AI ကြိုးဝိုင်းထဲဝင်လာတဲ့ Apple

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Apple fan တွေ စောင့်မျှော်နေကြတဲ့ သတင်းဖြစ်ပြီး Apple ဟာ OpenAI ရဲ့ AI သရဖူကို ရယူနိုင်ဖို့အတွက် တခြားသူတွေနဲ့အတူ generative AI ကြိုးဝိုင်းထဲကို ဝင်ရောက်လာပါပြီ။

ဒီသတင်းဟာ Bloomberg ကနေ ရရှိလာတာဖြစ်ပြီး သိပ်မကြာခင်လေးကအထိ ကမ္ဘာ့ကြီးထွားမှုအမြန်ဆုံး နာမည်အကြီးဆုံး AI chatbot ဖြစ်တဲ့ ChatGPT ကို သွယ်ဝိုက်ရည်ညွှန်းထားတဲ့ပုံစံနဲ့ Apple GPT ဆိုတဲ့ tool ကို Apple ကုမ္ပဏီက တိတ်တဆိတ်လုပ်ကိုင်နေခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေအရ Apple ဟာ မနှစ်ကမှ တည်ဆောက်ထားပြီး Google Cloud ပေါ်မှာ အလုပ်လုပ်တဲ့ Ajax လို့ခေါ်တဲ့ Framework တစ်ခုမှ တည်ဆောက်ထားတဲ့ ကုမ္ပဏီပိုင် foundational model ကနေ AI chatbot service ကို ဖန်တီးနေပါတယ်။

OpenAI ရဲ့ ChatGPT ထုတ်ပြီး လူသိများ နာမည်ရလာပြီးနောက် ပြိုင်ဘက်တွေကပါ generative AI လောကထဲ ဝင်လာခြင်းနဲ့အတူ Microsoft မှ Bing Chat, Bing Image Creator, Google မှ Bard နဲ့ တခြား AI ထည့်သွင်းမှုတွေ၊ Meta မှ AI အသစ်တွေနဲ့ တခြားအရာတွေပါ ပေါ်ပေါက်လာခဲ့ပြီး အခု နောက်ဆုံးအနေနဲ့ Apple ကပါ စတင်ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Apple ဝန်ထမ်းတွေသာ Apple GPT ကို အသုံးပြုခွင့်ရှိသေးပြီး ဘယ်အချိန်မှာ public ကို ဖြန့်ရမလဲဆိုတာကိုတော့ အလုပ်အမှုဆောင်အဖွဲ့က မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

Apple GPT ဟာ လုံခြုံရေးပိုင်း စိုးရိမ်စရာတွေကြောင့် နှောင့်နှေးနေရပြီး ရပ်လိုက် ဆက်လုပ်လိုက်ဆိုတဲ့ အနေအထားဖြစ်နေသေးပေမယ့် Apple မှ ဝန်ထမ်းတစ်ချို့ကတော့ စတင်အသုံးပြုနေကြပြီလို့ ဆိုပါတယ်။

AI ဟာ မီဒီယာတွေတိုင်းမှာ ပြောဆိုနေကြပေမယ့် June လအတွင်းက ပြုလုပ်သွားတဲ့ Apple ရဲ့ ညီလာခံမှာ အစအနလေးတောင် ပြောမသွားတဲ့အတွက် လူတိုင်းက အံ့ဩနေကြပါသေးတယ်။ Apple ဟာ ယခုလပိုင်းအတွင်းမှာ AI ကို အဓိကထား လုပ်ဆောင်နေပေမယ့် ဒီသတင်းကို လူသိအောင်ထုတ်ပြောဖို့အထိ မပြင်ဆင်ရသေးဘူးလို့လည်း သိရပါတယ်။

Apple CEO ဖြစ်သူ Tim Cook ဟာ သူ ChatGPT အသုံးပြုတယ်လို့ ပြောပေမယ့် generative AI တွေကို Apple ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုလာမလားဆိုတဲ့အကြောင်းကို မပြောဘဲ တိတ်ဆိတ်နေခဲ့တာပါ။

Tim က Generative AI ကို လုံခြုံမှုပိုင်းနဲ့ပက်သက်ပြီး စိုးရိမ်ကြောင်း၊ ဒီနည်းပညာဟာ အလားအလာအများကြီးရှိတာ မှန်ပေမယ့် လက်ခံအသုံးမပြုသေးခင် ဖြေရှင်းရမယ့် အကြောင်းအရာတွေလည်း အများကြီးရှိသေးကြောင်း ပြောခဲ့ပါသေးတယ်။

Apple ဟာ machine learning ဘက်ကနေပြီး AI ကို သူ့ရဲ့ စက်ပစ္စည်းတွေမှာ အသုံးပြုနေပါတယ်။ virtual assistant တစ်ခုဖြစ်တဲ့ Siri ဆိုရင် machine learning နဲ့ natural language processing ကို အခြေခံတည်ဆောက်ထားပြီး ယခုဆိုရင် Ajax framework ကနေ အများကြီး တိုး‌တက်လာအောင် ပြုလုပ်ထားပါသေးတယ်။

Generative AI ကတော့ Apple အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ပထမဆုံး Apple AI chatbot ကို မထုတ်လုပ်ခင် ဘယ်လိုဗျူဟာ အသုံးပြုရမလဲဆိုတာကို နားလည်သဘောပေါက်အောင် ကြိုးစားဆဲအခြေအနေလို့ ဆိုရမှာပါ။

Reference: Apple sneaks into the AI chatbot race with ‘Apple GPT’ by ZDNet

Related