“Chat GPT နဲ့ Gemini AI ဘယ်ဟာပိုကောင်းလဲ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Open AI ရဲ့ Chat GPT နဲ့ Google ရဲ့ Gemini မှာဘယ်ဟာပိုသုံးလို့ကောင်းလဲမေးလာရင်တော့ သူ့အားသာချက်နဲ့သူလို့ ဆိုရမှာပါပဲ။ အဲ့ဒီအစား သူတို့ Respond လုပ်ပုံ ကျနော်တို့ပြန်ရတဲ့ရလဒ်တွေဖြစ်တဲ့ မြန်နှုန်းအတိုင်း အတာ၊ ဒေတာထုတ်ပေးတဲ့ပုံစံ၊ စွမ်းဆောင်ရည်တွေကို အဓိကနှိုင်းယှဥ်ကြည့်ရအောင်..!

Speed – မြန်နှုန်းမှာဆိုရင် Gemini ထက် Chat GPT ကပိုမြန်ဆန်တယ်၊ Stability ကောင်းတယ်လို့ တော်တော်များများပြောကြတယ်။ ကျနော့်အထင်တော့ နှစ်ခုလုံးက‌ Smooth ဖြစ်ပါတယ်။

Data – ဒေတာမှာဆိုရင် Chat GPT ထက် Gemini ကပိုပြီး Information Up-to-date ဖြစ်တယ်လို့ဆိုတယ်။ ဒါကတော့ အမှန်ပါပဲ။ Chat GPT မှာထွက်လာတဲ့ဒေတာတိုင်းကို ယုံလို့မရဘူး။ တချို့ဒေတာတွေက Limit ဖြစ်နေတာကို စမ်းဖူးသူတိုင်း သိကြမှာပါပဲ။

Capabilities – စွမ်းဆောင်ရည်မှာ ယှဥ်ကြည့်ရရင် Chat GPT က Respond လုပ်တဲ့နေရာမှာ Human ဆန်တယ်၊ Powerful Language တွေရှိတယ်၊ Gemini မှာဆိုရင်တော့ Image တွေကို Free Generate လုပ်ပေးနိုင်တယ်၊ နောက်ထပ်ဆက်စပ်မှုရှိတဲ့ Data တွေကိုတခါတည်းထုတ်ပေးနိုင်တယ်။

ဒါဆိုရင် မိတ်ဆွေတို့ရော ဒီသုံးချက်ကို နှိုင်းယှဥ်ပြီးနောက်မှာ ဘယ်ဟာပိုကောင်းတယ်လို့ ခံစားမိကြလဲ?

Chat GPT လား (သို့) Gemini လား ?

AMC HACKS 

Related