“AI Camera တွေက ကျောင်းတွင်းပစ်ခတ်မှုတွေကို တားဆီးနိုင်မှာလား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကျောင်းတွင်းပစ်ခတ်မှုတွေ သိသိသာသာ မြင့်တက်လာပြီးတဲ့နောက် အမေရိကန်လွှတ်တော်အမတ်တွေက ကျောင်းမြေပြင်မှာ သေနတ်များကို ရှာဖွေနိုင်ဖို့ရာအတွက် AI စနစ်သုံး ကင်မရာများကို အကောင်အထည် ဖော်ဖို့ရာ စဉ်းစားနေကြပါတယ်။

နိုင်ငံတစ်ဝှမ်း ကျောင်းတွင်းပစ်ခတ်မှုတွေ မြင့်တက်လာပြီးတဲ့နောက် ကျောင်းဘေးကင်းရေး အားကောင်းလာစေဖို့အတွက် အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ်မှ ဥပဒေပြုအမတ်တွေက ကျောင်းမြေပြင်မှာ သေနတ်များကို ရှာဖွေဖို့ရာအတွက် AI စနစ်သုံး ကင်မရာစနစ်ကို အသုံးပြုဖို့ရာ အဆိုပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းတွေ တည်ထောင်ထားတဲ့ ကုမ္ပဏီ ZeroEyes မှ ဒီနည်းပညာကို တီထွင်ထားတယ်လို့ သိရပါတယ်။

2021၊ 2022 နဲ့ 2023 ခုနစ်တို့မှာ ကျောင်းတွင်းပစ်ခတ်မှုတွေ မြင့်တက်လာပြီးတော့ 2008 ခုနှစ်နောက်ပိုင်းကစလို့ ဒီခုနှစ်တွေအတွင်းမှာ ပစ်ခတ်မှုအကြိမ်ရေ အများဆုံးဖြစ်တယ်လို့ CNN က ဖော်ပြထားပါတယ်။ 2023 ခုနှစ် တစ်ခုတည်းမှာကိုပဲ အနည်းဆုံး 82 မှု ဖြစ်ပွားခဲ့ပြီးတော့ 2022 မှာ အထူးသဖြင့် သေဆုံးသူ 46 ဦးထိ ရှိခဲ့ပါတယ်။

Kansas က ဒီ AI အသုံးချကင်မရာတွေကို ကျောင်းမှာတပ်ဆင်ဖို့ရာအတွက် ဒေါ်လာ ၅ သန်းအထိထောက်ပံ့မယ်လို့လည်း သိရပါတယ်။ သို့ပေမဲ့လည်း အုပ်ချုပ်ရေးမှူး Laura Kelly ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖလော်ရီဒါမှာရှိတဲ့ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ပစ်ခတ်မှုကနေ အစပြုပြီး ZeroEyes က ဒီနည်းပညာကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ ZeroEyes က လက်ရှိမှာ လက်နက်ရှာဖွေရေး program တွေထဲက အရည်အချင်းပြည့်မီတဲ့ တစ်ခုတည်းသော ကုမ္ပဏီပဲ ဖြစ်ပါတယ်။

Virginia Tech မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု (32 ဦးသေဆုံး၊ ဒီဇင်ဘာ 2023) နဲ့ Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှု (27 ဦး သေဆုံး၊ ဒုတိယသေဆုံးမှုအများဆုံး) လိုမျိုး ပစ်ခတ်မှုတွေကြောင့် ကျောင်းဘေးကင်းရေးစိုးရိမ်မှုက ပိုမို ကြီးထွားလာရပါတယ်။ ဒီပြဿနာအတွက် AI ကင်မရာစနစ်တွေက အလားအလာရှိတဲ့ ဖြေရှင်းချက်တစ်ခုလို့ ယူဆလို့ ရပါတယ်။

ZeroEyes ရဲ့ နည်းပညာအလုပ်လုပ်ပုံကတော့ –

Detection: ZeroEyes က သေနတ်လို့ ယူဆရတဲ့ အရာတွေကို ခွဲခြားစိတ်ဖြာဖို့အတွက် တိုက်ရိုက်ဗီဒီယိုဖိုင်တွေကို ကြည့်ရှုဖို့ရာ လက်ရှိလုံခြုံရေးကင်မရာတွေကို အသုံးပြုပါတယ်။

Verification: သေနတ်လို့ ယူဆရတဲ့အရာကို ခွဲခြားစိတ်ဖြာမိတာနဲ့ ZeroEyes Operations Center (ZOC) မှ နည်းပညာရှင်တစ်ဦးက သက်ဆိုင်ရာပုံက သေနတ် ဟုတ်မဟုတ်ကို အမြန်စစ်ဆေးပါတယ်။ နည်းပညာရှင်တွေက သေနတ်လို့ ယူဆရတဲ့ ပုံ‌တွေကိုသာ ကြည့်ရှုစစ်‌ဆေးပေးဖို့ လိုပါတယ်။

Response: နည်းပညာရှင်တစ်ဦးက သေနတ်ဖြစ် ကြောင်းကို အတည်ပြုပြီးတာနဲ့ 3-5 စက္ကန့်အတွင်းမှာ ZeroEyes က ကျောင်းအုပ်ချုပ်ရေးမှူးများနဲ့ သက်ဆိုင် ရာကို ချက်ချင်းသတိပေးပြီးတော့ သံသယရှိတဲ့ သေနတ်သမားအရေအတွက်နဲ့ တည်နေရာ အသေးစိတ်အချက် အလက်များကိုပါ ပေးဆောင်မှာပဲ ဖြစ်ပါတယ်။

Reference: Can AI Cameras Stop School Shootings? US Schools Test New Technology by NDTVWorld

AMCHACKS

Related