ChatGPT ကို ကျော်နိုင်ဖို့ ခြေလှမ်းကြီးကြီး လှမ်းနေတဲ့ Google’s Bard
March လတုန်းက Adobe ဟာ Google, Meta, Microsoft နဲ့ တခြား နည်းပညာကုမ္ပဏီကြီးများကဲ့သို့ AI လောကထဲကို ပါဝင်လာဖို့အတွက် Adobe Firefly ဆိုတဲ့ AI features တွေပါဝင်တဲ့ suite ကို မိတ်ဆက်ခဲ့ပါတယ်။ ထို suite ကို Adobe ရဲ့ Photoshop, After Effects နဲ့ Premiere Pro စတဲ့ Product တွေမှာ အသုံးပြုလို့ ရနိုင်ပြီး Photo, Video Editing တွေရဲ့ ငြီးငွေ့စရာကောင်းတဲ့ အလုပ်တော်တော်များများကို ဖယ်ရှားပေးဖို့အတွက် စိစဉ်ထုတ်လုပ်ထားတာပါ။
May 10 ရက်နေ့က ကျင်းပသွားတဲ့ Google I/O event မှာ Google နဲ့ Adobe တို့ဟာ Adobe Firefly နဲ့ Adobe Express Graphic suite တွေကို Google ရဲ့ Bard ထဲကို ပေါင်းစပ်သွားမယ်လို့ ကြေညာသွားခဲ့ပါတယ်။ ထိုသို့ ပေါင်းစပ်လိုက်ခြင်းဖြင့် Bard chatbot ထဲမှာပဲ အသုံးပြုသူတွေဟာ AI ပုံတွေ ထုတ်လုပ်နိုင်၊ ပြင်နိုင်၊ share နိုင်မယ်ဆိုပြီး ပြောကြားသွားခဲ့တာပါ။
အလုပ်လုပ်ပုံကတော့ Adobe Firefly ကနေ AI ပုံတွေ ထုတ်မယ်၊ Adobe Express နဲ့ ပြုပြင်ပြောင်းလဲနိုင်မယ်၊ အကုန်ပြုလုပ်ပြီးတာနဲ့ Bard ကနေတစ်ဆင့် Social Media ပေါ်ကို တစ်ခါတည်း ဖြန့်ဝေနိုင်ပါမယ်။ ထိုပုံတွေဟာ ယခု Firefly အသုံးပြုနေသူတွေ ရရှိနေတဲ့ high quality အထိ ရရှိနိုင်မှာဖြစ်ပြီး ထိုထုတ်လုပ်ပေးတဲ့ပုံတွေဟာလည်း public domain content တွေဖြစ်တဲ့ open license ပါရှိတဲ့ Adobe Stock Image တွေကနေ ထုတ်လုပ်ထားတာပါ။
ဒါ့အပြင် Google နဲ့ Adobe မှာ digital content creator တွေအတွက် AI ပန်းချီတွေ ပုံတွေဟာ သူတို့ရဲ့ လက်ရှိ ကိုယ်ပိုင် content စစ်မှန်မှုတွေကို မကူးယူနိုင်စေဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။ ထိုသို့လုပ်ဆောင်နိုင်ဖို့ Firefly ရဲ့ training data တွေမှာ မသုံးရဆိုတဲ့ စာရင်းမျိုးရှိနေမှာဖြစ်ပြီး ထိုစာရင်းထဲမှာ ကူးယူ အတုယူ ပုံဖော်နိုင်ခြင်းမျိုး မလုပ်နိုင်အောင် digital artists တွေရဲ့ ကိုယ်ပိုင် art style တွေကိုထည့်သွင်းထားတာပါ။ ဒါ့အပြင် ကြည့်ရှုသူတွေကိုလည်း AI နဲ့ ထုတ်ထားတာဟုတ်မဟုတ်၊ ထုတ်ထားတယ်ဆိုရင် ဘယ် modal သုံးပြီး ထုတ်ထားတယ်၊ စတဲ့ အချက်အလက်လေးတွေကိုလည်း ပါဝင်လာနိုင်အောင် လုပ်ဆောင်နေကြတာပါ
Bard အသုံးပြုနေသူတွေဟာ ထို features တွေကို သိပ်မကြာခင်မှာပဲ ကြိုတင်အသုံးပြုနိုင်မှာဖြစ်ပြီး Bard ကို ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချီခင်မှာ ဦးစွာ အသုံးပြုခွင့်ရကြမှာပါ။