AI Chip ထုတ်လုပ်မှုမြှင့်တင်လိုက်တဲ့ Nvidia

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ChatGPT လိုမျိုး generative AI model တွေကို train ဖို့အတွက် Chip တွေရဲ့ ဝယ်လိုအား တစ်ဟုန်ထိုးမြင့်တက်လာတာနဲ့အမျှ Nvidia ဟာ wall street ဘက်က မျှော်လင့်ထားတာထက် ကြိုတင်ပြီး ဝင်ငွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အခုလို ပြောကြားလိုက်တဲ့အတွက်လည်း Nvidia ရဲ့ စတော့ဈေးနှုန်းဟာ after market trading မှာ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် chip ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Nvidia ဟာ နောက် ၃ လအကြာ July လကုန်မှာ သူတို့ရဲ့ ရောင်းအားဟာ $11 billion အထိ ရောက်ရှိဖို့ မျှော်လင့်ထားတယ်လို့ ဆိုထားပါတယ်။ ဒါဟာ ဆန်းစစ်စီစစ်သူတွေ ခန့်မှန်းထားတဲ့ $7.2 billion ပမာဏထက် ၅၀ ရာခိုင်နှုန်းကျော် ပိုများနေပြီး နည်းပညာရပ်ဝန်းမှာ AI ကြောင့် ရရှိတဲ့ အကြီးမားဆုံး ကာလတို အကျိုးခံစားခွင့်ဖြစ်သွားခဲ့ပါတယ်။

ယခုလို ကြိုတင်ခန့်မှန်းချက်ကြောင့် Nvidia ရဲ့ ရှယ်ယာဟာ ၂၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီး ဒီနှစ်အစတုန်းက နှုန်းထားထက် ၂ ဆကျော် မြင့်တက်သွားတာပါ။ ဒါကြောင့် stock ဈေးကွက်မှာလည်း Nvidia ရဲ့တန်ဖိုးဟာ $ 960 billion အထိ ရောက်ရှိသွားပါပြီ။

Nvidia ရဲ့ chief executive ဖြစ်သူ Jensen Huang က ထိုးတက်လာတဲ့ ဝယ်လိုအားတွေကို မှီနိုင်ဖို့ သူတို့ရဲ့ data centre chips တွေကို သိသိသာသာ တိုးပြီး ထုတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ အဲ့အထဲမှာမှ H100 ဆိုတဲ့ ယခုနှစ်ထဲမှာ ထွက်ထားတဲ့ chip လည်း ပါဝင်ပြီး ထို chip ဟာ OpenAI ရဲ့ GPT-4 လိုမျိုး large language models တွေကို ကိုင်တွယ်နိုင်ဖို့ ပုံ‌ဖော် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

နည်းပညာရပ်ဝန်းမှာ ပိုမိုကြီးမားတဲ့ AI models တွေကို အပြိုင်အဆိုင်ထုတ်လုပ်လာတာကြောင့် တစ်ချို့ customers တွေဟာ ယခုနှစ်အစောပိုင်းကမှ စတင်ရောင်းချတဲ့ H100 chips တွေ ရှားပါးလာမှာကို တိတ်တဆိတ် စိုးရိမ်နေကြပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် ၄ ပုံ ၁ ပုံရဲ့ ပထပိုင်းမှာတင် Nvidia ဟာ data centre တွေကို $ 4.28 billion အထိ ရောင်းချနိုင်ခဲ့တာကြောင့် အရမ်းအကောင်းမြင်လွန်းလှတဲ့ စီစစ်သူတွေရဲ့ ခန့်မှန်းချက်ကိုတောင် ကျော်လွန်နေပါသေးတယ်။ ကုမ္ပဏီဘက်မှလည်း AI အတွက်ထုတ်ပေးတဲ့ chip တွေဖြစ်တဲ့ H100 နဲ့ A100 chip တွေရဲ့ ရောင်းချမှုနှုန်း အရမ်းကောင်းတယ်လို့ ဆိုထားပါသေးတယ်။

ယခုနှစ် ပထမပိုင်းမှာတင် data centre တွေကို ရောင်းချနှုန်းဟာ တစ်နှစ်စာ ပျမ်းမျှနှုန်းထားဖြစ်တဲ့ $ 17 billion အထိ ရှိနေပေမယ့် Nvidia ဟာ နောက် ၃ လအကြာမှာ သူတို့ရဲ့ ရောင်းချနှုန်း ၂ ဆအထိ မြင့်တက်သွားမယ်လို့ ခန့်မှန်းထားတာပါ။ ယခုလို မြင့်တက်လာတာဟာ အနယ်နယ်အရပ်ရပ်မှ consumer internet companies တွေ၊ cloud computing providers တွေနဲ့ enterprise customers က သူတို့ရဲ့ လုပ်ငန်းတွေမှာ generative AI ကို အပြေးအလွှား ထည့်သွင်းလာကြတာကြောင့် ဖြစ်တယ်လို့ chief financial officer ဖြစ်သူ Colette Kress က ဆိုထားပါတယ်။

ဒါကြောင့် နေရာစုံမှာ AI ဟာ အနှေးနဲ့အမြန် နေရာယူလာမှာ ဖြစ်ပြီး မသိလိုက်သေးခင်မှာပဲ လုပ်ငန်းတွေမှာ AI နဲ့ ယှဉ်တွဲအလုပ်လုပ်ရတော့မှာ ဖြစ်ပါတယ်။

Reference: “Nvidia expects revenue boom as AI drives chip demand” by Financial Times

Related