AI ဟာ လူတိုင်းကို computer programmer ဖြစ်အောင် အဆင့်မြှင့်ပေးလိုက်ပြီလား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Taipei မှာ ကျင်းပခဲ့တဲ့ Computex 2023 ပွဲမှာ Nvidia ရဲ့ founder နဲ့ CEO ဖြစ်သူ Jensen Huang က AI ဟာ လူတိုင်းကို computer programmer ဖြစ်လာစေနိုင်တယ်လို့ ပြောသွားပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိလိုချင်တာကို computer ကို ပြောလိုက်ရုံနဲ့ AI က လုပ်ပေးသွားမှာကြောင့်ပဲဖြစ်တယ်လို့ ပြောသွားတာပါ။

Nvidia ဟာ AI အတွက်လိုအပ်တဲ့ chips တွေနဲ့ computing systems တွေကို အဓိက ထောက်ပံ့ပေးတဲ့ supplier ဖြစ်လာတာနဲ့အညီ ကမ္ဘာ့တန်ဖိုးအကြီးဆုံး semiconductor ကုမ္ပဏီအဖြစ် တဖြည်းဖြည်းရောက်ရှိလာတာပါ။

ကုမ္ပဏီဟာ အရင်အပတ်ကလည်း နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လေးပုံတစ်ပုံအတွက် wall street ခန့်မှန်းတာထက် ၅၀ ရာခိုင်နှုန်းပိုတဲ့ အကျိုးအမြတ်ရရှိနိုင်တယ်လို့ကို ခန့်မှန်းထားပြီး ChatGPT လိုမျိုး services တွေမှာ အသုံးပြုနေတဲ့ AI chips တွေကို လိုအပ်တဲ့ တဖြည်းဖြည်းမြင့်တက်လာနေတဲ့ ဝယ်လိုအားတွေကို အမှီထုတ်ပေးနိုင်ဖို့ ထုတ်ကုန်တွေကို တိုးချဲ့ထုတ်လုပ်နေတယ်လို့ ပြောလာပါတယ်။

Jensen Huang က ယခု computing era အသစ်တစ်ခုကို ရောက်နေပြီဆိုတာ မေးနေစရာတောင်မလိုပါဘူး၊ computing era ခေတ်တိုင်းမှာ အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကို လုပ်နိုင်မြဲဖြစ်တယ်၊ ယခု AI ဟာလည်း computing era အသစ်အတွက် အရည်အချင်းအပြည့်ပါပဲလို့ ပြောသွားပါတယ်။ programming ဆိုတာ အရမ်းလွယ်ကူလာပြီး computer ကို မိမိလိုချင်တာပြောရုံပဲ ဖြစ်တာကြောင့် လူတိုင်းဟာ programmer ဖြစ်သွားပါပြီလို့ ပြောထားတာပါ။

AI ကို အသုံးပြုရတာ အရမ်းလွယ်ကူလွန်းတာကြောင့် တိုးတက်မှုနှုန်းဟာလည်း တဟုန်ထိုး မြင့်တက်လာနေပါတယ်၊ လုပ်ငန်းတိုင်းမှာပါ AI က ပက်သက်လာတော့မှာဖြစ်တယ်လို့ ထပ်စောင်းပြောသွားပါသေးတယ်။

Nvidia ရဲ့ chips တွေဟာ Microsoft ရဲ့ ကိုယ်ပိုင် ChatGPT ပုံစံ chatbot ဖြစ်တဲ့ Bing chat ထုတ်လုပ်ဖို့အတွက် ထောက်ပို့ကူညီထားတာပါ။

Jensen Huang ဟာ AI က ဘာတွေ လုပ်နိုင်လဲဆိုတာ ပြသသွားပြီး ညွှန်ကြားချက်တစ်ချို့ ပေးရုံနဲ့ program ကို pop သီချင်းအတိုတစ်ပုဒ်ထုတ်ပေးနိုင်တဲ့အထိ လုပ်‌ဆောင်နိုင်ကြောင်းကို Nvidia ကို အမွှန်းတင်ရင်း လုပ်ပြသွားပါတယ်။

Applications အသစ်တွေလည်း ထုတ်ပြသွားပြီး digital advertising အတွက် လိုအပ်တဲ့ generative AI ပါဝင်တဲ့ content တွေအတွက် ကမ္ဘာ့အကြီးဆုံး ကြော်ညာလုပ်ငန်းကြီးဖြစ်တဲ့ WPP နဲ့ လက်တွဲသွားမှာဖြစ်ကြောင်းပါ ကြေညာခဲ့ပါတယ်။

Nvidia ဟာ Tesla CEO Elon Musk တောင်းဆိုထားတဲ့ AI Chips တွေအတွက်လည်း အားစိုက်ထုတ်လုပ်နေပါသေးတယ်။ Elon Musk ဟာလည်း AI Startup တစ်ခု တည်ဆောက်နေတာဖြစ်ပြီး graphics processing units (GPUs) တွေဟာ ဆေးတွေထက် ရယူဖို့ ခက်ခဲတယ်လို့ အင်တာဗျူးမှာ ဖြေသွားပါသေးတယ်။

Reference: “AI means everyone can now be a programmer, Nvidia chief says” by CNA

Related