ကွန်ပျူတာပညာရှင်နဲ့ venture capitalist တစ်ဦးဖြစ်တဲ့ Kai-Fu Lee က AI နည်းပညာဟာ 2027 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ လူသားလုပ်သားအင်အားရဲ့ ထက်ဝက်ထက်မနည်းကို အစားထိုးနိုင်လိမ့်မယ်လို့ မကြာသေးမီက ထပ်မံပြောကြားခဲ့ပါတယ်။
Kai-Fu Lee က 2017 ခုနှစ်မှာတုန်းကလည်း AI ဟာ လူသားအလုပ်သမားအားလုံးရဲ့ ထက်ဝက်ခန့်ကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့တာပါ။ အဲ့အချိန်ကတည်းကစလို့ ဒါက သူ လုံးဝလက်ခံထားတဲ့ ယုံကြည်ချက်တစ်ခု ဖြစ်ပါတယ်။ ဥပမာအနေနဲ့ 2018 တုန်းက IEEE Spectrum နဲ့ အင်တာဗျူးတစ်ခုမှာဆိုရင်လည်း လူသားတွေမှာ AI အနေနဲ့ လက်လှမ်းမှီဖို့ရာ ခဲယဉ်းတဲ့ အရည်အချင်းတွေ များစွာရှိပေမယ့် AI က လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ လူသားတွေရဲ့ ထက်ဝက်ခန့်ကို အစားထိုးနိုင်မယ့်အကြောင်း ထောက်ပြခဲ့ပါတယ်။
AI က လျှပ်စစ်နဲ့ အင်တာနက်ပေါင်းစပ်ထားတာထက်တောင် ပိုမိုအရေးကြီးတဲ့ အဓိကနည်းပညာဖြစ်လာမယ်ဆိုတာ ယုံကြည်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
“2017၊ 2018၊ 2019 မှာ လူတွေက ကျွန်တော့်ကို အပိုတွေပြောတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် gen AI ထွက်လာတဲ့အခါမှာတော့ လူတွေက ဒီခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာနိုင်တယ်ဆိုတာ စတင်ယုံကြည်လာကြပါပြီ” လို့ ဆိုပါတယ်။
Kai Fu Lee က Microsoft Research Asia ရဲ့တည်ထောင်သူနဲ့ ဒါရိုက်တာ မဖြစ်ခင် Apple ရဲ့ အမှု ဆောင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ Redmond ကုမ္ပဏီကနေ ထွက်လာခဲ့ပြီးတဲ့နောက် Google ရဲ့ ဒုတိယဥက္ကဋ္ဌအနေနဲ့အပြင် Google China ရဲ့ အကြီးအကဲအဖြစ်ပါ ဆောင်ရွက်ခဲ့ပါတယ်။
2024 ခုနှစ် မေလမှာတော့ သူက Sinovation Ventures ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။ Sinovation Ventures ဆိုတာကတော့ ကမ္ဘာလုံးဆိုင်ရာ နည်းပညာထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ရာ ရည်ရွယ်တဲ့ VC ရန်ပုံငွေတစ်ခုဖြစ်ပါတယ်။ အဲ့ဒါအပြင် တရုတ်ဈေးကွက်အတွက် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို တီထွင်ဖန်တီးဖို့ရာ အာရုံစိုက်ထားတဲ့ 01.AI ရဲ့ တည်ထောင်သူလည်းဖြစ်ပါတယ်။
Kai-Fu Lee ရဲ့ ခန့်မှန်းချက်တွေက တရုတ်နိုင်ငံဟာ AI နည်းပညာမှာ ကမ္ဘာပေါ်မှာ အသာလွန်ဆုံးဖြစ်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လည်း ဘောင်ခတ်ထားပါတယ်။
Reference: Former Google China boss doubles down: AI to take 50% of jobs by 2027 by CoinTelegraph
AMC HACKS