အသက် 48 နှစ်အရွယ် တက်စ်မေးနီးယားအမျိုးသားတစ်ဦးရဲ့ကွန်ပျူတာထဲမှာ ကလေးသူငယ်မတော်မ တရား ပြုကျင့်မှုနဲ့ ဆိုင်တဲ့ဖိုင်တွေ ရာပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းဆုံး 10 လကြာ ထောင်ဒဏ်ချမှတ်ဖို့ရာ ကနဦး သတ်မှတ်ခဲ့ပါတယ်။ အင်္ဂါနေ့က တရားရုံးချုပ်စီရင်ချက်မှာတော့ လွတ်ငြိမ်းခွင့်မရှိဘဲ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့က မေလတုန်းက Tamar တောင်ကြားဒေသမှာရှိတဲ့ သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးတော့ ကွန်ပြူတာထဲမှာ ကလေးမတော်မတရားပြုကျင့်မှုကို သရုပ်ဖော်ထားတဲ့ ဖိုင်ပေါင်းများစွာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖိုင်တော်တော်များများက AI ကို အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ်။ တက်စ်မေးနီးယားက ရဲတပ်ဖွဲ့အနေနဲ့လည်း AI ကို သုံးပြီးဒီလို ကလေးသူငယ်တွေကို မတော်တရားပြုကျင့်တဲ့ဖိုင်တွေကို ရှာဖွေဖမ်းဆီးမိတာ ဒါပထမဆုံးလို့ သိရပါတယ်။
ဩစတေးလျ နိုင်ငံသားတစ်ယောက်က website နဲ့ social media တွေကနေ ကလေးသူငယ်တွေကို မတော်မတရားပြုကျင့်တဲ့ ဖိုင်တွေ ဒေါင်းလုဒ်ဆွဲတယ်ဆိုတဲ့ တိုင်ကြားမှုပေါင်းများစွာက US National Center မှာ အများအပြား ထွက်ပေါ်လာတာကနေ ဒီဝင်ရောက်ဖမ်းဆီးမှုကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအမျိုးသားက ကလေးသူငယ်မတော်မတရားပြုကျင့်တဲ့ ဖိုင်တွေကို လက်ဝယ်ထားရှိမှုအတွက် အပြစ်ရှိကြောင်းလည်း ဝန်ခံခဲ့ပါတယ်။စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ AFP Det Sgt Aaron Hardcastle က ဒီလို ကလေးသူငယ်တွေအပေါ်မှာ အမြတ်ထုတ်ထားတဲ့ video တွေက AI ကို သုံးပြီး ဖန်တီးထားတာ ဖြစ်စေ မူရင်း ဖိုင်တွေပဲ ဖြစ်စေ ရွံရှာဖွယ်ရာကောင်းတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကနေလည်း ဒီလိုအရာတွေ မျှဝေသုံးစွဲနေသူတွေကို ဆက်လက်ပစ်မှတ်ထား အရေးယူသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ထားတဲ့ သရုပ်ဖော် စိတ်ကူးယဉ်ဇာတ်လမ်းပုံပြင်တွေနဲ့ ကာတွန်းတွေက AI ကို သုံးပြီး ဖန်တီးထားတယ်ဆိုရင်တောင်မှ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံး စားပြုမှု ဥပဒေတွေကို ချိုးဖောက်နေတယ်ဆိုတာကို လူအများစုက သတိမပြုမိကြပါဘူး။
Reference: Tasmanian man jailed after AI-generated child abuse material found on computer by TheGuardian
AMC HACKS