“Canva ကိုစီးပွားဖြစ်အနေနဲ့ ဘယ်လိုသုံးမလဲ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Canva ကိုဆိုရှယ်မီဒီယာပို့စ်တွေအပြင် စီးပွားဖြစ်အတွက်နောက်ထပ် ဘယ်လိုတွေသုံးနိုင်သေးလဲဆိုရင် ?

၁။ Invitation Card တွေဖန်တီးပြီးရောင်းလို့ရတယ်။ Wedding, Birthday, Party စတာတွေအတွက် လုပ်လို့ရတဲ့ ဒီဇိုင်းအိုင်ဒီယာတွေလည်း Canva ထဲမှာအစုံရှိပါတယ်။ ဒါကိုမှ ဒီဇိုင်းပိုလှသွား‌အောင် ဖန်တီးတာမျိုး။ တချို့ဈေးကြီးကြီးပေးပြီးတော့ ဘယ်သူနဲ့မှမတူတဲ့ ဒီဇိုင်းရှယ်ဆွဲခိုင်းတာတွေ တွေ့ဖူးတယ်။

၂။ T-Shirt, Hoodie တွေအတွက်စတေကာဒီဇိုင်းတွေဖန်တီးလို့ရတယ်။ စတေကာကို သူများနဲ့မတူအောင် ဖန်တီးနိုင်လေ ပိုကောင်းလေဖြစ်မှာပါ။ အဲဒီမှာမှ ကလေးအတွက်၊ လူကြီးအတွက်၊ ကျားဝတ်၊ မဝတ် ထပ်ခွဲချင်ခွဲလို့ရပါသေးတယ်။

၃။ Calendar ဒီဇိုင်းလှလှလေးတွေဖန်တီးလို့ရတယ်။ တချို့ Wedding အမှတ်တရ၊ မွေးနေ့အမှတ်တရအဖြစ် Calendar လှလှလေးတွေပြန်ပေးတာတွေရှိတယ်။ Calendar ကျတော့ တနှစ်ပတ်လုံးသုံးနေမှာဆိုတော့ အသုံးလည်းဝင်ပါတယ်။

ဒီ့အပြင်နောက်ထပ်လုပ်လို့ရတာတွေလည်း အများကြီးရှိပါဦးမယ်။ Canva ထဲမှာလည်း လေ့လာကြည့်လို့ရပါတယ်။

AMC HACKS

Related