လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ မဖြစ်မနေလိုအပ်လာမယ့် စကေးတွေထဲမှာ Business English Skill ကလည်းတခုအပါအဝင်ဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို အင်တာနက်ပေါ်ကနေ Free လေ့လာဖို့ရာ အကောင်းဆုံးဝဘ်ဆိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Business English Pod – https://www.businessenglishpod.com/
Meeting English, Presentation English, Interview English, Management, Sales, Communication အစရှိတဲ့ ကဏ္ဍပေါင်းစုံအတွက် သင်ခန်းစာပေါင်းများစွာကို Free လေ့လာနိုင်မယ့် ဝဘ်ဆိုက်တခုဖြစ်ပါတယ်။ Ebooks တွေလည်းရှိပါတယ်။ ဖုန်းနဲ့ App Download ပြီးတော့လည်းလေ့ကျင့်နိုင်ပါတယ်။
၂။ Oxford Online English – https://www.oxfordonlineenglish.com/
ဒီဝဘ်ဆိုက်မှာတော့ အင်တာဗျူးဖြေနည်း၊ မိတ်ဆက်နည်း၊ အီးမေးလ်ရေးနည်း စတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို Video Lesson တွေနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ သူလည်းပဲ Free လေ့လာနိုင်မှာဖြစ်ပြီး Level Test စစ်လို့လည်း ရပါတယ်။
၃။ Business English Site – https://www.businessenglishsite.com/
လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို စနစ်တကျလေ့လာနိုင်မယ့် ဝဘ်ဆိုက်တခုဖြစ်ပါတယ်။ Vocab, Grammar, Listening, Reading တို့ကို Exercise တွေနဲ့အတူ လေ့ကျင့်နိုင်မှာဖြစ်ပြီး Sales, Marketing, Accounting, Finance, Banking အစရှိတဲ့ ကဏ္ဍပေါင်းစုံပါဝင်ပါတယ်။ Exercise တွေကို အဖြေပြန်တိုက်လို့လည်းရတာကြောင့် Self-study အတွက်အတော်လေးအကူအညီဖြစ်စေမှာပါ။
အဆင်ပြေပါစေခင်ဗျာ။
AMC HACKS