GitHub က GPT 4 ကိုအသုံးပြုထားတဲ့code completion platform တစ်ခုဖြစ်တဲ့ Copilot ကို coding ပရောဂျက်တစ်ခုရဲ့အစကနေပြီးဆုံးတဲ့အထိတလျှောက် လုံးမှာပါ coding ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်ဖို့ရာ ကြံရွယ်နေပါတယ်။
ကုမ္ပဏီက GitHub Copilot Workspace ဟာ engineers တွေနဲ့ developers တွေ code ကို နားလည်အောင် ဖတ်ဖို့ရာ အချိန်ကို လျှော့ချနိုင်ဖို့နဲ့ ပရောဂျက်အသစ်တစ်ခု ဘယ်လိုစတင်ရမယ်ဆိုတာ အကြံဉာဏ်ပေးနိုင်တဲ့ ဝန် ဆောင်မှုအသစ်ဖြစ်ကြောင်းကို ကြေငြာထားပါတယ်။ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်ကြည့်ရှူဖို့အတွက် workspace ကို စာရင်းပေးထားတဲ့ developers တွေပဲ အသုံးပြုနိုင်ပြီးတော့ စမ်းသပ်တဲ့အဆင့်ပြီးရင်တော့ ဒီ workspace ကို ပိုပြီး ကြီးတဲ့ GitHub Copilot နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Copilot Workspace က GitHub repositories တွေနဲ့ library တွေမှာပါ ပါဝင်လာမှာပါ။ developers တွေက ပရောဂျက်နဲ့ ပတ်သက်ပြီး ဘာတွေဖန်တီးချင်တယ်ဆိုတာကို prompts တွေသုံးပြီး workspace မှာ ဖော်ပြနိုင်မှာပဲ ဖြစ်ပါတယ်။
prompts ရဲ့ ဖော်ပြချက်အရ ပရောဂျက်တစ်ခုကို ဘယ်လို စရမယ်၊ တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အကြံဉာဏ်တွေ ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေက အကြံဉာဏ်တွေကို ပြန်လည်ပြုပြင်လို့ ရပြီး မိမိ လိုချင်တဲ့ ပုံစံမျိုး ရတဲ့အခါ code ကို run ကြည့်လို့ ရပါတယ်။ code ရေးတဲ့နေရာမှာလည်း Copilot ဆီကနေ အကူအညီယူလို့ ရပါသေးတယ်။ ဒီလိုနည်းနဲ့ မိမိ project ပြီးဆုံးတဲ့အထိ Copilot က အကူ အညီပေးနေမှာပါ။
GitHub Next ရဲ့ အကြီးအကဲ ဖြစ်တဲ့ Jonathan Carter က ပရောဂျက်တစ်ခုရဲ့ အလယ်ပိုင်းလောက်မှာ Copilot ရဲ့ အသုံးဝင်ပုံကို customers တွေဆီကနေ ကြားသိခဲ့ရကြောင်းနဲ့ project ရဲ့ အစမှာတော့ သိပ်သဘောမတွေ့ကြကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပရောဂျက်တစ်ခုရဲ့အစမှာ Copilot ကိုထည့်သွင်းခြင်းအားဖြင့် developer တွေက code နဲ့ documentation တွေကို ဖတ်ရှုရတဲ့အချိန်လျှော့ပြီး coding အတွက် အချိန်ပိုရစေပါတယ်။
Copilot Workspace က code အဟောင်းတွေကို ပြန်လည်သုံးသပ်တဲ့နေရာမှာလည်း developers တွေအတွက် အကူအညီရစေပါတယ်။ code base တစ်ခုလုံးကို အလွယ်တကူ scan ဖတ်နိုင်ပြီးတော့ သက်ဆိုင်ရာ code base ရဲ့ documentation တွေကို လူသားတွေထက် ပိုမိုမြန်ဆန်စွာ နားလည်နိုင်လို့ပဲ ဖြစ်ပါတယ်။
GitHub ရဲ့ Copilot ကို မိတ်ဆက်ပြီးကတည်းက AI နယ်ပယ်မှာ models အသစ်တွေအတွက် စံနှုန်းတစ်ခုအနေနဲ့ ဖြစ်လာပါတယ်။ အသေးစား models တွေနဲ့ skillset ကို ကန့်သတ်ထားတဲ့ models တွေမှာတောင် data တွေကို အကျဉ်းချုပ်ပေးတာလိုမျိုး၊ လုပ်ငန်း ဆောင်တာတွေကို မှတ်စုပြုပေးတာလိုမျိုးနဲ့ code completion လိုမျိုး tasks တွေကို ကောင်းမွန်စွာ လုပ် ဆောင်နိုင်နေပါပြီ။
GitHub ရဲ့ ခေါင်းကိုင်ကုမ္ပဏီဖြစ်တဲ့ Microsoft ကနေလည်း code ရေးသားတဲ့ tasks တွေကို ဆောင်ရွက်နိုင်တဲ့ Phi-3 ကို မိတ်ဆက်ထားပါသေးတယ်။ ဒါ့အပြင် Meta လိုမျိုး Company တွေကနေလည်း coding ပရောဂျက်တွေအတွက် large language models တွေကို မိတ်ဆက်ထားကြပါတယ်။
Reference: GitHub Copilot can now help start a project with AI, not just complete it by TheVerge
AMC HACKS