“AI တွေ ထည့်သွင်းလာပြီဖြစ်တဲ့ Oracle”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Oracle က Fusion Cloud Applications Suite မှာ Generative Artificial Intelligence (AI) ကို အသုံးချနေပြီပဲ ဖြစ်ပါတယ်။

“အခု နောက်ဆုံး ဖြည့်စွက်ထားတဲ့ AI feature တွေကို finance, supply chain, HR, sales, marketing နဲ့ service ပိုင်းဆိုင်ရာတွေမှာထည့်သွင်းအသုံးပြုထားပြီ” ဖြစ်ကြောင်းမတ်လ (၁၄) ရက်၊ ကြာသပတေးနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ်။ အဲ့ဒါအပြင် release တစ်ခါလုပ်တိုင်းမှာ customers တွေနဲ့ partners တွေ AI ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေမှာ ပိုမိုပါဝင်နိုင်ဖို့ Oracle Guided Journeys’ extensibility framework ကိုလည်း ထည့်သွင်းထားပါသေးတယ်။

Oracle ရဲ့ cloud infrastructure ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့အတွက်ကြောင့် customer တွေရဲ့ သက်ဆိုင်ရာ data တွေကို large language models (LLM) providers တွေ နောက်ပြီး တခြား customers တွေက ကြည့်ရှူလို့မရနိုင်ကြောင်းလည်းဆိုပါတယ်။

အဲ့ဒါအပြင် customer တစ်ဦးတစ်ယောက်ချင်းစီက သူရဲ့ ကိုယ်ပိုင် data ပေါ်မှာ train ထားတဲ့ custom models ကိုပဲ အသုံးပြုခွင့်ရှိပါတယ်။ ကိုယ်ပိုင် sensitive information တွေကို ထပ်ပီး secure ဖြစ်စေဖို့အတွက် ကိုယ်ကြည့်ခွင့်ရှိတဲ့ content ကိုသာ ကြည့်ခွင့်ပေးတဲ့ role-based security ကိုလည်း Oracle Fushion Applications work flow ထဲမှာ ထည့်ထားပါသေးတယ်။

PYMNTS ရဲ့ AI effect series ကနေ လာတဲ့ reviews တွေအရ generative AI အနေနဲ့ ထွက်လာတဲ့ launch က computers တွေဟာ လူတွေနဲ့ businesses တွေမှာ ဘယ်လိုဝင်ရောက်ပြောင်းလဲ‌နိုင်တယ်ဆိုတဲ့ potential ကို ပြသပေးနေပါတယ်။

“ကွန်ပြူတာတွေဟာ လူသားတွေလို ပြုမူလာပါပြီ။ သူတို့ဟာ လူသားတစ်ယောက်လို ကောင်းကောင်းမွန်မွန် communication လုပ်နိုင်ကြပါတယ်” လို့ စကားဝိုင်း AI ပလပ်ဖောင်း Gupshup ရဲ့ CEO ဖြစ်တဲ့ Beerud Sheth က PYMNTS နှင့် အင်တာဗျူးမှာလည်း ပြောကြားခဲ့ပါသေးတယ်။

ဘူဒိုဇာတစ်ခုက လူသားတွေလို မီးတွေလို ဒါမှမဟုတ် ရှေ့မှာ ရှိခဲ့တဲ့ တီထွင်မှုတွေလိုမျိုး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူကမှ တွေးထင်ထားခဲ့ကြခြင်း မရှိပါဘူး။ သမိုင်းတစ်လျှောက် ဘယ်နည်းပညာကမှ မလုပ်ဆောင်နိုင်ခဲ့တဲ့အရာကို AI က လမ်းဖောက်ပြသပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Generative AI က အစောပိုင်း AI model တွေရဲ့လုပ်ဆောင်နိုင်စွမ်းကိုကျော်လွန်ပြီး repetitive tasks တွေ အပြင် တိကျသေချာတဲ့ decisions တွေကိုထုတ်ပေးနိုင်ကြောင်းလည်းအညွှန်းတင်ပြောဆိုထားပါတယ်။

“ကျွန်ုပ်တို့ဟာ နည်းပညာတစ်ခုရဲ့ ပထမ မိတ်ဆက်သုံးနှစ်ကို အမြဲတမ်း လွန်ကဲစွာ တွက်ဆပြီး 10 နှစ်တာ ကာလကို ပြင်းပြင်းထန်ထန် လျှော့တွက်တတ်ပါတယ်” လို့ Bushel အမှုဆောင်အရာရှိချုပ် Jake Joraanstad က PYMNTS မှာ ပြောကြားထားပါသေးတယ်။

ChatGPT သတင်းက လူတွေရဲ့ အတွေးမှာ မီးခလုတ် တစ်ခုကို အဖွင့်အပိတ် လုပ်လိုက်သလိုမျိုး ကွယ်ပျောက်သွားပြီး AI နဲ့ deep learning တွေက လူတွေရဲ့ အတွေးမှာ နေရာစယူလာနေပြီ ဖြစ်တယ်လို့ Cerebras ရဲ့ vice president ဖြစ်တဲ့ Andy Hock က interview တစ်ခုမှာလည်း ပြောကြားထားပါတယ်။

Reference: Oracle Unveils New AI Capabilities for Finance and Supply Chain by PYMNTS

AMC HACKS

Related