AI ဟာ ကမ္ဘာကြီးကို ကောင်းကောင်းအကျိုးမပြုခင်မှာပဲ ဖျက်ဆီးတော့မှာလား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အခုချိန်မှာ အမေရိကန် ကုမ္ပဏီတွေဟာ ChatGPT လိုမျိုး AI tools တွေကို public ကို free သုံးခွင့်တွေ ပေးကမ်းမှုတွေနဲ့အတူ AI ပြိုင်ပွဲကြီးမှာ ထိပ်ဆုံးက ဦးဆောင်နေကြပါတယ်။ ဒါပေမယ့် ဒီယှဉ်ပြိုင်မှုကြီး ပိုပြီး ပြင်းထန်လာတာနဲ့အမျှ တရုတ်ဟာ U.S. ကို ကျော်သွားနိုင်တယ်လို့ Vinod Khosla က ဆိုလာပါတယ်။ Vinod Khosla ဆိုတာကတော့ ထိပ်တန်း စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Sun Microsystems ရဲ့ Co-Founder၊ Khosla Ventures ရဲ့ Founder တစ်ဦးဖြစ်တဲ့အပြင် OpenAI ရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက အခုချိန်မှာ AI ဖွံ့ဖြိုးတိုးတက်မှုကို နှေးလိုက်မယ်ဆိုရင် အမေရိကန်ဟာ ဒီပြိုင်ပွဲမှာ သေချာပေါက် ရှုံးသွားနိုင်တယ်လို့ ပြောထားပါတယ်။

Public မှာ AI tools တွေ အများအပြား ပေါ်လာပြီး အသုံးပြုခွင့်တွေ ရှိလာတာနဲ့အမျှ AI ကို အလွဲသုံးစား အသုံးပြမှု‌တွေ၊ AI ပိုပြီး အစွမ်းထက်လာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့အရာတွေကို AI experts တွေက စိုးရိမ်လာကြပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းနဲ့ လူသားမျိုးနွယ်ကို အန္တရာယ်အကြီးအကျယ်ရှိလာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ advanced AI အဖြစ် တည်ဆောက်တီထွင်ခြင်းတွေကို ၆ လတာ ရပ်နားပေးဖို့အတွက် open letter တစ်ခုကို tech executives တွေနဲ့ ac‌ademics ‌တစ်ချို့စုပေါင်းပြီး လက်မှတ်ရေးထိုးလာကြပါတယ်။

အခုဆိုရင် လက်မှတ်ပေါင်း 27,000 ကျော်လာပြီး Tesla ရဲ့ CEO Elon Musk ဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ဒါပေမယ့် Khosla ထင်တာကတော့ Elon Musk အနေနဲ့ ဒီ AI ရပ်နားခြင်းကို ထောက်ခံရတဲ့ အဓိကအကြောင်းရင်းဟာ သူ့ကုမ္ပဏီတွေ အနေနဲ့ အသစ်တိုးတက်ပြောင်းလဲမှုတွေကို လိုက်မှီနိုင်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

Elon Musk ဟာ 2015 တုန်းက OpenAI မှာ nonprofit cofounder အနေနဲ့ပါဝင်ခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ ထွက်သွားခဲ့ပါတယ်။ အခုဆို OpenAI ရဲ့ ChatGPT နဲ့ ပြိုင်ဖို့အတွက် X.AI Corp ဆိုတဲ့ ကုမ္ပဏီတစ်ခုကနေ chatbot တစ်ခုကို လုပ်ဆောင်နေပါပြီ။

တရုတ်ဟာ အမေရိကန်ကို AI ပြိုင်ပွဲမှာ ကျော်သွားနိုင်မှာ စိုးရိမ်နေတာ Khosla တစ်ယောက်တည်းမဟုတ်ပါဘူး။ Google CEO အဟောင်း Eric Schmidt ဟာလည်း AI ကို အလွဲသုံးစားပြုလုပ်တာတွေ AI ကို ရပ်နားတာတွေဟာ တရုတ်အတွက် အသာစီးရစေဖို့ တစ်ခုတည်းအတွက်ပဲဖြစ်တယ်လို့ ပြောထားပါတယ်။

ယခု AI ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်တွေကလည်း ဒီ AI ကို ရပ်နားတယ်ဆိုတဲ့ကိစ္စကို ဆန့်ကျင်ကြောင်း ပြောကြားလာကြပါတယ်။ Google Chatbot ဖြစ်တဲ့ Bard ကိုထုတ်တဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ CEO ဖြစ်သူ Sundar Pichai ကလည်း AI ၆ လရပ်နားမယ့်ကိစ္စဟာ ဘာမှထူးလာမှာ မဟုတ်လို့ ဒီကိစ္စမှာ သူဝင်မပါနိုင်ဘူးလို့ အတိအလင်းကြေညာထားပါတယ်။

ဒါပေမယ့် ဒီ အမေရိကန်နဲ့ တရုတ် အပြိုင်အဆိုင်ဖြစ်နေတဲ့ကိစ္စထက် AI ကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ DeepFake လိုမျိုး နည်းပညာတွေ ပေါ်ပေါက်လာတာကြောင့် နောက်ပိုင်းမှာ အတုအစစ်လုံးဝခွဲခြားလို့မရတဲ့ misinformation တွေ ပေါ်ပေါက်လာနိုင်တာတွေ၊ AI tools တွေနဲ့ အသံတုပြုလုပ်ပြီး တကယ်မပြောပဲ ထွက်လာတဲ့စကားတွေ၊ ပုံအတု‌တွေ AI နဲ့ ဖန်တီးနိုင်တာကြောင့် လူတစ်ယောက်ကို သိက္ခာကျစေဖို့ သပ်သပ် ညစ်ညမ်းပုံများ ဖန်တီးမှု‌တွေ စတဲ့ ပြဿနာတွေဟာလည်း AI တစ်စထက်တစ်စ တိုးတက်လာခြင်းနဲ့ လွယ်ကူစွာ အသုံးပြုလို့ရနေခြင်းတို့ရဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပါတယ်။

Related