“Cybersecurity ဆိုတာဘာလဲ၊ ဘယ်မှာလေ့လာရမလဲ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

စီးပွားရေးလုပ်ငန်းတွေအတွက် Cybersecurity ဆိုတာ အင်မတန် အရေးကြီးပါတယ်။ Cybersecurity ဆိုတာ ကုမ္ပဏီလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့‌ ဒေတာအချက်အလက်တွေ၊ အကြောင်းအရာတွေကို ပြင်ပဆီပေါက်ကြားတာ၊ ခိုးယူခံရတာ၊ ဖျက်ဆီးပစ်ခံရတာ၊ ဝင်ရောက်နှောက်ယှက်ခံရတာတွေ မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက်ပါ။

ဘယ်လိုကာကွယ်မှုတွေပေးနိုင်လဲဆိုရင် ___

▪️ကုမ္ပဏီရဲ့ဒေတာတွေလုံခြုံဖို့ – ကုမ္ပဏီရဲ့အရေးကြီးတဲ့ အချက်အလက်တွေမပေါက်ကြားစေဖို့၊ ပြင်ပတဦးတယောက်ကနေ ဝင်ရောက်ခိုးယူတာတွေမဖြစ်စေဖို့။

▪️ငွေကြေးဆုံးရှုံးမှုတွေမဖြစ်စေဖို့ – ဒေတာတွေခိုးယူရာမှတဆင့် နောက်ဆက်တွဲပြဿနာတွေကတော့ ငွေ‌ကြေးဆုံးရှုံးနစ်နာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ပြောရရင်တော့ ကိုယ့် Client တွေရဲ့ဒေတာတွေခိုးယူတာ၊ Marketing Plan တွေသတင်းနှိုက်သွားတာမျိုးပေါ့။ ဒီလိုကိစ္စရပ်တွေ မဖြစ်စေဖို့။

▪️ကုမ္ပဏီထိခိုက်နစ်နာမှုတွေမဖြစ်စေဖို့ – နောက်ဆက်တွဲအနေနဲ့ Client တွေရဲ့ယုံကြည်မှုပျက်ပြားတာ၊ ကုမ္ပဏီနာမည်အလွဲသုံးစားလုပ်ခံရတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ရေရှည်စီးပွားရေးထိခိုက်မှုတွေမဖြစ်စေဖို့။

Cybersecurity ကိုဒီ့ထက် အသေးစိတ်ကျကျလေ့လာဖို့၊ ပညာရပ်တခုအနေနဲ့ အသုံးချနိုင်ဖို့ ဝဘ်ဆိုက်တွေကိုလည်း တခါတည်းဖော်ပြပေးလိုက်ပါတယ်။ အဲဒီ ဝဘ်ဆိုက်တွေကနေ Certificate တွေလည်းယူထားနိုင်ပါလိမ့်မယ်။

EC-Council
—————
https://codered.eccouncil.org/course/ethical-hacking-essentials

Google Cybersecurity
—————
https://www.coursera.org/professional-certificates/google-cybersecurity

လင့်တွေကိုနှိပ်လိုက်တာနဲ့ Online Course တွေထဲကိုရောက်သွားပါလိမ့်မယ်။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related