“AI အတွက် အသုံးစားရိတ်များပြားမှု သတင်းကြောင့် ရှယ်ယာများ ထိုးကျသွားတဲ့ Meta”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Facebook, Whatsapp နဲ့ Instagram တို့ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Meta ဟာ Meta AI အတွက် ကုန်ကျစရိတ်တွေကို ကြေငြာပြီးတဲ့နောက်မှာ ရှယ်ယာတွေ သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။

ခိုင်မာတဲ့ ၀င်ငွေကိန်းဂဏန်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပေမယ့် နယူးယောက်မှာ နာရီပိုင်းအပြီးတင်ကို အရောင်း အဝယ် 15% ကျော် ကျဆင်းသွားခဲ့တာပါ။ ဒီ AI ရင်းနှီးမြှုပ်နှံမှုကနေ ၀င်ငွေတွေ တိုးလာဖို့ကလည်း အချိန်အနည်းငယ်ယူရမယ်လို့ Mark Zuckerberg က ပြောကြားခဲ့ပါတယ်။

Threads က အခုဆိုရင် လစဉ်အသုံးပြုသူပေါင်း 150 မီလျံကျော်လာတာကြောင့် ပြိုင်ဘက် app ဖြစ်တဲ့ Elon Musk ရဲ့ platform X ကိုလည်း အနည်းနဲ့အများ ဖိအားပေးနိုင်နေပြီလို့ ဆိုပါတယ်။

“Twitter အစားထိုးအသုံးပြုချင်သူတွေနဲ့ ကြော်ငြာရှင်တွေ တောင့်တနေကြတာကြောင့် Threads က X ကို အနိုင်ယူတဲ့နေရာမှာ အတော်လေး အလုပ်ဖြစ်နေတယ်၊ နောက်ပြီး Meta ဟာ TikTok ကို US မှာ ရောင်းချတာမျိုးဖြစ်ဖြစ် တားမြစ်တာမျိုးဖြစ်ဖြစ် လုပ်ဆောင်ဖို့ရာ အဆိုပြုချက်ထဲမှာ ရပ်တည်ထားတယ်” လို့ Forrester မှ လေ့လာသုံးသပ်သူ Mike Proulx က ဆိုပါတယ်။

Meta ဟာ ဝင်ငွေတိုးတက်မှုကို မြှင့်တင်ဖို့ရာအတွက် ကြော်ငြာဝယ်ယူတဲ့ ထုတ်ကုန်တွေကို AI tools တွေနဲ့ အဆင့်မြှင့်တင်နေတာပါ။ chat assistant လိုမျိုး AI features အသစ်တွေကိုလည်း social media platform အစုံမှာ မိတ်ဆက်ခဲ့ပါတယ်။

အစောပိုင်းက 2024 ခုနှစ်မှာ သုံးစွဲမှုကုန်ကျစရိတ်ဟာ $30bn-$37bn ကြားမှာ ရှိလိမ့်မယ် ခန့်မှန်းထားပေမယ့် $35bn မှ $40bn (£ 28bn-32bn) ကြားသုံးစွဲဖို့ရာ လိုအပ်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။ ရင်းနှီးမြုပ်နှံသူတွေဟာ ဒီသတင်းကြောင့် အမြတ်ထက် ကုန်ကျစရိတ်ကို ပူပန်မိသွားကြပုံ ရပါတယ်။

ပထမသုံးလပတ်ဝင်ငွေက $36.46bn ထိ 27% တက်လာပြီးတော့ လေ့လာသုံးသပ်သူတွေအနေနဲ့က ဝင်ငွေ $36.16bn ပဲ ရှိမယ်လို့ မျှော်လင့်ထားခဲ့တာပါ။

Meta ရဲ့ AI အပေါ် ချဉ်းကပ်မှုက အလားအလာရှိတယ်လို့ လေ့လာသုံးသပ်သူတွေ ပြောဆိုထားတာလည်း ရှိပါတယ်။ Hargreaves Lansdown မှ Sophie Lund-Yates က AI မှာ Meta ရဲ့ ‘များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှု’က လူတွေကို သူရဲ့ ဆိုရှယ် platform တွေပေါ်မှာ ပိုမိုအချိန်ဖြုန်းစေနိုင်တဲ့အတွက် ကြော်ငြာရှင်တွေက ဒီ platform တွေပေါ်မှာ အလေးပေးကြော်ငြာလာနိုင်တယ်လို့ ဆိုပါတယ်။

ယခုနှစ်ထဲမှာ နိုင်ငံပေါင်း 50 ကျော်က ရွေးကောက်ပွဲကျင်းပဖို့ရာ စီစဉ်ထားတဲ့အတွက် မသေချာမရေရာမှုများစွာ ဖြစ်ပေါ်လာနိုင်တာကြောင့် ကြော်ငြာသမားတွေကို အပူအပင်ရှိစေတဲ့အကြောင်းလည်း ပြောကြားထားပါသေးတယ်။ “ရှေ့ဆက်အများကြီး စဉ်းစားကြည့်မယ်ဆိုရင် Meta အတွက် အကြီးမားဆုံး risk ကတော့ ရှိနေတုန်းပါပဲ” လို့လည်း ဆိုပါတယ်။

ဥရောပနဲ့ အမေရိကန်ကြားမှာ data တွေ လွှဲပြောင်းတဲ့အခါတုန်းက ပြည်သူတွေရဲ့ data ကို လွဲမှားစွာကိုင်တွယ်မှုနဲ့ အိုင်ယာလန်ဒေတာအာဏာပိုင်တွေက Meta ကို €1.2bn (£1bn) ဒဏ်ရိုက်ခဲ့ပါသေးတယ်။

ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း Meta အမှုဆောင်အရာရှိချုပ် Mark Zuckerberg က အမေရိကန်လွှတ်တော်အမတ်များထံကနေ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရသူများရဲ့ မိသားစုတွေကို တောင်းပန်ဖို့အတွက် တွန်းအားပေးခံခဲ့ရပါတယ်။

“Meta ကုမ္ပဏီက ဒီလို legal စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကျော်လွှားဖို့ရာ လုံလောက်တဲ့ resources များစွာရှိနေပေမယ့်လို့ စျေးကွက်ရဲ့ အတက်အကျပိုင်းဆိုင်ရာ risk တွေကိုတော့ ကျော်လွှားနိုင်မယ်လို့ မှတ်ယူလို့တော့ မရသေးပါဘူး” လို့ Ms Lund-Yates က ဆိုပါတယ်။

Reference: Meta AI spending plans cause share price slump by BBC

AMC HACKS

Related