ပုပ်ရဟန်းမင်းကြီး Francis က အီတလီတောင်ပိုင်း Puglia ဒေသမှာ ကျင်းပမယ့် Artificial Intelligence (AI) ပိုင်းဆိုင်ရာ G7 ထိပ်သီးအစည်းအဝေးမှာ ပါဝင်ဆွေးနွေးသွားမယ်လို့ Holy See Press Office က သောကြာနေ့တုန်းက အတည်ပြုထားပါတယ်။
Puglia ဒေသမှာရှိတဲ့ Borgo Egnazia မှာ ဇွန်လ 13 ရက်ကနေ 15 ရက်အထိကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီး ပါဝင်မယ့်အကြောင်းကို အီတလီဝန်ကြီးချုပ် Giorgia Meloni ကလည်း အတည်ပြုပေးထားပါတယ်။
G7 ရဲ့ လုပ်ငန်းဆောင်တာမှာ ပုပ်ရဟန်းမင်းကြီး ပါဝင်လာတာ ဒါပထမဆုံး ဖြစ်ကြောင်းနဲ့ လာမယ့် စက်မှုလုပ်ငန်းဆိုင်ရာ 7 နိုင်ငံအုပ်စုအစည်းအဝေးမှာ ဧည့်သည်တော်တွေအတွက် စီစဉ်ထားတဲ့ outreach session မှာ ပါဝင်တက်ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် ဂျပန်တို့ ပူးပေါင်းပါဝင်မယ်လို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။
“အီတလီနိုင်ငံရဲ့ ဖိတ်ကြားချက်ကို လက်ခံတဲ့အတွက် ပုပ်ရဟန်းမင်းကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ သူ့ရဲ့တက်ရောက်ပေးခြင်းက ကျွန်တော်တို့နိုင်ငံနဲ့ G7 တစ်ခုလုံးစာအတွက် ဂုဏ်ယူစရာပါပဲ” လို့ Meloni က ဆိုပါတယ်။ အီတလီအစိုးရက Pontifical Academy for Life ကနေ တင်သွင်းထားတဲ့ Rome Call for AI Ethics of 2020 အပေါ်မှာ the Holy See ရဲ့ အဆိုပြုချက်ကို အလေးထားဆောင်ရွက်ဖို့ရှိကြောင်းလည်း ပြောပါတယ်။ Rome Call for AI Ethics of 2020 က အယ်လ်ဂိုရစ်သမ်ပိုင်းဆိုင်ရာကျင့်ဝတ်တွေကို အလေးထား လိုက်နာအသုံး ပြုစေဖို့ရာ ရည်ရွယ်ပါတယ်။
“ပုပ်ရဟန်းမင်းကြီးရဲ့ တည်ရှိမှုက AI အတွက် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ မူဘောင်တစ်ရပ်ကို သတ်မှတ်ရာမှာ ပြတ်ပြတ်သားသား ပံ့ပိုးကူညီမှုတွေ ပေးစွမ်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်” လို့ Meloni က ထပ်လောင်းပြောကြားထားပါသေးတယ်။
“နိုင်ငံတွင်းမှာပဲဖြစ်ဖြစ် နိုင်ငံတကာမှာပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုက လူသားတွေဆီက လာပြီး လူသားတွေက ကျင့်သုံးကြရတယ်၊ နောက်ပြီး ဒါက လူသားတွေအတွက်ပဲ” လို့ 1979 ခုနှစ်က ပုပ်ရဟန်းမင်းကြီး တစ်ပါးဖြစ်တဲ့ Saint John Paul II ရဲ့ အဆိုကို Meloni က ကိုးကားဖော်ပြခဲ့ပါသေးတယ်။
ပုပ်ရဟန်းမင်းကြီး Francis က 2024 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့မှာ ကျရောက်ခဲ့တဲ့ 57 နှစ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် သဝဏ်လွှာမှာ AI & Peace အတွက် လူသားတွေကို ဉာဏ်ပညာ ကွန့်မြူးကြရန်နဲ့ လူသားတွေလိုမျိုး ဝန်ဆောင်မှုပေးနိုင်တဲ့ AI systems တွေကို တီထွင်ကြံဆကြဖို့ရာ အကြံပေးပြောဆိုထားပါတယ်။
Reference: Pope Francis to participate in G7 session on AI by Vatican News
AMC HACKS