“AI သတင်းထောက်တွေ စတင်အသုံးပြုလာတော့မယ့် ထိုင်း TV Channel”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော AI သတင်းထောက်တွေကို ထိုင်းသတင်းဌာန Nation TV က တဆင့် မန်နေးဂျင်း ဒါရိုက်တာ Apirawee Pichayadecha က ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ ဒီသတင်းထောက်နှစ်‌ယောက်က ဧပြီလ ၁ ရက် တနင်္လာနေ့မှာ ပွဲဦးထွက် သတင်းကြေညာကြမှာပဲဖြစ်ပါတယ်။ အမျိုးသမီး AI သတင်းထောက်ရဲ့ နာမည်က Natcha ဖြစ်ပြီးတော့ အမျိုးသားသတင်းထောက်ကို Nitchan လို့ ခေါ်ပါတယ်။

Natcha က ဧပြီလ 1 ရက်နေ့က စတင်ပြီးတော့ Nation News Alert အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအတွက် သတင်းအစီရင်ခံတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိတော့ အမျိုးသား AI သတင်းထောက် Nitchan ရဲ့ အသွင်အပြင်ကို ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

Apirawee မှ ဒီသတင်းထောက်နှစ်ဦးက ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော AI သတင်းထောက်စုံတွဲ ဖြစ်လာမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယမှာရှိတဲ့ တီဗီသတင်းချန်နယ်တွေမှာ AI ကို အောင်မြင်စွာ အသုံးချအကောင်အထည်ဖော်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းအမျိုးမျိုးကနေ အတုယူ စိတ်ကူးစိတ်သန်းရယူခဲ့တာဖြစ်ကြောင်းလည်း ရှင်းပြထားပါသေးတယ်။

ပြည်ပသတင်းအေဂျင်စီတွေက AI နည်းပညာကို အသုံးပြုပြီးတော့ data ခွဲခြမ်းစိတ်ဖြာမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တဲ့အတွက်ကြောင့် သတင်းနားထောင်ကြည့်ရှုတဲ့ ပြည်သူတွေအနေနဲ့ တိကျသေချာတဲ့ အချက်အလက်တွေရရှိကြောင်း အာမခံချက်ရရှိစေပါတယ်။

Apirawee က ဒီ AI ဝန်ထမ်းနှစ်ဦးကို ပေါင်းစည်းပြီးတော့ Nation TV က သတင်းထောက်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ရာ အသိအမှတ်ပြုကြောင်းလည်း အလေးပေးဖော်ပြထားပါတယ်။

ဒါ့အပြင် Apirawee က AI သတင်းထောက်တွေကို ဆိုရှယ်မီဒီယာ influencers တွေအဖြစ်၊ ပွဲစီစဉ်သူတွေအဖြစ် virtual conference moderators အဖြစ်နဲ့ Nation TV ရဲ့ brand ambassadors တွေအဖြစ် ကဏ္ဍမျိုးစုံမှာ အသုံးချသွားမယ့်အကြောင်းလည်း ပြောပါတယ်။

Apirawee ရဲ့ အဆိုအရ သတင်းဖတ်ရှုခြင်းလုပ်ငန်းစဉ်ကို AI သတင်းထောက်များက လူသားသတင်းထောက်များကဲ့သို့ သဘာဝအတိုင်း တင်ဆက်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားရန် AI သတင်းထောက်များအား automated audio descriptions နည်းများနဲ့ ချောချော မွေ့မွေ့ဖြစ်အောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ပရိသတ်များအား သတင်းအစီအစဉ်များကြည့်ရှုခြင်း အတွေ့အကြုံသစ်များ ပေးစွမ်းနိုင်မယ်လို့လည်း အာမခံထားပါတယ်။

ယခုလို AI သတင်းထောက်များကို မိတ်မဆက်ခင်မှာပဲ ထိုင်းနိုင်ငံမှာ virtual social media influencers နဲ့ brand ambassador အများအပြား ပေါ်ထွန်းလာနေပြီဖြစ်ပါတယ်။

ဥပမာအားဖြင့် ဘန်ကောက်အမည်ရှိ အသက် 17 နှစ်အရွယ် non binary virtual influencer ဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ AI influencer ဖြစ်ပြီး Ailynn လို့ခေါ်တဲ့ အသက် 21 နှစ်အရွယ် AI အမျိုးသမီးဟာလည်း နာမည်ကြီး မိုဘိုင်းဝန်ဆောင်မှုပေးတဲ့ AIS အတွက် အမှတ်တံဆိပ်သံတမန်အဖြစ် ရှိနေပါတယ်။

ဒါ့အပြင် အသက် 22 နှစ်အရွယ် AI အမျိုးသမီး Katie ကို မီဒီယာနဲ့ ကြော်ငြာကုမ္ပဏီ Plan B Media နဲ့ Lemonz Bangkok တို့က ဖန်တီးခဲ့ပါတယ်။ Katie ဟာ ထိုင်းနာမည်ကြီးတွေနဲ့အတူ မဂ္ဂဇင်းကာဗာတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံမှာ ထိုင်းအင်တာနက်အသုံးပြုသူများ အထူးသဖြင့် ဆယ်ကျော်သက်များကို ဗုဒ္ဓဘာသာအယူဝါဒဖြန့်ကျက်ရန် ဖန်တီးထားတဲ့ အသက် 30 အရွယ် Phra Maha AI ဘုန်းကြီးတစ်ပါးလည်း ရှိနေပါသေးတယ်။

Reference: Meet Natcha and Nitchan: Thailand’s first AI news reporters by Thaiger

AMC HACKS

Related