AI နည်းပညာနဲ့ အဆင့်မြှင့်တင်လိုက်တဲ့ Amazon

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အရင်တုန်းက ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ Jeff Bezos ပိုင်ဆိုင်တဲ့ Amazon ဟာ သူ့ရဲ့ Delivery service ကို တစ်ဆင့်မြှင့်တင်ဖို့အတွက် AI စနစ်ကို အသုံးပြုဖို့ ကြိုးစားနေပါပြီ။ ကုန်ပစ္စည်းတွေနဲ့ ဝယ်ယူသူတွေကြား အကွာအဝေးကို လျှော့ချနိုင်ဖို့ AI စနစ်နဲ့ တွက်ချက်အသုံးပြုမှာပါ။

Amazon ဟာ Delivery service ပိုကောင်းလာဖို့အတွက် AI အသုံးချရမယ့် နေရာ 2 နေရာရှိနေပြီး ပထမတစ်ခုက တစ်နေရာမှ တစ်နေရာ မြေပုံရေးဆွဲခြင်း၊ လမ်းကြောင်းသတ်မှတ်ခြင်း၊ ရာသီဥတုအခြေအနေ ထည့်တွက်ခြင်း စတဲ့ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ နေရာဖြစ်ပြီး နောက်တစ်နေရာကတော့ ဝယ်ယူသူတွေ Amazon ပေါ်မှာ မှန်ကန်တဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကူညီနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ် Amazon ဦးစားပေး အာရုံစိုက်ရမယ့်နေရာက ဘယ်လိုကုန်ပစ္စည်းတွေကို ဘယ်ဂိုထောင်မှာ ထားရမယ်ဆိုတာ ဖြစ်နေတယ်လို့ North America နဲ့ Europe အပိုင်းမှ Amazon services တွေရဲ့ vice president ဖြစ်သူ Stefano Perego က ဆိုထားပါတယ်။ ကုန်ပစ္စည်းတွေ ဘယ်သိုလှောင်ရုံထားမလဲဆိုတာက ပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ဖို့အတွက် အဓိကဖြစ်တယ်လို့ ပြောထားပါတယ်။

Amazon ဟာ ဝယ်ယူသူတွေဆီကို နိုင်ငံရဲ့ တခြားအပိုင်းမှမဟုတ်ပဲ အနီးဆုံး သိုလှောင်ရုံကနေ ကုန်ပစ္စည်းပို့ဖို့ regionalization လို့ခေါ်တဲ့ နည်းလမ်းနဲ့ အသုံးပြုဖို့ ကြိုးစားနေပါတယ်။ ထိုသို့ အသုံးပြုဖို့အတွက် ဘယ်ပစ္စည်းတွေကို ဘယ်နေရာတွေမှာ ဝယ်လိုအားကောင်းလဲဆိုတာ ခန့်မှန်းနိုင်ဖို့အတွက် ဒေတာ အချက်အလက်တွေရဲ့ ပုံစံတွေ စီစစ်ပိုင်းခြားခြင်းတွေ လုပ်ဆောင်နိုင်တဲ့ နည်းပညာမျိုး လိုအပ်ပါတယ်။

ဒီနေရာမှာ AI နည်းပညာကို လိုအပ်လာတာပါ။ ထိုနည်းပညာကို အသုံးပြုခြင်းအားဖြင့် ကုန်ပစ္စည်းက ဝယ်ယူသူနဲ့ အနီးဆုံးမှာရှိနေရင် Amazon ကနေ ဝယ်ယူသူတွေဆီကို တစ်ရက်တည်းမှာ သို့မဟုတ် နောက်တစ်ရက်မှာပဲ ပို့ဆောင်နိုင်မှာပါ။ ထိုသို့ ဝန်ဆောင်မှုမျိုးဟာ subscribe လုပ်ပြီး ရရှိနိုင်တဲ့ Amazon Prime ရဲ့ service တွေလိုမျိုး ဆင်တူပါတယ်။

Perego က ဒီလုပ်ဆောင်ချက်တွေဟာ အတော်ခရီးပေါက်နေပြီဖြစ်ပြီး အမေရိကန်ပြည်နယ်တွေထဲက ဝယ်ယူမှုတွေရဲ့ 74% ဟာ သူတို့ပြည်နယ်အတွင်းထဲမှာပဲ ရှိတဲ့ စင်တာတွေကနေပဲ ပို့ဆောင်နိုင်နေပြီလို့ ပြောထားပါတယ်။

Ref: https://www.cnbc.com/amp/2023/05/15/amazon-is-focusing-on-using-ai-to-get-stuff-delivered-to-you-faster.html

Related