Microsoft က ChatGPT Chatbot ရဲ့ developer ဖြစ်တဲ့ OpenAI မှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံတာကြောင့် hand written text prompts များမှ ယုံကြည်စိတ်ချရတဲ့ စာသား၊ ရုပ်ပုံ ဒါမှမဟုတ် အသံကို ချက်ချင်းထုတ်ပေးနိုင်တဲ့ Generative AI မှာ ထိပ်တန်းကစားသမားဖြစ်လာပါတယ်။
Nadella က “ကျွန်တော် Mustafa ကို နှစ်အတော်ကြာ သိကျွမ်းခဲ့ပြီး DeepMind နဲ့ Inflection နှစ်ခုလုံးကို တည်ထောင်သူအဖြစ်၊ အမြော်အမြင်ရှိတဲ့၊ ထုတ်ကုန်ထုတ်လုပ်သူနဲ့ ရဲရင့်တဲ့ မစ်ရှင်တွေကို လုပ်ဆောင်တဲ့ ရှေ့ဆောင်အဖွဲ့တွေကို တည်ဆောက်သူအဖြစ် သူ့ကို အရမ်းချီးကျူးခဲ့ပါတယ်” လို့ အားပေးပြောဆိုထားပါသေးတယ်။
ဌာနခွဲအသစ်က Copilot chatbot နဲ့ နည်းပညာအရင်းခံ ChatGPT ကိုအသုံးပြုထားတဲ့ Bing browser လိုမျိုး Microsoft ရဲ့ စားသုံးသူ AI ကြိုးပမ်းမှုတွေကို ပေါင်းစပ်ထားပါတယ်။ Copilot က AI ကြိုးပမ်းမှုများမှ ဝင်ငွေရရှိရန် ကြိုးစားနေတဲ့ Microsoft ရဲ့ ကြိုးပမ်းအားထုတ်မှုများထဲမှာ အချက်အချာတစ်ခုအဖြစ်ရှိနေပြီး အီးမေးလ်များရေးသားခြင်းနဲ့ စာရွက်စာတမ်းများကို အကျဉ်းချုံ့ကာ တင်ဆက်မှုများ ပြုလုပ်နိုင်ပါတယ်။ Nadella က “ဒီစွမ်းရည်အသစ်က ကျွန်တော်တို့ရဲ့ အရှိန်အဟုန်ကို ထပ်ပြီးအရှိန်မြှင့်နိုင်စေမှာပါ” လို့ ရေးသားခဲ့ပါတယ်။
Suleyman နဲ့ Microsoft ဘုတ်အဖွဲ့ဝင် Reid Hoffman တို့နဲ့အတူ Inflection AI ကို ပူးတွဲတည်ထောင်ခဲ့သော Karen Simonyan ဟာ ခေါင်းဆောင်သိပ္ပံပညာရှင်ကြီးအဖြစ် ယူနစ်အသစ်မှာ ပါဝင်မှာလည်း ဖြစ်ပါတယ်။ Google ဟာသူ့ရဲ့ AI ဆိုင်ရာ ကြိုးပမ်းမှုတွေကို တိုးချဲ့လျက်ရှိပါတယ်။ Apple ဟာ Google ရဲ့ Gemini AI ထုတ်ကုန်ကို iPhone မှာ တည်ဆောက်ရန် ဆွေးနွေးနေပြီဖြစ်ကြောင်း Bloomberg သတင်းက တနင်္လာနေ့တုန်းကဖော်ပြခဲ့ပါသေးတယ်။
Microsoft မှ $1.3 billion နဲ့ chipmaker Nvidia မှ $4 billion ရရှိခဲ့ပြီးနောက် genAI ပြိုင်ပွဲမှာ Inflection AI က အမြင့်မားဆုံးသော နာမည်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ဆီးရီးယားဖခင်နဲ့ အင်္ဂလိပ်မိခင်မှ မြောက်လန်ဒန်မှာ မွေးဖွားခဲ့သော Suleyman ဟာ မကြာသေးမီက Coming Wave ဆိုတဲ့ AI နဲ့ ပတ်သက်တဲ့စာအုပ်ကိုထုတ်ဝေခဲ့ပြီး နည်းပညာရဲ့ အလားအလာကောင်းများကို ဖော်ပြကာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေလည်း ရှိလာနိုင်ကြောင်း ရေးသားထားပြီး AI ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သုတေသီ အရေအတွက် သိသိသာသာ တိုးမြှင့်လာရန်လည်း သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်က Guardian နဲ့ အင်တာဗျူးတစ်ခုမှာ Sulyeman က ထိုစာအုပ်ကို “provocation” တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ “ကျွန်တော်လုပ်နေတာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်က တစ်ခုခုကို ခန့်မှန်းနေတာလို့ ကျွန်တော်ထင်ပါတယ်။ “လူတော်တော်များများက ဘယ်အရာမဆို့ ခန့်မှန်းရဲတဲ့ သတ္တိမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်မှားမယ်လို့တော့မထင်ဘူး ဒါပေမဲ့ ကြားထဲမှာ အချိန်ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
Reference: Microsoft hires DeepMind co-founder to lead new AI division by TheGuardian