AI ကနေ အစအဆုံးထုတ်လုပ်ထားတဲ့ ပထမဆုံးဆေးဝါး

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

AI ကနေ အစအဆုံးထုတ်လုပ်ထားတဲ့ ပထမဆုံးဆေးဝါးကို လူနာအစစ်တွေနဲ့ စမ်းသပ်အသုံးပြုမှုကို ယခုအပတ်မှာ စတင်ခဲ့ပါတယ်။

Hong Kong အခြေစိုက် biotech startup ကုမ္ပဏီတစ်ခုဖြစ်ပြီး dollar 400 million funding ရရှိထားတဲ့ Insilico Medicine ဟာ INS018_055 ခေါ် ဆေးဝါးတစ်မျိုးကို တီထွင်ခဲ့တယ်။ အဆုတ်ကို အမာရွတ်ဖြစ်စေပြီး နာတာရှည်ရောဂါတစ်မျိုးဖြစ်တဲ့ idiopathic pulmonary fibrosis ခေါ် ရောဂါကို ကုသဖို့အတွက် ထိုဆေးကို ထုတ်လုပ်ခဲ့တာပါ။

National Institutes of Health ရဲ့ ပြောကြားချက်အရ ဒီရောဂါဟာ ယခုဆယ်စုနှစ်တွေအတွင်း ပြန့်နှံ့မှုမြန်ဆန်လာပြီး US မှာတင် လူ တစ်သိန်းနီးပါး ထိုရောဂါ ခံစားနေရကာ မကုသဘဲနေရင် 2 နှစ်ကနေ 5 နှစ်အတွင်း အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

Insilico Medicine ရဲ့ founder နဲ့ CEO ဖြစ်သူ Alex Zhavoronkov က ဒါဟာ AI သီးသန့်နဲ့ ထုတ်လုပ်ထားတဲ့ ဆေးဝါးကို လူမှာစမ်းသပ်အသုံးပြုမှု ပထမဆုံးဖြစ်ပြီး phase 2 အနေနဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ပြောထားပါတယ်။ တခြား AI နဲ့ ပြုလုပ်ထားတဲ့ ဆေးတွေရှိပေမယ့် ယခုဟာက AI နဲ့ ဆေးဝါးရှာထားပြီး ‌AI နဲ့ပဲ ထုတ်လုပ်ထားတဲ့ ပထမဆုံးဆေးဝါးဖြစ်တယ်လို့ ဆက်လက်ပြောထားပါသေးတယ်။

Insilico Medicine ကုမ္ပဏီမှာ ယခုဆေးအပြင် တခြား AI နဲ့ စမ်းသပ်ထုတ်လုပ်ထားတဲ့ ဆေး 2 မျိုးရှိပါသေးတယ်။ တစ်ခုကတော့ Covid-19 ဆေးဖြစ်ပြီး လူနာတွေမှာ ပထမဆုံးစမ်းစပ်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒုတိယတစ်ခုကတော့ ကင်ဆာဆေးဖြစ်ပြီး solid tumor ကင်ဆာအသားပိုတွေကို ကုသဖို့ ဆေးတစ်မျိုးဖြစ်ကာ လူနာတွေမှာ စမ်းသပ်အသုံးပြုခွင့်ကို သိပ်မကြာသေးခင်ကပင် FDA ခွင့်ပြုချက်ရထားပြီးဖြစ်ပါတယ်။

ကုမ္ပဏီတည်ထောင်ကာစက မော်လီကျူးအသစ်တွေ ရှာဖွေတည်ဆောက်နိုင်မယ့် နည်းပညာတီထွင်နိုင်ဖို့ algorithms တွေကို အဓိကထားခဲ့ပေမယ့် ယခုအချိန်မှာ လူနာတွေကို AI နဲ့ ထုတ်ထားတဲ့ဆေးတွေ စမ်းသပ်အသုံးပြုခွင့်ရတာကြောင့် CEO က အံ့ဩဝမ်းသာနေပါတယ်။

ကုမ္ပဏီက ဒီ IPF ဆေးကို တရုတ်မှာ 12 ပတ်ကြာ စမ်းသပ်နေပြီး သိပ်မကြာခင် US နဲ့ China မှာရှိတဲ့ လူနာ 60 လောက်ထိ စမ်းသပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ယခု phase 2 အောင်မြင်သွားပြီဆိုရင် နောက်ထပ် လူနာရာပေါင်းများစွာနဲ့ စမ်းသပ်မယ့် phase 3 ကိုလည်း စတင်မှာပါ။

CEO ဖြစ်သူကတော့ ယခု phase 2 ရဲ့အဖြေတွေကို နောက်နှစ်ထဲမှာ သိရဖို့မျှော်လင့်နေပြီး ဒီရောဂါက ရှားလည်းရှားပါးသလို သတ်မှတ်ထားတဲ့အချက်အလက်တွေကိုက်ညီမှ စမ်းသပ်လို့ရမှာဖြစ်တာကြောင့် နောက်ထပ် phase တစ်ခု ဘယ်အချိန်စမယ်ဆိုတာကိုတော့ ခန့်မှန်းလို့ မရသေးဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ နောက်နှစ်အနဲငယ်အတွင်းမှာ ယခုဆေးကို ဈေးကွက်ထဲ သွင်းနိုင်မယ်လို့ ယုံကြည်ပြီး လူနာတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောသွားပါသေးတယ်။

Reference: The first fully A.I.-generated drug enters clinical trials in human patients by CNBC

Related