AI tools တွေက image manipulation လောကကို အပြီးတိုင် ကြီးစိုးလာတော့မှာလား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

AI လို့ ဆိုလိုက်တာနဲ့ ChatGPT လောက်ပဲ ထင်ရင် မှားသွားမှာပါ။ AI ရဲ့ တိုးတက်ပြောင်းလဲမှု‌တွေဟာ မပြီးဆုံးသေးသလို အခုမှ အစပဲရှိသေးတာပါ။ အဲ့ဒီအထဲမှာမှ ဓာတ်ပုံတွေကို မျိုးစုံချယ်လှယ်ပြောင်းတဲ့နေရာ‌တွေမှာလည်း AI ရဲ့ အခန်းကဏ္ဍကြီးတစ်ခုလုံး ဝင်ရောက်လာတော့မှာပါ။

ယခုပြောပြမယ့်အရာက သုတေသနပြုလုပ်တုန်းအဆင့်မှာပဲ ရှိသေးပေမယ့် အရမ်းကို အထင်ကြီးစရာ အံအားသင့်စရာကောင်းနေပါပြီ။ ပုံထဲမှာ ရှိတဲ့ အရာတစ်ခုခုကို စမှတ်နဲ့ ဆုံးမှတ် သတ်မှတ်ပေးလိုက်ရုံနဲ့ ထိုအရာကို အလိုက်ဖက်ဆုံး ယုတ်တိအရှိဆုံးဖြစ်အောင် AI ကပဲ ပြင်ပေးသွားမှာဆိုရင် ယုံနိုင်စရာကောင်းပါ့မလား။ ယခုပြောခဲ့တဲ့အရာဟာ စိတ်ကူးယဉ်သက်သက်မဟုတ်တော့ပါဘူး။

ပုံထဲက ‌ကားကို 3D object တစ်ခုလိုမျိုး နေရာရွှေ့ခိုင်းမလား၊ ‌ပုံထဲက ခွေးတစ်ကောင်ကို ပါးစပ်ဟခိုင်းမလား ထိုင်ခိုင်းမလား၊ ပုံထဲမှာ ခါးထောက်နေတဲ့လူတစ်ယောက်ကို လက်ဘေးချခိုင်းမလား၊ စတာတွေကို photoshop ပညာရှင်တွေကို အားကိုးစရာမလိုပဲ ယုတ်တိရှိရှိ ပုံစံပေါ်အောင် AI ကနေတစ်ဆင့် ပြုလုပ်နိုင်နေပါပြီ။

ယခုဆိုရင် AI ကနေ စာရိုက်ပြီး ပုံပြန်ထုတ်လို့ရတဲ့ tools တွေ ပေါ်နေပြီဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ GAN လို့ ခေါ်တဲ့ AI tools တွေ အသုံးပြုပြီးတော့ AI ပုံတွေကို စာရိုက်ပြီး ထုတ်နိုင်ပေမယ့် ထွက်လာတဲ့ပုံတွေဟာ ပုံစံမကျတာ‌တွေ၊ လွဲနေတာလေးတွေ စတဲ့ error လေးတွေ ရှိနေပါသေးတယ်။ ယခု သုတေသနမှာ DragGAN လို့ခေါ်တဲ့ AI tool ကို အသုံးပြုပြီး ပုံတစ်ပုံကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပြောင်းလဲလို့ ရနေပါပြီ။ ဒါကြောင့် text-to-image AI ကထွက်လာတဲ့ လွဲနေတဲ့ပုံနေရာတွေကိုလည်း ယခု AI tool က ဖြေရှင်းပေးနိုင်သွားမှာပါ။

ထို AI tool ကို သုတေသနလုပ်နေသူတွေက သူတို့ရဲ့ AI ဟာ ပုံတစ်ပုံရဲ့ ရှိပြီးသား pixels တွေကို ပြောင်းလဲပြုပြင်လိုက်တာထက် ထိုပုံနဲ့ဆင်တူတဲ့ ပုံအသစ်တစ်ပုံကို ကိုယ်ပြောင်းလဲချင်တဲ့ပုံစံအတိုင်း ထုတ်ပေးတာပါလို့ ဆိုထားပါတယ်။ ထိုသုတေသနပညာရှင်တွေက သူတို့ရဲ့ AI ဟာ ခြင်္သေ့ပါးစပ်ထဲက သွားတွေလိုမျိုး ပုံထဲမှာပိတ်ထားတဲ့အရာတွေကိုလည်း ပါးစပ်ဟခိုင်းချိန် ပုံဖော်နိုင်ပြီး မြင်းခြေထောက်ကဲ့သို့ အရာတွေကို ရွှေ့တဲ့နေရာမှာလည်း ပုံစံမှန်အောင် အချိုးအစားပြန်ချနိုင်တယ်လို့ ဆိုထားပါတယ်။

ယခုလိုတွေ လုပ်နိုင်တယ်ဆိုပေမယ့် ဒါဟာ demo အဆင့်မှာပဲရှိသေးပြီး ဒီနည်းပညာဟာ ဘယ်လောက်ထိ အရေးပါလဲ တန်ဖိုးရှိလဲဆိုတာ ဆုံးဖြတ်ဖို့ မလွယ်သေးပါဘူး။ ဒီ AI tools အသုံးပြုပြီး ထွက်လာတဲ့ပုံတွေဟာ ဘယ်လောက်ထိ သဘာဝကျလဲ ပြင်ထားမှန်းသိသာသလား စတဲ့အချက်တွေပေါ်လည်း မူတည်နေဦးမှာပါ။ ဒါပေမယ့်လည်း ပုံတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ tool တစ်ခုအ‌နေနဲ့တော့ အနည်းဆုံး ပေါ်ထွက်လာမှာပါ။

ထို AI tool ကို သုတေသနလုပ်ပြထားတဲ့ video တွေကို အောက်ပါ link ကနေ တစ်ဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Reference : “New AI research lets you click and drag images to manipulate them in seconds” by The Verge

Related