Meta ရဲ့ CEO ဖြစ်သူ Mark Zuckerberg ဟာ ကုမ္ပဏီက AI ပြိုင်ပွဲထဲရောက်နေကြောင်း သူ့အလုပ်သမားတွေကို သိစေချင်နေပါတယ်။
June 8 ရက်နေ့က Meta ရဲ့ Menlo Park ဌာနချုပ်မှာရှိတဲ့ Hacker Square အဆောက်အုံမှာ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး Meta ရဲ့ AI အတွက် ကြိုးစားမှုတွေကို Zuckerberg က ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ covid-19 pandemic ပြီးနောက် ပထမဆုံး meeting လည်းဖြစ်ပါတယ်။
တွေ့ဆုံမှုအစပိုင်းမှာတော့ အလုပ်သမားလျော့နည်းမှုတွေ အကြောင်း ပြောနေခဲ့ပြီး Generative AI နယ်ပယ်မှာ ကုမ္ပဏီရဲ့ စီမံကိန်းတွေ လျင်မြန်စွာကြီးထွားလာဖို့ကို အဓိက အလေးပေးပြောသွားပါတယ်။
Meta ဟာ AI မှာ ရင်းနှီးမြှုပ်နှံနေတဲ့အကြောင်းကို အမွှန်းတင် ပြောထားခဲ့တာကြာခဲ့ပေမယ့် Microsoft နောက်ခံရှိတဲ့ OpenAI, Google နဲ့ Microsoft တို့က ထုတ်တဲ့ applications တွေကပဲ လူအများကြားစိတ်ဝင်စားစရာဖြစ်ခဲ့ပြီး Meta အကြောင်းတော့ ပါမလာခဲ့ပါဘူး။
June 8 ရက်နေ့ meeting မှာ Zuckerberg နဲ့ တခြား စီမံခန့်ခွဲရေးအလုပ်အမှုဆောင်တွေဟာ Metaverse ထဲကို generative AI models တွေ ပေါင်းစပ်ထည့်သွင်းသွားမယ့်အကြောင်းကို အသေးစိတ်ပြောသွားခဲ့ပါတယ်။ Metaverse ဆိုတာကတော့ တစ်နှစ်ရဲ့ ၄ ပုံ ၁ ပုံတိုင်းမှာ ဒေါ်လာ billions ပေါင်းများစွာ အကုန်ကျခံကာ အကောင်အထည်ပေါ်လာနိုင်ဖို့ ကြိုးစားတည်ဆောက်နေတဲ့ အခြေတည်စ virtual world တစ်ခုပါ။ အဓိကအားဖြင့် metaverse ထဲမှာ 3D ပုံရိပ်တွေ တည်ဆောက်တဲ့နေရာမှာ AI ဟာ အရမ်းအသုံးဝင်ကြောင်း ပြောသွားတာပါ။
Meta ဟာ သူ့ရဲ့ အလုပ်သမားတွေကို ပုံစံငယ်တွေ စမ်းသပ်ထုတ်လုပ်နိုင်ဖို့အတွက် ကုမ္ပဏီအတွင်းက generative AI tools တော်တော်များများအသုံးပြုခွင့်ပေးထားပြီး အပြင်က AI projects တွေ ပြသနိုင်ရန်အတွက်လည်း Hackathon ပွဲကို ဦးဆောင်ကျင်းပဦးမှာပါ။
Meta ဟာ Instagram မှာ ပုံတွေကို လိုချင်တဲ့အတိုင်း စာရိုက်ပြီး ပြုပြင်ကာ app ရဲ့ Stories နေရာမှာ မျှဝေနိုင်မယ့် AI ပါဝင်တဲ့ service ကို Instagram အသုံးပြုသူတွေအပေါ် ထုတ်ပေးဖို့ ကြိုးစားနေပါပြီ။
ဒါ့အပြင် Meta ဟာ Messenger နဲ့ Whatsapp တွေမှာလည်း AI ပါဝင်ပြီး ပိုခေတ်မီတဲ့ chatbot တွေကို ပိုကောင်းတဲ့ entertainment အဖြစ်နဲ့ အသုံးပြုသူတွေဆီကို ရောက်ရှိလာစေဖို့အတွက်လည်း ကြိုးစားနေပါတယ်။
Meta ဟာ AI သုတေသနတွေကို open-source အဖြစ်နဲ့ ထုတ်ပေးဖို့ ဆုံးဖြတ်ထားတုန်းပဲလို့ အလုပ်သမားတွေကို ပြောခဲ့ပါတယ်။ အရင်အပတ်ကပဲ Meta ဟာ September လ ကစပြီး တစ်ပတ်ကို ၃ ရက် ရုံးမှာအလုပ်လာလုပ်ရမယ်လို့ သူ့ရဲ့ အလုပ်သမားတွေကို ကြေညာခဲ့ပါတယ်။ Amazon နဲ့ Google တို့ကလည်း ပြီးခဲ့တဲ့ လတွေမှာ Work-From-Home နဲ့ ပက်သက်တဲ့ မူဝါဒတွေကို ပြောင်းလဲသတ်မှတ်ခဲ့ကြပါသေးတယ်။
Reference: Meta CEO Mark Zuckerberg touts to employees ‘incredible breakthroughs’ the company has seen in A.I. by CNBC