Nvidia ဟာ 2023 second quarter အရောက်မှာ ဒေါ်လာ 11 billion ကျော်အထိ ဝင်ငွေရှိခဲ့ပြီး first quarter မှာ ရရှိခဲ့တဲ့ ဝင်ငွေထက် 53% အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ChatGPT အလွန်အောင်မြင်လာခြင်းနဲ့ AI race ထဲကို နည်းပညာကုမ္ပဏီ အားလုံးနီးပါး ပါဝင်လာကြတာကြောင့်ပဲ ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီများက AI ကို အမီလိုက်ဖို့ ကြိုးစားကြတဲ့အခါ generative AI နဲ့ ChatGPT တို့လို large language model တွေကို ထုတ်လုပ်နိုင်ဖို့ကြိုးစားကြပါတယ်။ ဒီလို AI language model တွေကို train ဖို့အတွက်ဆိုရင် processing power အဆမတန် လိုအပ်ပါတယ်။ Nvidia ရဲ့ GPU တွေမှာ သုံးထားတဲ့ memory များများပါတဲ့ chip တွေဟာ သူတို့ လိုအပ်နေတဲ့ processing power ကိုအကောင်းဆုံး ပေးနိုင်ပြီး အသင့်တော်ဆုံးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီကြီးတွေဟာ data center အသစ်တွေတည်ဆောက်ပြီး AI တွေ train ဖို့အတွက် Nvidia စီက GPU တွေ အမြောက်အများဝယ်ယူခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Nvidia ရဲ့ ဝင်ငွေ၊ revenue ကို မြင့်တက်လာစေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေ အပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် Nvidia အတွက်တော့ အခုလက်ရှိလုပ်ဆောင်နေဆဲ project တွေအတွက်သာမက အနာဂါတ်မှာ ဆက်လက်လုပ်ဆောင်သွားမယ့် project တွေအတွက် အလွန်မျက်နှာပန်းလှနေပြီပဲ ဖြစ်ပါတယ်။
တကယ်လို့များ မိတ်ဆွေဟာ AI ရဲ့ အလားအလာကို သိတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း လုပ်ချင်တယ်၊ ဒါပေမဲ့ OpenAI လို ကုမ္ပဏီမျိုးမှာ ရင်းနှီးမြှုပ်နှံဖို့ဟာလည်း အဆင်မပြေနိုင်ဘူးဆိုရင် AI model တွေ train ဖို့ လိုအပ်တိုင်း Nvidia ဆီက GPU တွေကို ဝယ်ယူနေရမှာဖြစ်တာကြောင့် AI နဲ့ တပြိုင်တည်း ဈေးလိုက်တက်လာနိုင်တဲ့ Nvidia Share တွေကိုသာ ဝယ်ယူပြီး အမြတ်အစွန်း ရယူနိုင်မှာဖြစ်ပါတယ်။ (No Financial Advise)
အခုအချိန်မှာ တန်ကြေး ၁၀၀၀ ဘီလျံထိ ရောက်ရှိပြီး 1 trillion ဒေါ်လာကျော်ပြီဖြစ်တဲ့ ကုမ္ပဏီအရေအတွက်ဟာ အလွန်နည်းပါးသေးပြီး Meta နဲ့ Tesla တို့လို ကုမ္ပဏီတွေတောင် trillion-dollar company တွေထဲ ပါဝင်ခြင်း မရှိသေးပါဘူး။
ref : https://techcrunch.com/2023/05/30/welcome-to-the-trillion-dollar-club-nvidia/