“AI ကိုသုံးပြီးတော့ Photo/Video Editing လုပ်လို့ရတဲ့ Light X”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဒီနေ့မှာတော့ AMC HACKS Library ထဲမှာရောက်နေပြီးသားဖြစ်တဲ့ Light X ဆိုတဲ့ Photo/Video Editing Tool လေးတခုအကြောင်းပြောပြပါမယ်။ Light X ထဲမှာဆိုရင် ကျနော်တို့ ဓာတ်ပုံဆိုင်တွေမှာ Service ပေးနေကြတဲ့ ပုံဝါးနေတာကိုကြည်အောင်လုပ်ပေးတာ၊ Background ပြောင်းပေးတာ၊ ဝတ်စုံပြောင်းပေးတာ စတဲ့လုပ်ဆောင် ချက်တွေအားလုံး လုပ်လို့ရပါတယ်။ ဒီတော့ ပြောရရင် အသုံးချတတ်တဲ့သူတွေအတွက် Service ပေးလို့ရတဲ့ Tool တခုလည်းဖြစ်ပါတယ်။

AI Editor ကိုသုံးပြီးတော့
– Prompt ထည့်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေထုတ်လို့ရတယ်
– နောက်ခံ၊ အဝတ်အစား၊ ဆံပင်၊ မျက်နှာအမူအရာတွေကိုပြင်လို့ရတယ်
– ဓာတ်ပုံဝါးနေတာတွေ ကြည်အောင်လုပ်နိုင်တယ်
– မလိုချင်တဲ့အစိတ်အပိုင်းတွေ ဖျောက်ပစ်လို့ရတယ်
– Portrait ပြောင်းလို့ရတယ်

နောက်ထပ်အနေနဲ့ဆိုရင် Design Template/ Video Template တွေ၊ Social Media အတွက် Graphic ဆွဲပေးတာတွေလုပ်လို့ရတယ်၊ စာကနေ ပုံအဖြစ်ပြောင်းတာ၊ ပုံကနေ ဗီဒီယိုအဖြစ်ပြောင်းတာတွေ လုပ်လို့ရပါတယ်။

တချို့ feature တွေကို Free ရပါတယ်။ ဝယ်သုံးရင်တော့ အစုံပါတယ်။ စီးပွားဖြစ်သုံးမယ့်သူတွေအနေနဲ့ တလကို 4$ ဝန်းကျင်ကတော့ တန်ပါတယ်။

အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။

AMC HACKS

Related