AI ဟာ လူသားမျိုးနွယ် မျိုးတုံးစေနိုင်တဲ့အထိ အန္တရာယ်ရှိလာမှာလား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

AI နည်းပညာလုပ်ငန်းခေါင်းဆောင်တွေ၊ ပညာသင်တွေနဲ့ အနုပညာရှင်တစ်ချို့ကပါ AI ကြောင့် တစ်ကမ္ဘာလုံး ပျက်သုဉ်းနိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့ တောင်းဆိုနေကြပါတယ်။ AI ကြောင့် မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ ဘေးအန္တရာယ်ကို ကမ္ဘာ့ထိပ်တန်းဦးစားပေးအနေနဲ့ ထားရှိသင့်တယ်ဆိုပြီး အကျဉ်းချုပ် ထုတ်ပြန်ချက်တစ်ခုပြုလုပ်ကာ ကန့်ကွက်နေကြပါတယ်။

AI ကြောင့် မျိုးတုန်းနိုင်တာကို လျှော့ချနိုင်ဖို့ဟာ pandemics တွေနဲ့ နျူကလီးယားစစ်ပွဲတွေကဲ့သို့ လူ့အဖွဲ့အစည်းရဲ့ အန္တရာယ်အဖြစ် ကမ္ဘာ့ထိပ်တန်း ဦးစားပေး ဖြစ်သင့်တယ်လို့ thr Center for AI Safety က ထုတ်ပြန်ထားတာပါ။

ဒီထုတ်ပြန်ချက်ကို OpenAI CEO ဖြစ်သူ Sam Altman, “godfather” of AI လို့ သမုတ်ကြတဲ့ Geoffrey Hinton, Google DeepMind နဲ့ Anthropic မှ top executives တွေနဲ့ သုတေသနပညာရှင်တွေ,Microsoft ရဲ့ chief technology officer ဖြစ်သူ Kevin Scott, the internet security and cryptography pioneer ဖြစ်သူ Bruce Schneier, climate advocate Bill McKibben နဲ့ တခြား လူတော်တော်များများကပါ လက်မှတ်ရေးထိုးထားကြတာပါ။

ထုတ်ပြန်ချက်ထဲမှာ မစီစစ်ထားတဲ့ AI ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်နေကြကြောင်း ပါဝင်ပါတယ်။ AI ကျွမ်းကျင်သူတွေက Sci-Fi ရုပ်ရှင်တွေထဲကလို artificial general intelligence ထုတ်လုပ်ဖို့အထိကတော့ အဝေးကြီးလိုပါသေးတယ်လို့ ဆိုထားကြပါတယ်။

ယနေ့ခေတ်ရဲ့ နောက်ဆုံးပေါ် chatbot တွေဟာ သူတို့ကို ပေးထားတဲ့ training data တွေပေါ်ပဲ မူတည်ပြီး ဘာမှ စီစစ်တွေးတောမှုမရှိပဲ patterns တွေကို ထုတ်ပေးနေတာပါ။ ဒါပေမယ့်လည်း AI ရဲ့ နာမည်ကြီးအသုံးပြုလာမှုတွေနဲ့ AI လုပ်ငန်းတွေအပေါ် အလုံးအရင်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်မလာခင် AI ခေတ် စတင်ချိန်မှာပဲ ထိန်းသိမ်းနိုင်မယ့် စည်းမျဉ်းတွေထုတ်ပြန်ဖို့ ဖြစ်လာပါတယ်။

OpenAI ရဲ့ ChatGPT ကြီးကြီးမားမားအောင်မြင်လာခဲ့ပြီးနောက်ပိုင်း ယခုလို ထုတ်ပြန်‌ချက်ပေါ်လာခဲ့တာဖြစ်ပြီး ChatGPT ကြောင့်ပဲ နည်းပညာရပ်ဝန်းမှာ AI အတွက် ပြိုင်ဆိုင်မှုတွေ မြင့်တက်လာခဲ့တာပါ။ ဒါကြောင့်ပဲ ဥပဒေပြုလုပ်သူတွေ၊ တရားရုံးရှေ့နေအုပ်စုတွေ၊ နည်းပညာပိုင်းမှ အတွင်းလူတွေဟာ AI chatbot တွေရဲ့ မှားယွင်းတဲ့သတင်းအချက်အလက် ဖြန့်ဖြူးမှုတွေ၊ အလုပ်နေရာတွေမှာ အစားထိုးဝင်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်းကို ကြိုတင်သတိပေးနေကြတာပါ။

ယနေ့ခေတ် AI စနစ်တွေ ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့တဲ့ AI ရဲ့ ခေါင်းကိုင်ဖခင် Geoffrey Hinton ဟာ Google ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း CNN ကို ပြောခဲ့ပြီး AI တွေက တဖြည်းဖြည်းလူတွေထက် ပါးနပ်လာကြောင်းကို သတိထားမိလာတာကြောင့် လူတွေကို သတိပေးရတာဖြစ်တယ်လို့ ပြောထားပါတယ်။

the Center for AI Safety ရဲ့ director ဖြစ်သူ Dan Hendrycks က Cambridge တက္ကသိုလ်ရဲ့ AI professor တစ်ယောက်ဖြစ်သူ David Krueger ဟာ AI အန္တရာယ်အတွက် ထုတ်ပြန်ချက် ပြုလုပ်သင့်ကြောင်း ပထမအဆိုပြုစာမှာ AI ရဲ့ algorithm ဘက်လိုက်မှုတွေ၊ သတင်းအချက်အလက်မှားယွင်းမှုတွေအကြောင်း မပါသေးဘူးလို့ twitter မှာ ဆိုထားပါသေးတယ်။

Dan Hendrycks က လူ့အဖွဲ့အစည်းဟာ ဘေးအန္တရာယ်အများကြီးကို တစ်ပြိုင်တည်း ကိုယ်တွယ်နိုင်ပါတယ်၊ တစ်ခုမဟုတ်တစ်ခုဆိုပြီး လုပ်ရမှာ မဟုတ်ပဲ တစ်ခုပြီးတစ်ခု ရင်ဆိုင်ရမှာဖြစ်ပြီး risk management အရ ကြည့်မယ်ဆို ယခုဖြစ်နေတဲ့ ပြဿနာတွေကို ဖယ်ပြီး ဖြစ်လာနိုင်တဲ့အရာကိုပဲ အရင် ဦးစားပေးတာရော၊ လုံးဝ ဖယ်ကျဉ်ထားလိုက်တာရောဟာ မိုက်ရူးရဲဆန်ရာ ကျလွန်းတယ်လို့ပါ တစ်ခါတည်း သတိပေးလိုက်ပါတယ်။

Reference: “AI industry and researchers sign statement warning of ‘extinction’ risk” by CNN

Related