တောင်ကိုရီးယားရဲ့ memory chip ဈေးကွက်မှာ စိုးမိုးမှုနဲ့ တောင့်တင်းခိုင်မာတဲ့ AI ecosystem ကြောင့် ကမ္ဘာအနှံ့ AI chip ထုတ်လုပ်မှုပြိုင်ပွဲမှာ အားသာချက်တွေရှိနေတယ်လို့ လုပ်ငန်းပိုင်း လေ့လာစောင့်ကြည့်သူတွေက ဆိုထားပါတယ်။
AI က memory အများကြီးလိုအပ်သလို တောင်ကိုရီးယားကလည်း memory chip အပိုင်းမှာ အားသာပါတယ်။ ဒါကြောင့် memory chip ဈေးကွက်မှာ တောင်ကိုရီးယားရဲ့ ကြီးစိုးမှုဟာ ကြီးမားတဲ့ အားသာချက်တစ်ခုဖြစ်တယ်လို့ Dalton Investments က senior research analyst တစ်ယောက်ဖြစ်သူ James Lim က ကောက်ချက်ချထားပါတယ်။
နိုင်ငံရဲ့ digital strategy အရ တောင်ကိုရီယားဟာ 2027 မှာ US နဲ့ China နောက်ကနေပြီး ကမ္ဘာအကြီးဆုံး AI powerhouse ၃ ခုတည်းက တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ science and information and communications technology ရဲ့ ဝန်ကြီးဖြစ်သူ Jong-ho Lee က memory semiconductor field မှာ ဦးဆောင်နေတဲ့နေရာကို ထိန်းသိမ်းထားဖို့အတွက် ရည်ရွယ်ထားပြီး AI semiconductor ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာပြီး အလားအလာရှိတဲ့ နေရာတွေမှာ အရေးပါတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာဖို့ ရည်ရွယ်တယ်လို့ CNBC ကို ဖြေကြားထားပါတယ်။
လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ AI ကို အလေးပေးလက်ခံ ရွေးချယ်လာရတဲ့အထိဖြစ်ပွားစေခဲ့တဲ့ ChatGPT လို Large Language Models တွေကြောင့် performance အရမ်းမြင့်တဲ့ memory chips တွေ လိုအပ်မှုတိုးလာနေပါတယ်။ Generative AI models တွေကနေ လူသားဆန်တဲ့ တုံ့ပြန်ချက်တွေ ထုတ်ပေးနိုင်ဖို့အတွက် ပြောဖူးခဲ့တဲ့ စကားတွေနဲ့ အသုံးပြုသူအကြိုက်တွေရဲ့ အသေးစိတ်ကို မှတ်မိနိုင်နေဖို့အတွက် ထို chips တွေကို လိုအပ်ပါတယ်။
Generative AI ဆိုတာကတော့ AI အမျိုးအစားတစ်မျိုးဖြစ်ပြီး စာတွေ၊ ပုံတွေ၊ ကွန်ပြူတာကုဒ်တွေနဲ့ တခြားတခြားသော content တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
Ultra-Large Language Models တွေအပါအဝင် AI ကို အသုံးပြုဖို့ရာ မြောက်များလှတဲ့ semiconductor chips တွေကို လိုအပ်ပြီး ကမ္ဘာအနှံ့ ဖြန့်ကျက်ထားတဲ့ ကုမ္ပဏီတွေကလည်း AI တွက်ချက်မှုတွေအတွက် performance မြင့်မားပြီး power အစားသက်သာတဲ့ AI semiconductor တွေ ပြုလုပ်ဖို့ကို အကြီးအကျယ် ယှဉ်ပြိုင်လာကြတယ်လို့ Lee က မှတ်ချက်ပေးသွားပါတယ်။
Reference: South Korea wants to be a top A.I. hub — its memory chip dominance could be an advantage by CNBC