“AI ထုတ်ပစ္စည်းတွေကို မူပိုင်ခွင့် ပေးသင့်သလား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

AI ဆိုတာ လူသားတွေ မဟုတ်တဲ့အတွက် တီထွင်သူတွေအဖြစ် အသိအမှတ်ပြုခွင့်ရှိမရှိဆိုတဲ့ အငြင်းပွားမှုမှာ AI က တီထွင်ဖန်တီးထားတဲ့ တီထွင်မှုတွေအတွက် မူပိုင်ခွင့်တွေကို ကြာသပတေးနေ့တုန်းက တိုကျိုတရားရုံးကနေ ပယ်ချလိုက်ပါတယ်။

AI စနစ်တစ်ခုကနေ ကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားတဲ့ စက်ပစ္စည်းအတွက် 2021 ခုနှစ်မှာ မူပိုင်ခွင့်လျှောက်ထားခဲ့ပြီး တီထွင်သူရဲ့နာမည်ကို ‘DABUS’ ဆိုပြီး ဖော်ပြထားပါတယ်။ DABUS ရဲ့ အရှည်ကောက်ကတော့ Device for the Autonomous Bootstrapping of Unified Sentience ပဲ ဖြစ်ပါတယ်။ ဒီ AI စနစ်ကို AI နည်းပညာကုမ္ပဏီဖြစ်တဲ့ Imagination Engines ရဲ့ ဥက္ကဋ္ဌဖြစ်သူ Stephen Thaler မှ တီထွင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ မူပိုင်ခွင့်ရုံးက အဆိုပါလျှောက်လွှာကို ပယ်ချခဲ့ပြီးတော့ တီထွင်သူတွေဟာ ပြည်တွင်းဥပဒေအရ လူသားတွေအတွက်သာ ကန့်သတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြုပြင်ဖို့ရာအတွက် ယမန်နှစ်က တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

သို့ပေမဲ့လည်း တိုကျိုခရိုင်တရားရုံးက ဒီတောင်းဆိုချက်ကို ကြာသပတေးနေ့တုန်းက ပယ်ချခဲ့ပြီး မူပိုင်ခွင့်တွေက လူသား‌တွေ ပြုလုပ်ဖန်တီးတဲ့ တီထွင်မှုများနဲ့သာ သက်ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

တရားသူကြီး Motoyuki Nakashima က လက်ရှိဥပဒေများထဲမှ အထူးသဖြင့် ဉာဏပစ္စည်းမူပိုင်ခွင့်အက်ဥပဒေအရ တီထွင်မှုတွေဟာ ‘လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသော ထုတ်ကုန်များ’ ဖြစ်တယ်လို့ သတ်မှတ်ဖော်ပြခဲ့ပြီး ဆိုလိုတာကတော့ AI ရဲ့တီထွင်မှုကို မူပိုင်ခွင့်မရနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ငံအများအပြားက မူပိုင်ခွင့်ဥပဒေတွေမှာ AI ကို ‘တီထွင်သူ’ အဖြစ် သတ်မှတ်ပြန်ဆိုဖို့ရာ သတိထားနေကြကြောင်းလည်း Nakashima မှပြောကြားခဲ့ပါတယ်။

ဒါပေမယ့် Nakashima က လက်ရှိမူပိုင်ခွင့်ဥပဒေတွေက AIရဲ့တီထွင်မှုတွေကို ထည့်သွင်းစဉ်းစားပေးခြင်းမရှိကြောင်းကို အသိအမှတ်ပြုခဲ့ပြီး AI ကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေးပြောင်းလဲမှုတွေအပေါ်အခြေခံပြီး ဒီလိုမျိုး ဥပဒေတွေကို လွှတ်တော်မှာ စဉ်းစားချင့်ချိန်သင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

DABUS အတွက် မူပိုင်ခွင့်အခွင့်အရေးကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ဆိုင်ရာလုပ်ငန်းတွေအတွက် သူဖန်တီးထားတဲ့ အစားအစာ ကွန်တိန်နာ နဲ့ အချက်ပြမီး တီထွင်မှု နှစ်ခုအတွက် လျှောက်ထားခဲ့ပါတယ်။

DABUS ရဲ့ တီထွင်မှုတွေအတွက် မူပိုင်ခွင့်လျှောက်ထားမှုကို လက်ခံတာက လက်ရှိမှာ တောင်အာဖရိကနိုင်ငံပဲ ရှိပါသေးတယ်။ United Kingdom နဲ့ Europe တို့က အယူခံဝင်နေစဉ်အတွင်းမှာ ရှိပြီးတော့ အမေရိကန်ပြည်ထောင် စုကတော့ မူပိုင်ခွင့်လျှောက်ထားမှုကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။

Reference: Can AI-generated inventions be patented? A Tokyo court says no. by TheJapanTimes

AMC HACKS

Related