အဓိက ဇာတ်ကောင်အဖြစ် AI နဲ့ ဖန်တီးထားတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ အတ္ထုပ္ပတ္တိဇာတ်လမ်းကို Polish studio AIO က ‘ပူတင်’ အမည်နဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ ထုတ်လွှင့်သွားမယ့်အကြောင်းကို စက်တင်ဘာ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။ Kremlin ခေါင်းဆောင်တစ်ဦးရဲ့ အနီးကပ်ပုဂ္ဂိုလ်ရေးကို ကောင်းကောင်းဖော်ပြထားတဲ့ ဇတ်လမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
Polish director တစ်ဦးဖြစ်တဲ့ Besaleel ရဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်လုပ်တဲ့ ပွဲဦးထွက်ဇာတ်ကားလည်း ဖြစ်ပါတယ်။ Besaleel ဟာ Pitbull, Mafia Women နဲ့ Botoks လိုမျိုး အကြမ်းဖက်မှုတွေပါဝင်တဲ့ ပြည်တွင်း ဖြစ် box office နာမည်ကြီး ဇာတ်လမ်းတွေကို တာဝန်ယူ ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာပဲ ဖြစ်ပါတယ်။
သူက ပူတင်ရဲ့ ရုပ်ရှင်ဗားရှင်းကို ဖန်တီးဖို့ရာအတွက် သူရဲ့ ကိုယ်ပိုင် AI နည်းပညာကို ဖန်တီးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ “စတူဒီယိုမှာ ကင်မရာရိုက်ချက်ပေါင်း 20,000 အတွက် ပူတင်ကို ဖိတ်ခေါ်ဖို့ရာက မဖြစ်နိုင်တဲ့အပြင် အွန်လိုင်းကနေ ရရှိတဲ့ မှတ်တမ်းတွေကလည်း ကြည်လင်ပြတ်သားမှုနည်းတာကြောင့် deepfake model သုံးပြီး ရုပ်ရှင်ဖန်တီးဖို့ရာအတွက်လည်း အဆင်မပြေပါဘူး။ အဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ ရုပ်ရှင်မှာ အသုံးပြုဖို့ရာအတွက် AI သုံး နည်းပညာကို ၂ နှစ်နီးပါး ကိုယ်တိုင် ဖန်တီးခဲ့ကြပြီး တကယ့်လူသားပုံစံ model ကို အားမကိုးဘဲ ရုပ်ရှင်ဇာတ်ကောင်ကို ဖန်တီးနိုင်ခဲ့ပါတယ်” လို့ ဒါရိုက်တာက ဆိုပါတယ်။
မူလက အထက်တန်းစား ရာဇဝတ်ကောင်တွေအတွက် အသုံးအနှုန်းဖြစ်တဲ့ The Vor in Law ဆိုပြီး ဇတ်ကားကို အမည်ပေးထားတာပါ။ ယူကရိန်းရုပ်ရှင်ထုတ်လုပ်သူတွေ ရိုက်ကူးထားတဲ့ ရုရှား ကျူးကျော်မှုအတွင်းက ဗီဒိယိုလည်း ပါဝင်တယ်လို့ သိရပါတယ်။ ရုပ်ရှင် trailer မှာ ညစ်ပတ်ပေကျံနေတဲ့ ကလေးဝတ်အတွင်းခံကို ၀တ်ဆင်ထားတဲ့ ပူတင်ရဲ့ပုံစံ၊ ပူတင်က ကိုယ်ခံပညာ လေ့လာသင်ယူနေတဲ့ပုံစံနဲ့ ဘောရစ်ယဲလ်ဆင်နဲ့ ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်နေတာမျိုးတွေ ပါဝင်ပါတယ်။
Besaleel က “ပူတင်ဟာ ရုပ်ရှင်တစ်ခုဆိုတာထက် ပိုပါတယ်။ ခေတ်ပြိုင်နိုင်ငံရေးမှာ အငြင်းပွားစရာအရှိဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို နားလည်စေဖို့ရာ ရည်ရွယ်ပါတယ်။ ကျွန်တော့်ထုတ်လုပ်ရေးရဲ့တာဝန်က ယနေ့ကမ္ဘာကြီးကို လွှမ်းမိုးနေတဲ့ အကြောက်တရားနဲ့ မသေချာမရေရာမှုတွေကို ဖြေလျော့ပေးဖို့ရာ ရည်ရွယ်ပြီးတော့ ပူတင်အတွက် user manual (အသုံးပြုသူလက်စွဲ) အနေနဲ့ ကြည့်ရှုသူတွေကို ပေးဆောင်ဖို့ရာ ရည်ရွယ်ပါတယ်” လို့လည်း ဆိုပါတယ်။
Reference: Soiled nappies and karate: AI-rendered Putin biopic to be released by TheGuardian
AMC HACKS