Taiwan Semiconductor Manufacturing Corp (TSMC) က chip ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာ့အကြီးဆုံးအဖြစ် အလျင်အမြန်ကြီးထွားလာပြီးတော့ AI နယ်ပယ်မှာ ဝယ်လိုအား တက်လာတာနဲ့အမျှ အကျိုးအမြတ် တိုးလာတာကြောင့် ပထမသုံးလပတ် အမြတ်က မျှော်မှန်းထားတာထက် ပိုပြီးအားကောင်းနေပါတယ်။
TSMC ရဲ့ အသားတင်ဝင်ငွေက မတ်လ ၃၁ ရက်နေ့အထိ သုံးလတာအတွက် T$ 225.49 ဘီလျံအထိ မြင့်တက်လာပြီးတော့ Reuters ခန့်မှန်းချက်ဖြစ်တဲ့ T$ 218.1 ဘီလျံ ($ 6.7 ဘီလျံ) ထက်တောင် ပိုများနေပါတယ်။ အရင်နှစ်က အသားတင်ဝင်ငွေ T$ 206.99 ဘီလျံထက်လည်း ပိုပြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
chip တွေရဲ့ ဝယ်လိုအား တက်လာတာနဲ့အမျှ ထုတ်လုပ်မှုအပိုင်းရဲ့ ကုန်ကျစရိတ်တွေလည်း တိုးမြင့်လာပါတယ်။ အသုံးစရိတ်တွေက 2024 quarter 1 မှာ $5.24 ဘီလျံ ကနေ $5.77 ဘီလျံ ထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
2023 ခုနှစ်တုန်းက TSMC အတွက် chip ဝယ်လိုအားနည်းပါးခဲ့တာကြောင့် ရုန်းကန်ခဲ့ရပေမယ့် မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်ရဲ့ ဝယ်လိုအားက သိသိသာသာကို မြင့်တက်လာတာပါ။ အဲ့ဒါအပြင် ပထမသုံးလပတ်အထိ ထိုင်ဝမ်ဒေါ်လာတန်ဖိုး ကျဆင်းတာကနေလည်း ဒေါ်လာငွေရရှိမှုမှာ အကျိုးအမြတ်ရရှိခဲ့သေးတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် AI နယ်ပယ်မှာ chipတွေ ၀ယ်လိုအား ကြီးထွားလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ chip ဝယ်လိုအားတွေက TSMC ကိုပဲ အဓိက အားထားနေကြတာကြောင့် ဒီနယ်ပယ်မှာ အတော်လေး အရေးပါအရာရောက်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာတယ်လို့ ဆိုရပါမယ်။
TSMC က ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် chip ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ သူရဲ့ ဖောက်သည်တွေထဲမှာ Nvidia နဲ့ Apple တို့လို ကမ္ဘာ့ကုမ္ပဏီကြီးတွေ အပါအဝင်ပဲ ဖြစ်ပါတယ်။
TSMC က လက်ရှိဈေးကွက်မှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ AI chips တွေကို ထုတ်လုပ်နိုင်တာကြောင့် Nvidia ရဲ့ TSMC ဆီကနေ chip ဝယ်လိုအားများနေပြီးတော့ အဓိက source တစ်ခုအနေနဲ့ကို ရှိနေတယ်လို့ သိရပါတယ်။
Morgan Stanley မှ လေ့လာသုံးသပ်သူတွေ အဆိုအရ ဒုတိယ quarter မှာ အမြတ်ရရှိမှုက ခန့်မှန်းထားတာထက် အလားအလာကောင်းပေမယ့်လို့ တစ်နှစ်လုံးစာ ခန့်မှန်းချက်အရက ပြင်ဆင်မွမ်းမံထားတာ မရှိသေးတဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားပါတယ်။
စမတ်ဖုန်း၊ PC၊ မော်တော်ယာဥ်နဲ့ အထွေထွေဆာဗာတွေ အပါအဝင် AI မဟုတ်တဲ့ ၀ယ်လိုအားတွေကလည်း တဖြည်းဖြည်းနဲ့တော့ နေရာပြန်ယူလာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ Morgan Stanley က 2024 ခုနှစ်မှာ AI တိုးတက်မှုအလားအလာအပေါ်အခြေခံပြီးတော့ စတော့ရှယ်ယာဈေးတွေ ထပ်ဆင့်ပြန်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
Reference: TSMC Q1 profit beats expectations on AI demand by Investing.com
AMC HACKS