“AI Chips အသစ်တွေ ထပ်မံမိတ်ဆက်လိုက်ပြန်တဲ့ Nvidia”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Nvidia ရဲ့အရင် generation ထက် အဆ 30 ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်တယ်လို့ ကြေညာချက်နဲ့အတူ နောက် ဆုံးပေါ်ဉာဏ်ရည်တု (AI) chip ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ကုမ္ပဏီဟာ စျေးကွက်ဝေစု 80% ရှိပြီး သူရဲ့လွှမ်းမိုးမှုကို ခိုင်မြဲစေဖို့လည်း မျှော်လင့်ထားတာဖြစ်ပါတယ်။

B200 “Blackwell” chip အပြင်၊ အမှုဆောင်အရာရှိချုပ် Jensen Huang က နှစ်ပတ်လည် developer conference မှာ software tool အသစ်တစ်ခုကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ Nvidia ဟာ Microsoft နဲ့ Apple တို့ရဲ့နောက် US မှာ တတိယတန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်ပါတယ်။ သူ့ရဲ့ရှယ်ယာတွေက ပြီးခဲ့တဲ့နှစ်မှာတင် 240% အထိ တက်လာပြီးတော့ စျေးကွက်တန်ဖိုးကလည်း ပြီးခဲ့တဲ့
လတုန်းက $2 trillion (£1.57 trillion) ထိရှိခဲ့တာဖြစ်ပါတယ်။

Mr Huang က ညီလာခံစတင်ချိန်မှာတော့ ဒါဟာ ဖျော်ဖြေပွဲမဟုတ်ဘူးဆိုတာ သဘောပေါက်ကြမယ်လို့ မျှော်လင့်ကြောင်း ရွှတ်နောက်နောက် ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ ပွဲတက်ရောက်လာတဲ့ Technalysis Research မှ Bob O’Donnell က အပြောကတော့ဟုတ်နေတာပဲလို့ BBC ကိုပြောပါတယ်။Tech Industry မှာ ဒါမျိုးမတွေ့ရတာတော့ အတော်ကြာပါပြီ။ တကယ်တော့ လူတစ်ချို့က Steve Jobs ရဲ့ အစောပိုင်းကာလတွေမှာလုပ်တဲ့ presentation တွေနဲ့ နှိုင်းယှဉ်နေကြတာဖြစ်ကြောင်းလည်း ဆိုပါသေးတယ်။

Amazon၊ Google၊ Microsoft နဲ့ OpenAI အပါအဝင် customers အများအပြားက cloud-computing services တွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် AI services တွေမှာ ကုမ္ပဏီရဲ့အထင်ကရ chip အသစ်ကိုအသုံးပြုဖို့မျှော်လင့်ထား‌နေကြကြောင်း Nvidia မှ ပြောကြားခဲ့ပါတယ်။

microservices လို့ခေါ်တဲ့ software tools အသစ်တွေက လုပ်ငန်းတစ်ခုအတွက် AI model ကို ပိုမိုလွယ်ကူ‌စေဖို့အတွက် စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

အခြားကြေငြာချက်တွေမှာဆိုရင် vehicles အတွင်းမှာ chatbots သုံးနိုင်တဲ့ကားတွေအတွက် chip series တစ်ခုကိုလည်း တီထွင်ထားကြောင်းသိရပါတယ်။ တရုတ်လျှပ်စစ်ကားထုတ်လုပ်တဲ့ BYD နဲ့ Xpeng တို့က ဒီ chip အသစ်တွေကို အသုံးပြုမှာဖြစ်တယ်လို့ ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

Mr Huang က လူသားဆန်တဲ့ စက်ရုပ်တွေကို ဖန်တီးဖို့အတွက် chip series အသစ်ကို အကြမ်းဖျင်းဖော်ပြခဲ့ပြီး robot အများအပြားကို စင်မြင့်ပေါ်ကိုတက်ရောက်ဖို့ ဖိတ်ခေါခဲ့ပါသေးတယ်။

1993 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Nvidia က အဓိကအနေနဲ့ ကွန်ပျူတာဂိမ်း‌တွေအတွက် ဂရပ်ဖစ်တွေကို လုပ်ဆောင်ပေးတဲ့ ကွန်ပျူတာ chip အမျိုးအစားတွေ ဖန်တီးတဲ့နေရာမှာ နဂိုတည်းက နာမည်ရနေပြီးဖြစ်ပါတယ်။

AI တွေ ခေတ်မထခင်ကတည်းက machine တွေ learn လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်စေတဲ့ features တွေကို သူ့ရဲ့ chip တွေမှာ စတင်ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကလည်း သူရဲ့ ရှယ်ယာဈေးကို မြင့်တက်စေခဲ့တဲ့ အကြောင်းအရင်းထဲက တစ်ခုပါပဲ။

AI အသုံးချနည်းပညာက စီးပွားရေးလောကတစ်ခွင်မှာ ဘယ်လောက်မြန်မြန် ပျံ့နှံ့လာမယ်ဆိုတာကို ကြည့်ရှုဖို့ အဓိကကုမ္ပဏီထဲက တစ်ခုအဖြစ်မြင်လာရပါပြီ။ ဒါပေမဲ့ AMD နဲ့ Intel တို့လို ပြိုင်ဘက်တွေဆီကနေ ပြိုင်ဆိုင်မှုတွေကလည်း အရှိန်မြှင့်လာနေပါတယ်။

Mr O’Donnell က “Nvidia က ရှယ်ယာတချို့ဆုံးရှုံးသွားရင်တောင် လူတိုင်းအတွက်အခွင့်အလမ်းတွေ အများကြီးရှိတာကြောင့် သူတို့ရဲ့လုပ်ငန်းတစ်ခုလုံးကို ပြန်လည်ကြီးထွားနိုင်သေးတဲ့အကြောင်းပြောကြားခဲ့ပါတယ်။

Reference: Nvidia: US tech giant unveils latest artificial intelligence chip by BBC

AMC HACKS

Related