အင်တာနက်ရဲ့ အရင်က ဘုရင်ဟောင်း Yahoo က AI သတင်းစုစည်းမှုကုမ္ပဏီကို ၀ယ်ယူထားကြောင်း အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
အဆိုပါကုမ္ပဏီ Artifact ကို Instagram တည်ထောင်သူ Kevin Systrom နဲ့ Mike Krieger တို့မှ စတင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဝယ်ယူမှုဟာ ၎င်းရဲ့ပထမဆုံး AI ဝယ်ယူမှုဖြစ်ကြောင်း Yahoo မှ Quartz သို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်ကအတူနီးနီးကပ်ကပ် ယှဉ်ပြိုင်ခဲ့ကြတဲ့ပြိုင်ဘက် များဖြစ်ကြတဲ့ Google နဲ့ Microsoft တို့ကတော့ AI ကို နှစ်ပေါင်းများစွာ ဝါးမျိုနေခဲ့တာပါ။
Artifact ရဲ့နည်းပညာကို Yahoo ကွန်ရက်တစ်လျှောက် အထူးသဖြင့် Yahoo News မှာ အသုံးပြုမှာဖြစ်ပါတယ်။ သတင်းပလက်ဖောင်းမှာ AI ကိုအသုံးပြုခြင်းဟာ သုံးစွဲသူများရဲ့ နှစ်သက်မှုများအပေါ်အခြေခံပြီး သတင်းများကို သုံးစွဲသူအကြိုက် ပြသပေးမှာဖြစ်ပါတယ်။
Yahoo News ရဲ့ အထွေထွေမန်နေဂျာ Kat Downs က ကုမ္ပဏီ ကြေငြာချက်မှာ “Yahoo ဟာ လူသားနဲ့ သတင်းတွေကို အယ်လဂိုရီသမ်သုံးပြီး ပေါင်းစပ်ထားတဲ့ ပထမဆုံးသော ကုမ္ပဏီဖြစ်ပါတယ်” လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီအယ်လဂိုရီသမ်တွေက နိုင်ငံရေးအရ အယူအဆကွဲပြားမှုတွေကို တိုးမြင့်စေတဲ့အတွက် “echo chambers” အမည်ရတဲ့ စီစစ်မှုအောက်မှာ ရှိနေပါတယ်။
ဒီစီစစ်မှုအရ အယ်ဂိုရစ်သမ် တော်တော်များများဟာ ဘက်လိုက်တာမရှိဘူးလို့ ဆိုနိုင်ပေမယ့် Facebook နဲ့ Instagram အသုံးပြုသူတွေကတော့ သူတို့ရဲ့ account မှာ အယ်ဂိုရစ်သမ် တွေရဲ့ suggest လုပ်ပေးတဲ့ features ကို ပိတ်ထားတာတောင် တဖက်စောင်းနင်း ဖြစ်စေတဲ့ သတင်းတွေကတော့ feeds မှာ ပေါ်လာနေဆဲပဲလို့သိရပါတယ်။
သတင်းတွေမှာ AI အသုံးပြုခြင်းက ယခုကျင်းပတော့မယ့် အမေရိကန်ရွေးကောက်ပွဲမှာ ပါတီတွေအကြား သတင်းအသုံးပြုမှုအရ ကျယ်ပြန့်လွန်းတဲ့ ကွာဟချက်တွေကိုတော့ ရင်ကြားစေ့ ပေါင်းကူးပေးနိုင်လာဖို့တော့မဖြစ်နိုင်သေးပါဘူး။
Yahoo က AI ကုမ္ပဏီများကို အနာဂတ်မှာလည်း ဝယ်ယူရန် လမ်းဖွင့်ထားကြောင်း အီးမေးလ်မှာ ဖော်ပြထားသော်လည်း ဘယ်လို AI နည်းပညာကုမ္ပဏီ အမျိုးအစားများကို ဝယ်ယူမယ်ဆိုတာကို မဖော်ပြထားပါဘူး။
Yahoo News ဟာ AI ကို အဆင့်မြှင့်ထားတဲ့ အယ်လဂိုရီသမ်တစ်မျိုးအဖြစ်သာ အသုံးပြုမှာဖြစ်သော်လည်း သတင်းအဖွဲ့အစည်းများရဲ့ AI ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းဟာ အခြားစိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
“အချက်အလက်တွေ ဘယ်ကလာမှန်း မသိရင် ပြဿနာတွေကို ဖန်တီးပေးနိုင်ပါတယ်။ သတင်းသမားတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ သင့်ကို မူပိုင်ခွင့်ချိုးဖောက်တယ်၊ ခိုးကူးတယ်လို့ ဖော်ပြနိုင်ပါတယ်။ ဒါဟာ ဂျာနယ်လစ်လုပ်ငန်းစဉ်မှာရော ကျွန်ုပ်တို့ သတင်းအချက်အလက်များ မှီဝဲတာမှာပါ ပြဿနာများ ရှိလာနိုင်ပါတယ်” လို့ သတင်းစာပညာဆိုင်ရာ AI နဲ့ပတ်သက်တဲ့ စက္ကူဖြူစာတမ်းရေးသားသူ Felix Simon က ဖေဖော်ဝါရီလမှာ Politico သို့ သတိပေး ပြောကြားခဲ့ပါတယ်။
Reference: Yahoo just announced a big AI acquisition by Quartz
AMC HACKS