Apple ဟာ သူ့ရဲ့ ဝန်ထမ်းတွေကို OpenAI ရဲ့ ChatGPT အပါအဝင် AI tools တွေ အသုံးပြုခွင့် ပိတ်လိုက်ပါတယ်။ ထိုသို့ ပိတ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ထိုစနစ်တွေထဲမှာ ထည့်မိပြီး ထိုအချက်အလက်တွေ ပေါက်ကြားရရှိကုန်ကြမှာစိုးလို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
Wall Street Journal ရဲ့ သတင်းပို့ချက်အရ Apple ဟာ သူ့ဝန်ထမ်းတွေကို GitHub ရဲ့ AI programming assistant ဖြစ်တဲ့ Copilot အသုံးပြုမှုအတွက်လည်း ကြိုတင် သတိပေးထားပါသေးတယ်။ Bloomberg သတင်းထောက်ဖြစ်သူ Mark Gurman ရဲ့ Twitter ပေါ်မှာ ChatGPT ဟာ Apple ရဲ့ ပိတ်ပင်ထားတဲ့ software တွေထဲ ပါဝင်နေတာ လပိုင်း ရှိနေပြီဖြစ်တယ်လို့ ပြောကြားထားပါတယ်။
Apple ဟာ အခုလို စိုးရိမ်မှုတွေအတွက်လည်း အကြောင်းပြချက်တွေရှိပါတယ်။ OpenAI ဟာ အသုံးပြုသူတွေနဲ့ ChatGPT ကြားမှာ ပြောထားသမျှကို အလိုအလျောက် သိမ်းထားပါတယ်။ သိမ်းထားတဲ့ အချက်အလက်တွေကို OpenAI ရဲ့ စနစ်တွေကို train ဖို့အတွက်သုံးပြီး စစ်ဆေးသူတွေကလည်း ထိုအချက်အလက်တွေကို ကုမ္ပဏီရဲ့ terms နဲ့ services တွေ ချိုးဖောက် မဖောက်စစ်ဆေးဖို့အတွက်လည်း ကြည့်ရှုလို့ရပါသေးတယ်။
OpenAI က April မှာ အသုံးပြုသူတွေကို chat history ပိတ်နိုင်တဲ့ feature ထည့်ပေးလိုက်ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ EU nations တွေက ကိုယ်ရေးကိုယ်တာ ချိုးဖောက်နိုင်သလား ဆိုတာ စုံစမ်းစစ်ဆေးနေချိန် သိပ်မကြာခင်မှာပဲ ယခုလို feature ကို ထုတ်ပေးလိုက်တာပါ။ ယခုလို setting ဖွင့်ပေးလိုက်ပေမယ့်လည်း OpenAI ဟာ ပြောထားတဲ့စကားတွေကို အပြီးတိုင်မဖျက်သေးပဲ ChatGPT ကို အလွဲသုံးစားအသုံးပြုထားသလားဆိုတာ စစ်ဆေးနိုင်ဖို့ ရက် 30 အထိ သိမ်းထားခွင့်လည်း ရှိနေပါသေးတယ်။
ChatGPT ကို code တွေ တိုးတက်အောင် မွမ်းမံနိုင်ဖို့၊ idea တွေ မြန်မြန်ထုတ်နိုင်ဖို့အတွက် အသုံးဝင်ပေမယ့်လည်း Apple ဟာ သူ့ဝန်ထမ်းတွေက လျှို့ဝှက်စီမံကိန်းက အချက်အလက်တွေကို chatGPT စနစ်ထဲမှာ မေ့လျော့ပြီး ထည့်မိမှာကို စိုးရိမ်းနေတာပါ။ ထိုသို့ ထည့်မိလိုက်ရင် OpenAI ရဲ့ စစ်ဆေးသူတွေ တွေ့ရှိသွားနိုင်မှာပါ။ သုတေသနတွေအရ chat interface ကိုပဲ သုံးပြီးတော့ language models တွေကတစ်ဆင့် training data တွေကို ထုတ်ယူနိုင်တယ်ဆိုပြီး တွေ့ထားပေမယ့် ChatGPT မှတော့ ဒီလိုအခြေအနေမျိုး ဖြစ်နိုင်တယ်ဆိုတာ အထောက်အထားမရှိသေးပါဘူး။
CharGPT ကို သုံးခွင့်ပိတ်တာ Apple ကပထမဆုံးမဟုတ်ပါဘူး။ JP Morgan, Verizon, Amazon စတာတွေကလည်း ChatGPT ကို အသုံးပြုခွင့် ပိတ်ထားပါသေးတယ်။
OpenAI ဟာ ယခုအပတ်မှာ ChatGPT IOS App ထုတ်ပြီးနောက် Apple ဟာ ChatGPT ကို ပိတ်လိုက်တာဟာ အရမ်းကို သိသာနေတာပါ။ ထို App ကို US မှာ ရရှိနိုင်ပီး အသံနဲ့ပါ free အသုံးပြုလို့ရပါတယ်။ OpenAI ဟာ ChatGPT app ကို တခြားနိုင်ငံတွေမှာလည်း ထုတ်ပေးသွားဖို့ရှိပြီး Android Version လည်း ထုတ်ပေးဦးမှာပါ။
Reference : “Apple restricts employees from using ChatGPT over fear of data leaks” by The Verge