Apple နဲ့ Google တို့ဟာ ယခုနှစ် iPhones များမှာ ရောက်ရှိလာမယ့် Generative AI features အချို့ကို အားဖြည့်ရန်အတွက် Gemini ကိုအသုံးပြုရန် တက်ကြွစွာညှိနှိုင်းနေကြောင်း Bloomberg မှ Mark Gurnman ရဲ့ မကြာသေးမီကဖော်ပြချက်အရသိရပါတယ်။ Apple နဲ့ သဘောတူညီချက်ဟာ မကြာသေးမီလများအတွင်း အငြင်းပွားဖွယ်ရာများစွာမှာပါဝင်ခဲ့တဲ့ Google ရဲ့ Gemini chatbot အတွက်ဂိမ်းပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
Apple က ၎င်းရဲ့ကိုယ်ပိုင် AI မော်ဒယ်များကိုအခြေခံပြီး လာမယ့် iOS 18 Operating System မှာ AI features များစွာကို ဖော်ဆောင်နေပြီဖြစ်သော်လည်း အဆိုပါအဆင့်မြှင့်တင်မှုများကို cloud မှပေးပို့ခြင်းထက် ၎င်းရဲ့စက်ပစ္စည်းများမှာလုပ်ဆောင်တဲ့ features များကို အာရုံစိုက်ဖွယ်ရှိကြောင်း Gurnman ကဖော်ပြခဲ့ပါတယ်။
Google နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ စာသားတစ်ကြောင်းတည်းအပေါ်အခြေခံပြီး ပုံများဖန်တီးခြင်းနဲ့ စာစီစာကုံးများရေးသားခြင်းကဲ့သို့သော Generative AI features များစွာကို ဖြည့်ဆည်းပေးနိုင်လာမှာပါ။
ဒါပေမဲ့ နောက်ဆုံးအကြိမ် စေ့စပ်ညှိနှိုင်းမှုမှာ Apple ရဲ့ AI ကြိုးပမ်းမှုတွေက နာမည်တစ်ခုရဖို့ များစွာသိပ်မလိုတော့ကြောင်း အချက်ပြနေသလိုပါပဲ။ Apple က သူရဲ့ ကြီးမားတဲ့ language model Ajax ကို စမ်းသပ်နေတဲ့အကြောင်းသတင်းတွေထွက်ပေါ်နေပြီး ၀န်ထမ်းအများအပြားကလည်း AppleGPT လို့ခေါ်တဲ့ chatbot ကို အသုံးပြုခွင့် ရရှိထားပါတယ်။
ဒါပေမဲ့ သတင်းရင်းမြစ်တွေကို ကိုးကားကြည့်ရင် Apple ရဲ့ AI နည်းပညာက Google နဲ့ အခြားပြိုင်ဘက်တွေရဲ့ နည်းပညာတွေထက် နိမ့်ကျနေသေးကြောင်းလည်း Gurnman ကကောက်ချက်ချထားပါတယ်။
Google နဲ့ Apple အကြား ဆွေးနွေးမှုတွေက လက်ရှိအချိန်မှာ အသက်ဝင်နေပေမယ့် Apple က သူရဲ့ Worldwide Developers Conference ကိုပုံမှန်ကျင်းပတဲ့အခါတုန်းက အနည်းဆုံးဇွန်လအထိ အပြီးသတ်သဘောတူညီချက်ကို ထုတ်ပြန်မှာမဟုတ်သေးကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
Apple က OpenAI ဒါမှမဟုတ် Anthropic လိုမျိုး တခြားကုမ္ပဏီရဲ့ generative AI နည်းပညာကိုအသုံးပြုဖို့ ဆုံးဖြတ်နိုင်တယ်လို့လည်း Gurnman ကပြောကြားထားပါသေးတယ်။
Apple နဲ့ သဘောတူညီချက်က iPhone ထုတ်လုပ်သူရဲ့ အကြမ်းဖျင်း 2 ဘီလီယံအသုံးပြုသူ အပေါ်မှာ အခြေခံတာမို့ Gemini AI chatbot ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ AI landscape ကို မြှင့်တင်ပေးမယ့်အပြင် မကြာသေးမီက ဖြစ်ပေါ်တဲ့ အငြင်းပွားမှုတွေကနေ chatbot ကို ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးတဲ့သဘောဖြစ်တာကြောင့် Apple နဲ့ သဘောတူညီမှုက အဆိုးထဲကအကောင်းပဲဖြစ်ပါတယ်။
Reference: Apple in talks with Google for using Gemini to bring generative AI features to iPhones by LiveMint
AMC HACKS