ဒီနေ့မှာတော့ Content တစ်ပုဒ်ဖန်တီးတိုင်းမှာ ရှိသမျှအိုင်ဒီယာတွေအကုန်ထုတ်၊ Research တွေအားကောင်းမောင်းသန်ရှာရတဲ့ Content Writer တို့အတွက် အိုင်ဒီယာပိုင်းမှာ ကူညီပေးနိုင်မယ့် AI Tools အချို့ကိုမျှဝေပေးလိုက်ပါတယ်။
1.Google’s Gemini – Content Idea ထုတ်ဖို့ဖြစ်စေ၊ Research လုပ်ချင်တာ၊ Learning လုပ်ချင်တာဖြစ်စေ Google’s Gemini ကအဆင်ပြေပါတယ်။ သူ့ကို ညွှန်ရခြင်းအကြောင်းက ChatGPT လို Data Limited မဖြစ်တာကြောင့်ပါ။ တခုရှိတာက AI တွေမှာ Research လုပ်မယ်ဆိုရင်ဒေတာကန့်သတ်ချက်တွေရှိတတ်တာကိုတော့ သတိထားစေချင်ပါတယ်။
2.ChatGPT – Content Idea ထုတ်ဖို့၊ Learning လုပ်ဖို့၊ Content ရေးခိုင်းကြည့်ဖို့အတွက်ဆို ChatGPT ကိုချန်ခဲ့လို့တော့ မရဘူးပေါ့။ အခုနောက်ပိုင်းမှာ မြန်မာလိုပါ Generate လုပ်ပေးနေပြီဖြစ်ပြီး Language ပေါင်းများစွာကို အသုံးပြုနိုင်ပါတယ်။
3.Writesonic – Content ရှည်တွေကို အတိုချုံ့ပြန်ရေးခိုင်းတာ၊ ကြိုက်ရာခေါင်းစဥ်ကို လိုချင်တဲ့ Tone နဲ့ရေးခိုင်းတာမျိုးလုပ်ပေးနိုင်ပါတယ်။ Image generate လုပ်ပေးနိုင်တယ်။ သူ့မှာလည်း Chatting အတွက် Chatsonic ဆိုပြီးပါပါတယ်။
ဒီ Tools တွေဟာ 100% စိတ်ချပြီး အစားထိုးအသုံးပြုဖို့ မဟုတ်ပေမယ့် Content Writer တွေအတွက်အိုင်ဒီယာထုတ်ဖို့၊ ဒေတာရှာဖို့ ကူညီပေးနိုင်မှာတော့ သေချာပါတယ်။ လက်ရှိ Content Writer လုပ်နေတဲ့သူတွေအတွက် အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျာ။
AMC HACKS