Stability AI တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Emad Mostaque ဟာ ထိပ်တန်းရာထူးမှ နုတ်ထွက်ပြီး unicorn startup’s board မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း buzzy firm မှ သောကြာနေ့ညတွင် ပြောကြားခဲ့ပြီး ၎င်းဟာ ယခုသီတင်းပတ်အတွင်း ကြီးမား သောအပြောင်းအလဲများဖြစ်ပေါ်ခဲ့တဲ့ ဒုတိယမြောက် AI startup ဖြစ်လာခဲ့ပါတယ်။
Lightspeed Venture Partners နဲ့ Coatue Management ကဲ့သို့သော ရင်းနှီးမြှုပ်နှံသူများရဲ့ကျောထောက်နောက်ခံပြုထားတဲ့ Stability AI ဟာ အမြဲတမ်း CEO ရာထူးအတွက် ချက်ခြင်းအစားထိုးခြင်းမရှိသေးသော်လည်း ၎င်းရဲ့ COO Shan Shan Wong နဲ့ CTO Christian Laforte တို့ကို ယာယီတွဲဖက် CEO အဖြစ်ခန့်အပ်ထားကြောင်း ဘလော့ပို့စ်တစ်ခုမှာတော့ကြေညာထားပါတယ်။
မကြာသေးမီက လေးလပတ်များအတွင်း အဓိကစွမ်းရည်များ ဒါဇင်ဝက်ကျော်ဆုံးရှုံးခဲ့တဲ့ Stability AI က Mostaque ဟာ decentralized AI ကိုလုပ်ဆောင်ရန် ရာထူးမှနုတ်ထွက်ကြောင်း ပြောကြားခဲ့ပါတယ်။ X ပေါ်ရှိ ပို့စ်ဆက်တိုက်တင်ကာ သူ့အမြင်များပြောနေခဲ့ပြီး OpenAI နဲ့ Anthropic ကဲ့သို့သော ထိပ်တန်း AI startups များရဲ့ ပိုင်ဆိုင်မှုဖွဲ့စည်းပုံကိုရည်ညွှန်းပြီး “centralized AI” ဖြင့် “centralized AI” ကို အနိုင်ယူလို့ မရနိုင်ဘူးလို့ Mostaque ကထင်မြင်ယူဆခဲ့ပါတယ်။
ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသောကြောင့် ထိပ်တန်းရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ “AI မှာ ပိုအရေးကြီးလာတာနဲ့အမျှ ပွင့်လင်းမြင်သာမှုရှိပြီး ဖြန့်ဝေတဲ့ အုပ်ချုပ်မှုစနစ်လည်း ရှိသင့်တယ်။ အဲဒါက ခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် ဒါကို ပြန်လည်ပြုပြင်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ AI မှာ ပါဝါအာရုံစူးစိုက်မှုက ကျွန်တော်တို့အားလုံးအတွက် မကောင်းပါဘူး။ ဒါကို Stability နဲ့ တခြားနေရာတွေမှာဖြေရှင်းဖို့ ကျွန်တော် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ၎င်းကဆက်လက်ပြောခဲ့ပါတယ်။
Bloomberg ရဲ့ ကျော်ကြားသော ရုပ်ပုံထုတ်လုပ်ရေး tool ဖြစ်တဲ့ Stable Diffusion ကြောင့် နာမည်ကြီးလာတဲ့ Stability AI မှ Mostaque ရဲ့ ထွက်ခွာမှုဟာ 2023 ခုနှစ် အောက်တိုဘာလအထိ တစ်လလျှင် ခန့်မှန်းခြေဒေါ်လာ 8 သန်းခန့် အကုန်အကျခံကာ စတင်လိုက်တဲ့ startup မှာ ရုန်းကန်နေရစဉ်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး စတင်တည်ထောင်သူဟာ ဒေါ်လာ 4 ဘီလျံတန်ဖိုးရှိ ရန်ပုံငွေအသစ်ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။
Mostaque က လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ဝင်ငွေတိုးတက်မှုကို ဦးစားပေးမလုပ်ဆောင်ခဲ့ပုံရပါတယ်။ ယခင်နှစ် X က ပို့စ်တစ်ခုမှာ generative AI ကုမ္ပဏီတွေရဲ့ “ဝင်ငွေအပေါ် ထူးထူးခြားခြား အာရုံမစိုက်ကြခြင်း” နဲ့ “နည်းပညာက အသုံးဝင်ပေမယ့် တိုးတက်မှုအသစ်များ နေ့စဥ်နီးပါး ပေါ်ပေါက်နေတာကြောင့် stability ရဖို့ လိုသေးကြောင်း” ဖော်ပြခဲ့ပေမယ့် ဒီလိုနည်းပညာတွေကနေ စိတ်လှုပ်ရှားရကြောင်းလည်း ဖော်ပြခဲ့ပါသေးတယ်။ ဝင်ငွေမရမီမှာ ဘီလျံနှင့်ချီရင်းနှီးထားရတဲ့ Magic Leap အပါအဝင် အခြားဥပမာများစွာကိုလည်း ကိုးကားဖော်ပြခဲ့ပါတယ်။
ကိုယ်တိုင်မောင်းနှင်တဲ့ကားတွေထက် စီးပွားရေးတန်ဖိုး ပိုမိုဖန်တီးနိုင်မှာဖြစ်ပေမယ့် ဝင်ငွေမရရှိသေးဘဲ ဒေါ်လာ ၁၀၀ ဘီလျံစုစုပေါင်း ရင်းနှီးထားရကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့လကလည်း Reddit မှာ မှတ်ချက်ကောင်းတွေ ရေးသားခဲ့ပါသေးတယ်။ “ကျွန်တော်တို့က ဒီနှစ်မှာ ကြိုတင်ခန့်မှန်းချက်တွေကို ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ဒီနှစ်မှာ ငွေသားစီးဆင်းမှု အပြုသဘောဆောင်တဲ့ဘက်ကို သွားဖို့ပါ၊ ကျွန်တော်တို့ ခန့်မှန်းထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
“ဈေးကွက်က ကြီးမားလာတဲ့တစ်လျှောက် open models တွေ လိုအပ်လာပါလိမ့်မယ်။ ကျွန်တော်တို့က အဲ့ဒီဝန်ဆောင်မှုတွေ လုပ်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ company တွေထဲက တစ်ခုဖြစ်ပါတယ်။ စိတ်ကြိုက် model ဖန်တီးပေးတာမျိုး၊ တိုင်ပင်ဆွေးနွေးနိုင်တာမျိူးနဲ့ အခြားဆက်စပ်တဲ့ အရာတွေက ဈေးကွက်မှာအတော်လေး လိုအပ်နေပါတယ်” လို့ ဆိုပါတယ်။
Stability AI ရဲ့ ကြေငြာချက်က AI industry မှာတော့ မှတ်သားဖွယ်ကောင်းတဲ့ ရက်သတ္တပတ်တစ်ခုဖြစ်စေခဲ့ပါတယ်။ ဒေါ်လာ ၁.၅ ဘီလျံခန့် ရရှိစေခဲ့တဲ့ Inflection AI company ရဲ့ co founder နှစ်ဦးနဲ့ အခြားဝန်ထမ်းအများအပြားကလည်း Microsoft နဲ့ ပူးပေါင်းခဲ့ကြောင်း တနင်္လာနေ့မှာကြေညာခဲ့ပါတယ်။
Reference: Stability AI CEO resigns because you’re ‘not going to beat centralized AI with more centralized AI’ by TechCrunch
AMC HACKS