AI ဆိုတာဘာလဲ

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အခုနောက်ပိုင်း AI ဆိုတဲ့စကားလုံးကို ပတ်ဝန်းကျင်မှာရော သတင်းတွေမှာရော နေရာတိုင်းလိုလို မြင်ဖူး ကြားဖူးနေကြပြီဆိုတော့ သိတဲ့သူလည်း သိကြသလို မသိတဲ့သူတွေ အတွက် AI ဘာလဲဆိုတာ သိရအောင် ကျွန်တော် အခန်းဆက်လေးနဲ့ ‌ရေးပေးဖို့ စီစဉ်ထားပါတယ်။

အဓိက အားဖြင့် အပိုင်း ၇ ပိုင်းပါဝင်ပြီးတော့

  • ၁။ AI ဆိုတာ ဘာလဲ
  • ၂။ AI အမျိုးအစားတွေက ဘာတွေလဲ
  • ၃။ AI နည်းပညာအသုံးပြုထားတဲ့ ထုတ်ကုန်တွေက ဘာတွေလဲ
  • ၄။ ဘယ် AI service တွေကို ကိုယ်တိုင် အသုံးပြုနိုင်နေပြီလဲ
  • ၅။ ဘယ် ကုမ္ပဏီတွေက AI နည်းပညာမှာ ထိပ်ဆုံးက ရပ်တည်နေလဲ
  • ၆။ AI ဟာ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲပေးနိုင်လဲ။
  • ၇။ AI ကြောင့် ကျွန်တော်တို့ အလုပ်အကိုင်တွေကို ထိခိုက်လာနိုင်လား အစားထိုးလာနိုင်လား

စတဲ့ အပိုင်းတွေအပြင် ကြားထဲက အကြောင်းအရာတစ်ချို့ကိုလည်း အကျယ်တဝင့် ရှင်းပြပေးပါမယ်။

ကျွန်တော် ဒီနေ့ ပထမဆုံး topic ဖြစ်တဲ့ AI ဆိုတာ ဘာလဲဆိုတဲ့အကြောင်းကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

၁။ AI ဆိုတာ ဘာလဲ

လူလုပ်အသိဉာဏ် (AI) လို့ ကြားလိုက်တာနဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေ၊ စက်ရုပ်‌တွေ၊ လူတိုင်းနီးပါး ကြားဖူးကြပြီးဖြစ်တဲ့ ChatGPT နဲ့ တခြားသော chatbots တွေ၊ လူကိုယ်တိုင် ဆွဲထားတာ ရိုက်ထားတာမဟုတ်တဲ့ ပုံတွေကို တွဲဖက်မြင်မိကြမှာပါ။ အဲ့တော့ ဒီလို ရလဒ်တွေ ထုတ်ပေးနိုင်တဲ့ AI ဆိုတာဘာလဲ၊ ဒီ AI တွေက ယခု ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လူသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်လဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

Artificial intelligence (AI) ဆိုတာ 1950 နောက်ပိုင်းမှ စတင်ကာ concept တစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။ လူအသိဉာဏ်ပါမှ လုပ်လို့ရတယ်ဆိုတဲ့ အလုပ်တစ်ခုကို စက်ပစ္စည်းက လူအသိဉာဏ်မပါပဲ သီးသန့်လုပ်ဆောင်နိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

အသိဉာဏ်ဆိုတဲ့အရာဟာ တခြားသောသက်ရှိတွေကနေ လူသားတွေကို ကွဲပြားခြားနားစေတဲ့တစ်ခုတည်းသော အရာဖြစ်ပြီး လူသားတွေအတွက် အရေးပါပါတယ်။ အသိဉာဏ်‌ဆိုတာ လက်ရှိရောက်နေတဲ့နေရာနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်း၊ အသစ်သင်ယူနိုင်စွမ်း၊ ပြဿနာများဖြေရှင်းနိုင်စွမ်း၊ အစီအစဉ်ရေးဆွဲနိုင်စွမ်း၊ အခြေအနေအသစ်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။

အသိဉာဏ်ဟာ လူသားများ အချိန်ကြာကြာ တိုးတက်ပြောင်းလဲ ရှင်သန်ရပ်တည်နေနိုင်ခြင်းရဲ့ အဓိကအုတ်မြစ်ဖြစ်တာနဲ့အညီ ထိုအသိဉာဏ်ကို အတုပြန်လည်ဖန်တီးဖို့ ကြိုးစားရာကနေ AI ဆိုတာ ဖြစ်ပေါ်လာပါတယ်။

ယခုခေတ် AI စနစ်တွေမှာဆိုရင် လူသားတွေရဲ့ အသိဉာဏ်အဖြစ် ထင်ရှားစေတဲ့ အရာတစ်ချို့ဖြစ်တဲ့ သင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ သိမြင်နားလည်နိုင်စွမ်းနဲ့ လူသားနဲ့စကားအပြန်အလှန်ပြောနိုင်စွမ်း ဖန်တီးနိုင်စွမ်းတွေကို အတိုင်းအတာတစ်ခုအထိ တွေ့မြင်လာရပြီဖြစ်ပါတယ်။

AI တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ရရှိနိုင်ပါပြီ။ Alexa လို့ခေါ်တဲ့ Amazon မှ ထုတ်တဲ့ voice assistant မျိုး Android စက်ပစ္စည်းတွေမှာပါတဲ့ Google မှ ထုတ်တဲ့ voice assistant တွေဟာလည်း AI အမျိုးအစား‌တွေဖြစ်ပါတယ်။ တခြားအရာတွေကတော့ လူသိများတဲ့ ChatGPT နဲ့ Microsoft မှထုတ်တဲ့ Bing Chat, Google မှ Bard လို့ခေါ်တဲ့ စကားအပြန်အလှန်ပြောပြီး မေးချင်တာမေးနိုင်တဲ့ chatbot တွေ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ChatGPT ကို နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်က ဘာလဲ မေးတာမျိုး၊ Alexa ကို ယနေ့ရာသီဥတုအခြေအနေ မေးတာမျိုး ဖြစ်ပြီး ပြန်ဖြေတဲ့ အ‌ဖြေတွေဟာ machine-learning algorithms တွေမှ ရရှိလာတဲ့ ရလဒ်တွေဖြစ်ပါတယ်။

Related