ဒီနေ့တော့ Content Writer တွေအတွက် ဖုန်းထဲဆောင်ထားသင့်တဲ့ မဖြစ်မနေလိုအပ်မယ့် App တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ Content ရေးတိုင်းခေါင်းစားစရာတွေ လျှော့ချပေးနိုင်မယ့် App တွေပေါ့။
၁။ Myanmar Spelling(DMNL) – စာလုံးပေါင်းသတ်ပုံတွေကို ဝေခွဲရခက်နေတယ်၊ ရောနေတယ်ဆိုရင် ဒီ App ထဲမှာတိုက်စစ်ကြည့်လို့ရပါတယ်။ သူ့ထဲမှာ လေ့ကျင်ရန်မေးခွန်းတွေကိုလည်း စုစည်းပေးထားပါသေးတယ်။ စာလုံးပေါင်းမှန်မှ နေသာထိုင်သာရှိတယ်ဆိုတဲ့ Content Writer တွေအတွက် ဆောင်ထားသင့်တဲ့ App ပါပဲ။
၂။ Grammarly AI – ဒါကတော့ English Version အတွက်ပါ။ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါအမှားတွေကို ထောက်ပြပေးနိုင်မယ့် App ဖြစ်ပါတယ်။ English Content တွေရေးတဲ့အခါ မဖြစ်မနေလိုအပ်မှာပါ။
၃။ Evernote – မှတ်စု၊ အိုင်ဒီယာ၊ အရေးကြီးတဲ့အချက်အလက်တွေကို စနစ်တကျစုသိမ်းဖို့ရာအတွက်ပါ။ တော်တော်များများဖုန်းထဲမှာပါတဲ့ Note တွေက စာရေးလိုက်ရင် အဆင်မပြေတာ၊ Error ဖြစ်တာကခပ်များများမို့ သီးသန့် Note App တွေသုံးရတာပိုအဆင်ပြေပါတယ်။
၄။ Canva – Design Tool ဖြစ်ပေမယ့် Content Writer တွေနဲ့လည်း အကျွမ်းတဝင်ရှိထားသင့်တဲ့ App ဖြစ်ပါတယ်။ Content အတွက်လိုအပ်တဲ့ ဒီဇိုင်းအကြံဉာဏ်တွေပေးနိုင်ဖို့၊ ဒီဇိုင်းနဲ့ပတ်သက်တဲ့အခြေခံ Knowledge တွေကိုလေ့လာဖို့အတွက် မဖြစ်မနေလိုအပ်မယ့် Tool ဖြစ်ပါတယ်။
၅။ Chat GPT – အိုင်ဒီယာထုတ်ဖို့ မဖြစ်မနေလိုအပ်မယ့် App ဖြစ်ပါတယ်။ သိချင်တဲ့မေးခွန်းတွေ၊ Content Idea တွေကိုထုတ်ခိုင်းလို့ရပါတယ်။ Content Writer တွေအနေနဲ့ အိုင်ဒီယာပျောက်တာ ခဏခဏကြုံရတာမို့ မဖြစ်မနေဆောင်ထားသင့်တဲ့ App လေးပါပဲ။
အဆင်ပြေပါစေခင်ဗျာ။
AMC HACKS