AI နည်းပညာအသုံးပြုထားတဲ့ ထုတ်ကုန်တွေက ဘာတွေလဲ

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကျွန်တော် ဒီနေ့ တတိယအပိုင်းဖြစ်တဲ့ AI နည်းပညာအသုံးပြုထားတဲ့ နယ်ပယ်တွေ ထုတ်ကုန်တွေအကြောင်းကို ပြောပြပေးသွားပါမယ်။

၃။ AI နည်းပညာအသုံးပြုထားတဲ့ ထုတ်ကုန်တွေက ဘာတွေလဲ

ယခုအချိန် အသိသာဆုံး ဆင့်ကဲတိုးတက်လူသိများလာတဲ့ ထုတ်ကုန်ကို ပြောပါဆိုရင် GPT 3.5 နဲ့ GPT 4 လို့ ပြောရပါမယ်။ ဒါပေမယ့် AI နယ်ပယ်မှာ တခြား အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ ထုတ်ကုန်တွေဟာလည်း အများကြီးရှိပါသေးတယ်။

အများကြီးထဲမှာမှ ထူးထူးခြားခြား အရေးပါတဲ့ ထုတ်ကုန်တွေကတော့ –

ChatGPT (GPTs)

ChatGPT ဆိုတာ chatbot တစ်ခုပဲ ဖြစ်ပြီး စကားအပြန်အလှန်ပြောနိုင်စွမ်း၊ ဘာသာပြန်နိုင်စွမ်း၊ မေးခွန်းတွေကို ပြန်ဖြေနိုင်စွမ်း စတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ လူတိုင်း အသုံးပြုနိုင်တဲ့အတွက် လူသိအများဆုံး AI tool တစ်ခုဖြစ်ပြီး OpenAI လို့ ခေါ်တဲ့ AI research laboratory ကနေ ထုတ်ထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ OpenAI ဟာ GPT 1, 2, 3 တီထွင်မှုတွေနဲ့အတူ AI လောကကို အရေးပါတဲ့ လှုပ်ခတ်မှုတွေ ပေးနိုင်ခဲ့ပါတယ်။

GPT ရဲ့ အရှည်ခေါက်က Generative Pre-trained Transformer ဖြစ်ပြီး 2020 မှာ စတင်ဖြန့်ခဲ့တဲ့ GPT 3 ဟာ 175 billion parameters နဲ့အတူ သူ့ခေတ်မှာ အကြီးဆုံး language model တစ်ခုဖြစ်ခဲ့ပါတယ်။ အခု နောက်ဆုံးထွက်တဲ့ GPT 4 ဟာ one trillion parameters တွေနဲ့အတူ ChatGPT Plus အနေနဲ့ရော Microsoft မှ ထုတ်တဲ့ Bing Chat ကနေပါ အသုံးပြုလို့ရနေပါပြီ။

Self-driving cars

မောင်းသူမဲ့ယာဉ်တွေမှာ အန္တရာယ်ကင်းမှု လုံခြုံမှုဟာ အသုံးပြုမယ့်သူတွေရဲ့ အဓိက အရေးအကြီးဆုံး စိုးရိမ်စရာဖြစ်ပေမယ့် ထိုနည်းပညာဟာ AI ကနေတစ်ဆင့် တိုးတက်ပြောင်းလဲလာနေပါတယ်။ ဒီယာဉ်တွေဟာ အာရုံခံကိရိယာတွေ ကင်မရာတွေ သုံးပြီး ဘေးပတ်လည်ကို လေ့လာကာ ရရှိလာတဲ့ အချက်အလက်တွေကို machine-learning algorithms တွေအသုံးပြုပြီး အကောင်းဆုံးလမ်း အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ရွေးချယ်ပါတယ်။

မောင်းသူမဲ့ကားလို့ ကြားလိုက်ရင် Tesla ကို လူတိုင်းသိကြမှာပါ။ သူ့ရဲ့ လျှပ်စစ်ကားတွေမှာ အသုံးပြုတဲ့ autopilot feature ဟာ မောင်းသူမဲ့ယာဉ်တစ်ခုမှာပါတဲ့ features တွေအဖြစ်ပဲ သိထားကြမှာပါ။ ဒါပေမယ့် Google ရဲ့ မိခင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Alphabet ရဲ့ လက်အောက်ခံ Waymo က ထုတ်တဲ့ အလိုအလျောက်မောင်းနှင်ယာဉ်တွေလည်း ရှိပါသေးတယ်။ Arizona မြို့တော် Phoenix နဲ့ California မြို့တော် San Francisco မှာ အသုံးပြုနေပြီဖြစ်တဲ့ မောင်းသူမပါတဲ့ taxi တွေဟာလည်း AI တိုးတက်လာခြင်းရဲ့ ရလဒ်တစ်ခုပါ။

Cruise ဟာလည်း robotaxi ထုတ်လုပ်ထားသလို တခြား ယာဉ်ထုတ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Apple, Audi, GM နဲ့ Ford တို့ဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် မောင်းသူမဲ့နည်းပညာကို လုပ်ဆောင်နေကြပါပြီ။

Robotics

Boston Dynamics က ထုတ်လုပ်တဲ့ စက်ရုပ်တွေဆိုရင် AI နဲ့ robotics လောကမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ။ Terminators ရုပ်ရှင်‌တွေထဲကလို နည်းပညာမြင့် စက်ရုပ်တွေထုတ်လုပ်ဖို့အထိ AI ဟာ မစွမ်းဆောင်နိုင်သေးပေမယ့် Boston Dynamics က စက်ရုပ်တွေရဲ့ တံခါးဖွင့်တာ၊ ‌‌မြေအနိမ့်အမြင့်ပေါ်မူတည်ပြီး ခုန်တာ လမ်းလျှောက်တာ စတဲ့ အောင်မြင်မှုတွေဟာလည်း အထင်ကြီးစရာတွေပါပဲ။

DeepMind

Google ရဲ့ ကုမ္ပဏီခွဲ DeepMind ဟာ ကျွန်တော် မနေ့ကပြောခဲ့တဲ့ AI ဒုတိယအမျိုးအစား Artificial General Intelligence (AGI) level အထိ ရောက်ရှိလာအောင် လျင်လျင်မြန်မြန် ခြေလှမ်းကျဲကျဲနဲ့ လုပ်ဆောင်နေကြပါတယ်။ အဲ့အခြေအနေထိ မရောက်နိုင်သေးပေမယ့် Go ဆိုတဲ့ game ကို လူသား professional ကစားသမားတစ်ယောက်ကို နိုင်တဲ့အထိ ဆော့နိုင်တဲ့ AlphaGo ဆိုတဲ့ စနစ်တစ်ခုနဲ့ 2016 မှာ စတင် မိတ်ဆက်ခဲ့ပြီးပါပြီ။

ကျန်းမာရေးပြဿနာနဲ့ ပက်သက်ပြီးတော့လည်း DeepMind ဟာ ထုတ်ကုန်တစ်ခု ထုတ်ထားပါသေးတယ်။ ရှုပ်ထွေးတဲ့ 3D ပုံစံမျိုးစုံရှိတဲ့ protein တွေကို ခန့်မှန်းနိုင်တဲ့ Protein-Folding Prediction System တစ်ခုကို ဖန်တီးထားပြီး ထိုစနစ်နဲ့ ထုတ်လုပ်ထားတဲ့ program တွေကနေ လူတွေရဲ့ မျက်လုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကမ္ဘာတဝမ်းမှာရှိတဲ့ ထိပ်တန်းဆရာဝန်တွေအတိုင်း ရောဂါရှာဖွေနိုင်နေပါပြီ။

Related