“AI ဟာ စစ်ရေးရာမှာပါ လူသားအစားထိုး ဖြစ်လာနိုင်လား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

လူသား မောင်းနှင်တဲ့ တိုက်လေယာဉ်နဲ့ AI ကနေ ထိန်းချုပ်ထားတဲ့ တိုက်လေယာဉ်တို့ကြားက ကမ္ဘာ့ပထမဆုံးသော တိုက်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

Edwards လေတပ်အခြေစိုက်စခန်းက လေ့ကျင့်မှုတစ်ခုမှာ F-16 တိုက်လေယာဉ်နှစ်စင်းက တစ်နာရီ မိုင် ၁၂၀၀ အမြန်နှုန်းနဲ့ ပျံသန်းခဲ့ပြီး dogfighting အမည်ရ ဝေဟင်တိုက်ပွဲအတွင်း မီတာ ၆၀၀ လောက်ထိ အနီးကပ်တိုက် ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တစ်စီးမှာ လူလိုက်ပါပြီးတော့ အခြားဂျက်လေယာဉ်က F-16 ကို ပြုပြင်မွမ်းမံထားတဲ့ X-62A အမည်ရ ဂျက် လေယာဉ်ပဲ ဖြစ်ပါတယ်။ VISTA (variable in-flight simulator test aircraft) လို့လည်း သုံးနှုန်းကြပါသေးတယ်။

ပျံသန်းနေစဉ်အတွင်းမှာ AI algorithm က လက်ရှိနဲ့ အနာဂတ်အခြေအနေတွေအတွက် ဆုံးဖြတ်ချက်များချဖို့ရာ ဖြစ်ပျက်ခဲ့ပြီးတဲ့ အချက်အလက် (historical data) တွေအပေါ် မူတည်ပြီး ခွဲခြမ်းစိတ်ဖြာကြောင်း ကာကွယ် ရေးအဆင့်မြင့်သုတေသနပရောဂျက်များအေဂျင်စီ (DARPA) အရ သိရပါတယ်။ machine learning ကို အသုံးပြုထားပြီး မြေပြင်မှာ စမ်းသပ်လေယာဉ်တွေနဲ့ နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့ကြောင်းလည်း ဆိုပါတယ်။

2020 တုန်းက ဒီ “AI agents” တွေက မြေပြင်ပွဲစဉ် 5 ခုလုံးမှာ လူသားလေယာဉ်မှူးတွေကို အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီနည်းပညာက လေထဲမှာပါ လက်တွေ့ ထိထိရောက်‌ရောက် လုပ်ဆောင်နိုင်ဖို့ရာ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက dog fight စမ်းသပ်မှုတွေမှာ စမ်းသပ်လေယာဉ်ဖြစ်တဲ့ X-62A ပေါ် အရေးပေါ်အခြေအနေအရ လေယာဉ်မှူးတွေပါ ရှိနေကြပေမယ့် သူတို့က မည့်သည့် control ကိုမှ ပြုပြင်ပြောင်းလဲဖို့ရာ မလိုအပ်ခဲ့ကြောင်း အခုအပတ်ထဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အာကာသယာဉ်သမိုင်းကို အသွင်ပြောင်းမယ့် အခိုက်အတန့်ကို ကိုယ်စားပြုတာပဲ ဖြစ်တယ်လို့ DARPA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။ ဘယ်လေယာဉ်က dogfight တိုက်ပွဲမှာ အနိုင်ရခဲ့တာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

AI နဲ့ ထိန်းချုပ်မယ့် ဝေဟင်ပစ်တိုက်ပွဲတွေကို အကောင်အထည်ဖော်ဖို့ ဆယ်စုနှစ်များစွာကြာအောင် ကြိုးပမ်းနေကြပေမယ့် လက်တွေ့မှာတော့ အခုအချိန်အထိ ဝေးကွာနေဆဲ အိပ်မက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း လေတပ်အတွင်းရေးမှူး Frank Kendall က ပြောကြားခဲ့ပါတယ်။

“2023 ခုနှစ်တုန်းက X-62Aကတိုက်ခိုက်ရေးလေကြောင်း မှာ အထင်ရှားဆုံး barrier တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ X-62A ACE အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။

အမေရိကန်လေတပ် စမ်းသပ်မှုကျောင်းမှ ကွပ်ကဲရေးမှူးဖြစ်တဲ့ Colonel James Valpiani က dogfighting ဟာ machine learning အတွက် အထူးသင့်တော်တဲ့ တိုက်ပွဲအမျိုးအစားတစ်ခုဖြစ်ကြောင်းလည်း ဆိုပါတယ်။ အဲ့ဒါအပြင် “dogfighting က အလွန်အန္တရာယ်များပါတယ်။ အဲ့ဒါကြောင့် machine learning သုံးပြီး အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဝေဟင်မှာ dog fighting တိုက်ခိုက်ရေးလိုမျိုးကို ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ရင် လူသားတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်ဖို့ရာ အလားအလာရှိပါတယ်” လို့ ထပ်လောင်း ပြောကြားထားပါသေးတယ်။

X-62A က သုတေသနနဲ့ စမ်းသပ်မှုအခြေအနေတွေကို တိုးတက်စေရုံသာမက မျိုးဆက်သစ်တွေ ဆက်လက် စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် platform တစ်ခုလည်း ဖြစ်ပါတယ်။

“ဒီသုတေသနဟာ ဘေးကင်းတယ်၊ ထိရောက်တယ်၊ တာဝန်သိမှုရှိတယ်ဆိုတာကို သေချာစေတဲ့အခါမှာ ဒီနယ်ပယ်က လေ့လာသူတွေကလည်း X-62A ACE အဖွဲ့ရဲ့ ကြိုးပမ်းမှုအရွေ့တစ်ခုကို ဆက်လက်အသုံးချသွားနိုင်မယ်” လို့လည်း ဆိုပါတယ်။

Reference: First known test dogfight between AI and human pilot carried out, US military says

AMC HACKS

Related