ChatGPT ကြောင့် အလုပ်ခန့်အပ်နှုန်း လျော့ကျလာမှာလား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

US မှာ ရှိတဲ့ အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်အများစုက OpenAI ရဲ့ ChatGPT ကဲ့သို့ AI tools တွေဟာ သူတို့ရဲ့လက်ရှိ အလုပ်သမားတွေနေရာကို အစားထိုးလာလိမ့်မယ်လို့ မထင်ကြပေမယ့် ဒီ AI နည်းပညာကြောင့် အလုပ်သမားအနည်းငယ်သာ ခန့်အပ်ဖို့ လိုလာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

FreshBooks ရဲ့ ယခုအပတ်မှာထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၃ ပုံ ၂ ပုံသော အသေးစားလုပ်ငန်းပိုင်ရှင်တွေဟာ သူတို့ရဲ့ ကုမ္ပဏီတွေဟာ ဒီ AI tools တွေက အလုပ်သမားတွေနေရာအစားထိုးမယ်ဆိုတာကို သဘောမတွေ့ကြပါဘူး။ ဒါပေမယ့် ၄၄ ရာခိုင်နှုန်းသော သူတွေကတော့ AI ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကြောင့် အနာဂါတ်မှာ အလုပ်သမား ခန့်အပ်နှုန်း လျှော့ချလာနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ကြီးလေ၊ ထိုလုပ်ငန်းပိုင်ရှင်တွေက AI ကြောင့် အလုပ်သမားသစ် အနည်းငယ်သာ ခန့်အပ်ဖို့လိုတယ်ဆိုတာကို သဘောတူလေ ဖြစ်နေပါတယ်။

“အချက်အလက်တွေအရ လုပ်ငန်းကြီးပိုင်းတွေဟာ AI ကြောင့် လုပ်ငန်းငယ်တွေရဲ့ ဆန့်ကျင့်ဘက် ဘ‌ဘောထားဖြစ်တဲ့ အလုပ်သမားသစ်နည်းနည်းကိုပဲ ခန့်အပ်သွားလောက်မှာဖြစ်ပြီး ဒါဟာ သူတို့ရဲ့ ကုမ္ပဏီထဲမှာ ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်နေသလဲဆိုတာနဲ့ သူတို့ရဲ့ အလုပ်တွေက အိမ်တွင်းမှာပဲလုပ်ရတာလား၊ အပြင်မှာလုပ်ရတဲ့အလုပ်မျိုးတွေလား ဆိုတာတွေအပေါ် ထင်ဟပ်နေပါတယ်၊ လုပ်ငန်းကြီးတွေက အတိုင်းအတာနှုန်းထားတွေနဲ့ အလုပ်လုပ်တာကြောင့် သူတို့က ထိုနှုန်းထားကို လျှော့ချနိုင်မှာပါ၊ အလုပ်သမားအနည်းငယ်သာပါရှိတဲ့ လုပ်ငန်းငယ်တွေကတော့ Generative AI မျိုးတွေကို အားကိုးကာ တဖြည်းဖြည်းအကျိုးများ တိုးတက်လာအောင် လုပ်ဆောင်ကြပါလိမ့်မယ်၊ အသေးစားလုပ်ငန်းတွေကတော့ အလုပ်သမားအင်အားကို မလျှော့ချဘဲ အဖွဲ့အစည်းထဲမှာပဲ ထုတ်လုပ်မှုစွမ်းအားပိုတိုးလာအောင်၊ အချိန်လျှော့ချနိုင်အောင်၊ ဖန်တီးနိုင်စွမ်းမြင့်မားလာအောင် စတာတွေအတွက် AI ကို အားကိုးကြပါလိမ့်မယ်” လို့ FreshBooks မှ Chief Data Officer ဖြစ်သူ Mara Reiff ကတော့ Fox Business ကို ယခုလို ပြောကြားသွားပါတယ်။

AI tools တွေကို သုံးဖူးသူတွေရော မသုံးဖူးသူတွေပါ ရှိပေမယ့် ၈၀ ရာခိုင်နှုန်းသော အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကတော့ AI နဲ့ ပက်သက်ပြီး အတွင်းရေးကိစ္စတွေ၊ ကျင့်ဝတ်ပိုင်းတွေနဲ့ မူပိုင်ခွင့်ပိုင်းဆိုင်ရာတွေမှာ ပြဿနာတက်လာနိုင်မှာကို စိုးရိမ်နေကြပေမယ့်လည်း AI tools အသစ်တွေကိုတော့ စမ်းသုံးကြည့်ကြဖို့ ကြိုးစားနေကြပါတယ်။

စာရင်းကောက်ခံမှုမှာ ဖြေကြားခဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းကတော့ Generative AI tools တွေဖြစ်တဲ့ ChatGPT, Google ရဲ့ Barg နဲ့ Microsoft ရဲ့ Bing စတာတွေကို အသုံးပြုစမ်းသပ်နေကြပြီး နောက်နှစ်အတွင်းမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲကို ထို AI tools တွေ ထည့်သွင်းအသုံးပြုသွားဖို့ ကြိုးစားနေကြပါပြီ။ ၆၀ ရာခိုင်နှုန်းကတော့ နောက် ၅ နှစ်အတွင်းမှာ ဒီ AI tools တွေက သူတို့ရဲ့ လုပ်ငန်းတွေကို တဖြည်းဖြည်းပြောင်းလဲပေးသွားနိုင်မယ်လို့ ထင်ကြပါတယ်။

ယခုလက်ရှိ generative AI tools တွေ အသုံးပြုနေတဲ့ လုပ်ငန်းတွေက စာတွေထုတ်ဖို့ ပုံတွေပြုလုပ်ဖို့နဲ့ ယေဘုယျစီးပွားရေး သုတေသနတွေအတွက် အသုံးပြုနေကြပြီး AI tools တွေ မသုံးကြည့်ရသေးတဲ့လုပ်ငန်းတွေကတော့ သူတို့ရဲ့ လုပ်ငန်းတွေမှာ ဒီ tools တွေကို ဘယ်လိုသုံးရမှန်းမသိကြတာနဲ့ ဒီ tools တွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်မယ်ဆိုတာ မသိကြတဲ့သူတွေများပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် AI နည်းပညာတွေဟာ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေထဲမှာလည်း AI ကို တဖြည်းဖြည်း ထည့်သွင်းအသုံးပြုလာကြတော့မှာပါ။

နောက်ပိုင်းမှာ လုပ်ငန်းကြီးတွေရော လုပ်ငန်းငယ်တွေကပါ လူလုပ်တဲ့အလုပ်နဲ့ AI ကလုပ်တဲ့အလုပ် ဘယ်ဟာပိုကောင်းလဲဆိုတာမျိုးကို မျက်မြင်သိရှိလာကြတော့မှာဖြစ်ပြီး လူလုပ်တဲ့အလုပ်တွေအတွက် လစာပိုပေးမှာလားဆိုတာမျိုးကိုပါ လုပ်ငန်းတိုင်း ရင်ဆိုင်ဆုံးဖြတ်ရတော့မှာပါ။

Reference: ‘Will AI tools like ChatGPT lead to fewer hires? Large chunk of small business owners think so’ by Fox Business

Related