AI ကြောင့် ကျွန်တော်တို့ အလုပ်အကိုင်တွေကို ထိခိုက်လာနိုင်လား အစားထိုးလာနိုင်လား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဒီနေ့ ကျွန်တော်တို့ အခန်းဆက်လေးရဲ့ နောက်ဆုံးပိုင်းဖြစ်တဲ့ AI ဟာ လူတွေရဲ့ အလုပ်တွေကို အစားထိုးလာနိုင်လား ဆိုတာကို ဆွေး‌နွေးသွားပါမယ်။

၇။ AI ကြောင့် ကျွန်တော်တို့ အလုပ်အကိုင်တွေကို ထိခိုက်လာနိုင်လား အစားထိုးလာနိုင်လား

AI စနစ်တွေဟာ ယနေ့ခေတ် ခေတ်ပေါ်အလုပ်တော်တော်များများကို သိပ်မကြာခင်မှာ အစားထိုးလာနိုင်တယ်ဆိုတာ ဖြစ်လာနိုင်ခြေအများကြီး ရှိနေပါတယ်။

AI ဟာ အလုပ်တိုင်းကို အစားထိုးလာမှာတော့ မဟုတ်ပေမယ့် သေချာတာတစ်ခုက AI ဟာ အလုပ်လုပ်တဲ့ ပုံစံတွေကို ပြောင်းလဲလာစေမှာပါ။ မေးစရာက AI ဟာ လုပ်ငန်းခွင်တွေမှာ ဘယ်လောက်မြန်မြန်နဲ့ အလိုအလျောက်အလုပ်လုပ်နိုင်တဲ့ စက်ပစ္စည်းတွေကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်းအစားထိုးလာနိုင်မလဲ ဆိုတာပါ။

AI ဟာ လောလောဆယ်မှာတော့ သူ့ဘာသာသူ အလုပ်မလုပ်နိုင်သေးပါဘူး။ ထပ်တလဲလဲ အကြိမ်ကြိမ် လုပ်နေရတဲ့ အလုပ်တွေ၊ လုပ်ရိုးလုပ်စဉ်ပုံမှန် အလုပ်‌တွေမှာတော့ အစားထိုးသွားမှာ သေချာပေမယ့် တခြားအလုပ်တွေကို လုပ်ကိုင်နေသူ‌တွေဟာ generative AI လိုမျိုး AI tools တွေကို သုံးပြီးတော့ အကျိုးရှိရှိ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ကိုင်လာနိုင်မှာပါ။

AI ကျွမ်းကျင်သူတွေကြားထဲမှာလည်း AI တွေဟာ လူသားတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို ဘယ်အချိန်မှာ ကျော်သွားနိုင်မလဲဆိုတဲ့ အမြင်ပေါင်းများစွာ ရှိနေပါတယ်။

အထိန်းအကွက် လုံးဝမလိုပဲ အလိုအလျောက်မောင်းနှင်နိုင်တဲ့ လူအစားထိုးယာဉ်တွေဆိုတာ ခုချိန်မှာ တကယ်မရှိသေးပေမယ့် ခန့်မှန်းချက်များအရဆိုရင် မောင်းသူမဲ့ ကုန်တင်ယာဉ်လုပ်ငန်းဆိုတာမျိုး တစ်ခုပေါ်လာတာနဲ့တင် US မှာတင် အလုပ်‌ပေါင်း 5 သိန်းကျော်ကို အစားထိုးသွားမှာပါ။ ဒါဟာ စာပို့သမား‌တွေ အငှားယာဉ်မောင်းသူ‌‌တွေအပေါ် အကျိုးသက်ရောက်တာတွေကို ထည့်မစဉ်းစားထားသေးပါဘူး။

AI ဟာ တကမ္ဘာလုံးမှာရှိတဲ့ အလုပ်တွေရဲ့ 18% လောက်ကို အစားထိုးသွားနိုင်ပြီး အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ ဗိသုကာနဲ့ အင်ဂျင်နီယာပိုင်းဆိုရာ အလုပ်တွေရဲ့ 3 ပုံ 1 ပုံကနေ ထက်ဝက်နီးပါးအထိ အစားထိုးသွားနိုင်ပါတယ်။ construction လုပ်ငန်း‌တွေ၊ installation and repair လုပ်ငန်းတွေ၊ maintenance အလုပ်တွေ စတာတွေမှာတော့ များများစားစား အစားထိုးမလာနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

Related