AI အသုံးပြုမှုနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို Google သတိပေး

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ artificial intelligence ကို ကြိုးစားလုပ်ကိုင်နေတာ နှစ်များစွာကြာပြီဖြစ်ပြီး Boston Dynamics ကို ဝယ်တာရောင်းတာတွေကနေ DeepMind မှ အောင်မြင်မှုတွေအထိ ရရှိနေပါပြီ။ ကိုယ်ပိုင် chatbot ဖြစ်တဲ့ Google Bard ကို ထုတ်ပြီးနောက် ယခုနှစ် Google I/O မှာဆို AI ကို အဓိက topic ထားပြီး စီစဉ်သွားတာပါ။ ဒါပေမယ့် ယခုဆိုရင်တော့ Bard အပါအဝင် AI bots တွေကို သတိထားသုံးဖို့ ပြန်သတိပေးလိုက်ပါတယ်။

Reuters ရဲ့ တင်ပြချက်အရ Alphabet ဟာ သူ့ရဲ့အလုပ်သမားတွေကို AI chatbots တွေမှာ ကုမ္ပဏီရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေ မရေးဖို့ မမျှဝေဖို့ သတိပေးထားပါပြီ။ အကြောင်းအရင်းကတော့ ကိုယ်သုံးလိုက်တဲ့ AI မှာ ထည့်သွင်းတဲ့ အချက်အလက်တိုင်းဟာ ထို AI ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီဆီရောက်သွားတာကြောင့်ပါ။

ဒါဟာ ဘယ်သူပြောပြော ကောင်းမွန်တဲ့ အကြံပေးချက်ပါပဲ။ ကိုယ့်ရဲ့ အတွင်းသတင်းနဲ့ လျှို့ဝှက်အချက်အလက်တွေကို အွန်လိုင်းပေါ်က ဘယ်နေရာဖြစ်ဖြစ် မျှဝေနေတဲ့အကျင့်ဟာ ကောင်းတဲ့အရာမဟုတ်ပါဘူး။

ChatGPT, Google ရဲ့ Bard, Microsoft ရဲ့ Bing Chat စတဲ့ chatbots တွေမှာ ဘာတွေရေးရေး ဘာတွေပြောပြော chatbots တွေဟာ LLM စနစ်ပေါ်အခြေခံထားတာကြောင့် ထိုအကြောင်းအရာတွေကို train ဖို့အတွက် အသုံးပြုနိုင်နေမှာပါ။ ထို AI chatbots တွေရဲ့ နောက်ကွယ်က ကုမ္ပဏီတွေဟာလည်း ဝင်လာသမျှ အချက်အလက်တိုင်းကို သိမ်းဆည်းထားမှာဖြစ်ပြီး ထိုကုမ္ပဏီက ဝန်ထမ်းတွေဟာလည်း ထိုအချက်အလက်တွေကို မြင်တွေ့‌နေရမှာပါ။

Bard မှာ ပြောထားတဲ့ စကားတွေရဲ့ အစိတ်အပိုင်းတွေကိုလည်း စမ်းသပ်စစ်ဆေးသူတွေအတွက် နမူနာအဖြစ် 3 နှစ်အထိ ရွေးချယ်သိမ်းဆည်းထားမှာဖြစ်ပြီး Bard conversation ထဲကို ကြည့်ခြင်းဖြင့် သင် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို ဘယ်သူဖြစ်ကြောင့် ခွဲခြားနိုင်တဲ့ သတင်းအချက်အလက်တွေ မပါဝင်ပါဘူးလို့ Google ဘက်က ပြောထားပါတယ်။

OpenAI ကလည်း ChatGPT ထဲမှာပြောထားတဲ့ စကားတွေကို AI စနစ်တွေပိုမိုကောင်းမွန်လာအောင် AI trainers တွေက ဆန်းစစ်သုံးသပ်ကြတယ်လို့ ပြောထားပါသေးတယ်။

Reference: Even Google is warning its employees about AI chatbot use by The Verge

Related