“Business English လေ့လာဖို့အတွက် အကောင်းဆုံးဝဘ်ဆိုက် (၃)ခု”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ မဖြစ်မနေလိုအပ်လာမယ့် စကေးတွေထဲမှာ Business English Skill ကလည်းတခုအပါအဝင်ဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို အင်တာနက်ပေါ်ကနေ Free လေ့လာဖို့ရာ အကောင်းဆုံးဝဘ်ဆိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Business English Pod – https://www.businessenglishpod.com/

Meeting English, Presentation English, Interview English, Management, Sales, Communication အစရှိတဲ့ ကဏ္ဍပေါင်းစုံအတွက် သင်ခန်းစာပေါင်းများစွာကို Free လေ့လာနိုင်မယ့် ဝဘ်ဆိုက်တခုဖြစ်ပါတယ်။ Ebooks တွေလည်းရှိပါတယ်။ ဖုန်းနဲ့ App Download ပြီးတော့လည်းလေ့ကျင့်နိုင်ပါတယ်။

၂။ Oxford Online English – https://www.oxfordonlineenglish.com/

ဒီဝဘ်ဆိုက်မှာတော့ အင်တာဗျူးဖြေနည်း၊ မိတ်ဆက်နည်း၊ အီးမေးလ်ရေးနည်း စတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို Video Lesson တွေနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ သူလည်းပဲ Free လေ့လာနိုင်မှာဖြစ်ပြီး Level Test စစ်လို့လည်း ရပါတယ်။

၃။ Business English Site – https://www.businessenglishsite.com/

လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို စနစ်တကျလေ့လာနိုင်မယ့် ဝဘ်ဆိုက်တခုဖြစ်ပါတယ်။ Vocab, Grammar, Listening, Reading တို့ကို Exercise တွေနဲ့အတူ လေ့ကျင့်နိုင်မှာဖြစ်ပြီး Sales, Marketing, Accounting, Finance, Banking အစရှိတဲ့ ကဏ္ဍပေါင်းစုံပါဝင်ပါတယ်။ ‌Exercise တွေကို အဖြေပြန်တိုက်လို့လည်းရတာကြောင့် Self-study အတွက်အတော်လေးအကူအညီဖြစ်စေမှာပါ။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related