AI Supercomputer တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ Elon Musk

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Chip တွေ ထုတ်လုပ်ပြီး ဒေါ်လာ trillion ကျော်တန်ကြေးရှိနေတဲ့ Nvidia တန်ဖိုးတက်လာမှုဟာ generative AI နာမည်ကြီးလာမှုနဲ့အတူ ပြန်တိမ်မြုပ်မှာလား?

Elon Musk ကတော့ ဒီအဆိုကို သဘောတူမှာမဟုတ်ပါဘူး။ Tesla ရဲ့ CEO ဖြစ်သူ Elon Musk ဟာ Nvidia ဆီက A100 tensor core GPU တွေ အများကြီးမရနိုင်တဲ့အတွက်ကြောင့် Dojo လို့ နာမည်ပေးထားတဲ့ AI supercomputer တစ်ခုအတွက် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေပါတယ်။

Electronic Vehicle (EV) ပိုင်းမှာ အမြော်အမြင်ရှိသူတစ်ဖြစ်လဲ Elon Musk ဟာ တစ်ခုကို ဒေါ်လာ ၁၅,၀၀၀ တန်ကြေးရှိနေတဲ့ သူ့ရဲ့ Full Self-Driving (FSD) ကို train ဖို့ အတွက်ရော၊ နေ့စဉ်အလုပ်တွေကို အကျိုးရှိရှိ လုပ်ဆောင်နိုင်မယ့် ယခုလက်ရှိ တီထွင်ဆောက်လုပ်ဆဲ သူ့ရဲ့ Optimus humanoid robots တွေကို train ဖို့ အတွက်ပါ ထို GPU တွေကို အများအပြားလိုအပ်နေတာပါ။

Musk ဟာ နှစ်ဝက်ပိုင်း Tesla ပိုင်ဆိုင်မှုဆွေးနွေးပွဲမှာ ဆန်းစစ်သူတွေကို Nvidia သာ သူ့ကို GPU လုံလုံလောက်လောက် ထောက်ပံ့နိုင်မယ်ဆိုရင် Dojo ‌ဆိုတာတောင် လိုလာမှာ မဟုတ်ပေမယ့် Nvidia မှာက ဝယ်သူအရမ်းများလွန်းနေတယ်လို့ မှတ်ချက်ပေးသွားပါသေးတယ်။

ပုံမှန်ဆိုရင် Elon ဟာ သူ့ရဲ့အဖွဲ့ဆီက အကောင်းဆုံးဆိုတာကိုပဲ တောင်းဆိုတတ်ပေမယ့်လည်း Nvidia က chips တွေ ဝယ်ယူတာထက် သူ့ရဲ့ နောက်ဆုံးပေါ် project က သာလွန်လိမ့်မယ်လို့တောင် မသေချာဘူးလို့ ပြောခဲ့ပါတယ်။ Nvidia CEO ဖြစ်သူ Jensen Huang ကို ချီးမွန်းနေပြီး သူ့ရဲ့ order တစ်ချို့ကို ဦးစားပေး ပို့ပေးတာကြောင့်လည်း ကုမ္ပဏီကို ကျေးဇူး‌တွေ တင်နေပါသေးတယ်။ Nvidia ဘက်က ပို့မယ်ဆိုတာနဲ့ ယူဖို့အဆင်သင့်ပါပဲလို့ ဆိုပါတယ်။

Tesla ဟာ တခြားစီးပွားရေး ပြိုင်ဘက်တွေထက် AI chip တွေကို အလောတကြီး ဝယ်လိုအားများနေပြီး ဒါဟာ နောက်နှစ်အကုန်မှာ 100 exaFLOPS ဆိုတဲ့ တွက်ချက်နိုင်စွမ်းအလွန်မြင့်တဲ့ supercomputer လုပ်ဆောင်နိုင်စွမ်းအထိ ရရှိနိုင်အောင် ကြိုးပမ်းနေကြတာပါ။ ယခုလိုလုပ်ဆောင်နိုင်စွမ်းသာ ရရှိလာခဲ့ရင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅ ခုကို အသာလေး ဖုံးလွမ်းသွားနိုင်တယ်လို့ Tesla ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

Reference: Elon Musk says Tesla will spend $1 billion to build a ‘Dojo’ A.I. supercomputer—but it wouldn’t be necessary if Nvidia could just supply more chips by Fortune

Related