“AI Editing Tools တွေကို လူတိုင်းကိုပေးသုံးတော့မယ့် Google”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ပုံတွေကို ပြုပြင်လို့ရတဲ့ Magic Editor၊ Photo Unblur၊ Magic Eraser နဲ့ တခြား‌သော features ပေါင်းစုံကို Google Photos သုံးစွဲသူတွေအတွက် subscription မလိုအပ်ဘဲ Free အသုံးပြုလို့ရမယ်လို့ သိရပါတယ်။

ဒီလို tools တွေကိုသုံးပြီး ကိုယ့်ရဲ့ပုံတွေကို အလန်းစားပြုပြင်လို့ ရတော့မှာပါ။ ပုံတွေကို မှန်မှန်ကန်ကန် ပြုပြင်တတ်တဲ့ skills မလိုဘဲ နောက်ခံ background မှာ ရှုပ်နေတဲ့အရာတွေကို အလွယ်တကူ ဖယ်ရှားနိုင်ဖို့နဲ့ မပီမသရိုက်ချက်တွေကို အတော်အတန်ကြည်လာအောင် စွမ်းဆောင်နိုင်တဲ့ tools တွေကို သုံးစွဲသူတွေအတွက် ထောက်ပံ့ပေးတော့မယ်လို့ သိရပါတယ်။

မေလ 15 ရက်နေ့က စတင်ပြီးတော့ Magic Eraser၊ Photo Unblur နဲ့ Portrait light လိုမျိုး AI စွမ်းအင်သုံး ပုံပြင်တဲ့ tools များစွာကို Google Photos မှာ ဘယ်သူမဆို စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ပေးဖို့ရာ မလိုအပ်ဘူးလို့လည်း သိရပါတယ်။ Pixel tablets တွေ အပါအဝင် တခြား devices မျိုးစုံမှာ အသုံးပြုလို့ရမှာပါ။

အရင်နှစ်က Pixel 8 နဲ့ Pixel 8 Pro မှာ Magic Editor ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Generative AI ရဲ့ အကူအညီနဲ့ ဒီ editor က ရှုပ်ထွေးတဲ့ photo editing ပိုင်းတွေဖြစ်တဲ့ object တစ်ခုကို ကိုယ်ရွေ့ချင်တဲ့နေရာကို ပြောင်းတာမျိုး ဒါမှမဟုတ် ကောင်းကင်ပြာကနေ မီးခိုးရောင်ကို ပြောင်း လဲတာမျိုးတွေကို အလွယ်တကူ လုပ်ဆောင်လို့ ရစေပါတယ်။ အခု Pixel devices အကုန်လုံးမှာ Magic Editor ကို အသုံးပြုလို့ရအောင် တိုးချဲ့လုပ်ဆောင်နေပါတယ်။

အဲ့ဒါအပြင် Android နဲ့ iOS မှာရှိတဲ့ Google Photos အသုံးပြုသူအားလုံးက Magic Editor သုံးပြီး ပြင်ထားတဲ့ ပုံတွေကို တစ်လမှာ 10 ခု သိမ်းဆည်းလို့ ရနိုင်မှာဖြစ်ပါတယ်။ ဒီ့ထက်ပိုသုံးချင်ရင်တော့ Pixel device ဒါမှမဟုတ် Premium Google One plan (2TB နဲ့ အထက်) ကို ဝယ်သူသုံးစွဲရမှာ ဖြစ်ပါတယ်။

ဒီ tools တွေကို အသုံးပြုဖို့ရာ ကိုက်ညီတဲ့ devices တွေအတွက် မေလ ၁၅ ရက်ကစပြီး ရက်သတ္တပတ်တွေအတွင်းမှာ ဖြည်းဖြည်းချင်း စတင်ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့ photos တွေကို အလန်းစားဖြစ်သွားအောင် ပြုပြင်ရာမှာ အထောက်အကူဖြစ်စေဖို့ Google Photos က tools တွေကိုလည်း မေ့မထားသင့်ပါဘူး။

Reference: AI editing tools are coming to all Google Photos users by Google Blog

AMC HACKS

Related