AI ဟာ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲပေးနိုင်လဲ

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကျွန်တော် ဒီနေ့ ဆဌမမြောက်အပိုင်းဖြစ်တဲ့ ကမ္ဘာကြီးကို AI ဘယ်လို ပြောင်းလဲပေးနိုင်မလဲဆိုတဲ့ အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။

၆။ AI ဟာ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲပေးနိုင်လဲ။

AI ဟာ ကျွန်တော်တို့ရဲ့ အလုပ်တွေ၊ ကျွန်တော်တို့ ကျန်းမာရေး၊ မီဒီယာအသုံးပြုပုံတွေ၊ အလုပ်သွားပုံ၊ ကိုယ်ရေးကိုယ်တာနဲ့ တခြားအရာတွေကို ပြောင်းလဲနိုင်တဲ့အထိ အစွမ်းအစရှိပါတယ်။

ကျွန်တော်တို့ တစ်ကမ္ဘာလုံးစာ အကျိုးသက်ရောက်နိုင်တဲ့ AI စနစ်တစ်ချို့ရှိတယ်လို့ တွေးကြည့်ရအောင်။
လူတွေက သူတို့ ဖုန်းမှာရှိတဲ့ voice assistant နဲ့ အလုပ်သွားဖို့အတွက် မောင်းသူမဲ့ယာဉ်ကို လှမ်းခေါ်ပြီး ထိုအလုပ်မှာ အရင်ကထက် ပိုပြီး မြန်ဆန်အသုံးဝင်တဲ့ AI tools တွေ အသုံးပြုပြီး လွယ်လွယ်ကူကူ အလုပ်လုပ်နိုင်နေမှာပါ။

ဆရာဝန်တွေ ဓာတ်မှန်ဆရာဝန်တွေအတွက်ဆိုရင်လည်း resources နည်းနည်းနဲ့ပဲ ကင်ဆာရောဂါတွေကို ရှာဖွေနိုင်မယ်။ ရောဂါတွေနဲ့ ပက်သက်တဲ့ genetic sequences တွေကို မြန်မြန်ရှာတွေ့နိုင်ပြီး molecules တွေကို ခွဲခြားနိုင်မယ်။ အဲ့ဒီကနေတစ်ဆင့် ပိုမိုထိရောက်တဲ့ ဆေးဝါးတွေကိုလည်း ထုတ်လုပ်နိုင်မယ်။ အဲ့လိုနဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့အထိ ဖြစ်နိုင်မှာပါ။

တစ်ဖက်မှာလည်း စဉ်းစားစရာရှိလာတာက အစစ်နီးပါးတူတဲ့ ပုံတွေထုတ်လုပ်နိုင်တဲ့ Dall-E 2, Midjourney, Bing စတဲ့ neural network AI tools တွေရှိနေတဲ့အတွက် လူတစ်ယောက်ရဲ့ အသံကို အတုလုပ်တာ‌‌တွေ၊ လူတစ်ယောက်ရဲ့ ပုံစံအတိုင်း ဆင်တူတဲ့ deepfake video တွေ လုပ်နိုင်နေတာမျိုး‌တွေ ရှိနေပါတယ်။ ဒါကြောင့် တွေ့မြင်နေရတဲ့ ပုံတွေ အသံတွေ videos တွေဟာ အစစ်ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ဝင်လာနိုင်တဲ့အထိ ပြဿနာကြီးလာနိုင်ပါတယ်။

နောက်ထပ် AI ကြောင့် ဖြစ်လာနိုင်တဲ့ ethical issue တစ်ခုက facial recognition တွေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကြောင့် ဒီလို နည်းပညာတွေဟာ လူ‌တွေရဲ့ privacy ကို ချိုးဖောက် ကျူးကျော်လာနိုင်ပါတယ်။

Related